ပေါင်းသင်းဆက်ဆံရေး
ပေါင်းသင်းဆက်ဆံရေးသည် လူတိုင်းအတွက် အရေးကြီးသည်။ ပေါင်းသင်းဆက်ဆံရေးကြောင့် အောင်မြင်သွားနိုင်သလို ပေါင်းသင်းဆက်ဆံရေးကြောင့် ကျရှုံးသွားနိုင်ပါသည်။
ကျွန်တော်သည် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သော လူတစ်ယောက်ဟု မသတ်မှတ်နိုင်သေးပါ။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေအများအပြား မရှိသော ကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာအများစုက အပြောအဆို ကောင်းပြီး မိတ်ဆွေ အပေါင်းအသင်းများတဲ့သူမျိုးကိုသာ ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဟု သတ်မှတ်ကြပါသည်။ ကျွန်တော်ကတော့ အဲ့တာဟာ အမှန်လို့ မယူဆပါ။ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတာ မိတ်ဆွေများတာနှင့် အပြောအဆိုကောင်းတာမျိုးလောက်ပဲ မဟုတ်ဘူးဆိုတာတော့ အကြမ်းဖျင်း ကျွန်တော် နားလည်ပြီး ခံယူထားသည်။ ဒါပေမဲ့ ကျွန်တော့်ကို အနေအေးပြီး ပေါင်းသင်းဆက်ဆံရေး ညံ့တယ်လို့ အမေနဲ့ မိတ်ဆွေအချို့က မှတ်ချက်ပေးခဲ့ဖူးသည်။
တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ မိတ်ဆွေစစ်တွေကို ပေါင်းသင်းနိုင်ဖို့ အရေးကြီးပါသည်။ ကျွန်တော် နားလည်ထားသည်က စာအုပ်စာပေနှင့် ပညာရှိများသည် မိတ်ဆွေစစ်များ ဖြစ်ကြသည်။ သူတို့ကို အမြဲပေါင်းသင်းရမည်။ မိတ်ဆွေတုတွေကို ဘယ်လိုခွဲခြားသိရှိနိုင်မလဲဆိုတာကိုတော့ ကျွန်တော် အတိအကျ မသိပါဘူး။ မနေ့က စာကြည့်တိုက်သွားခဲ့ပြီး "ပေါင်းသင်းဆက်ဆံ၊ နည်းလမ်းမှန်" ဆိုတဲ့ စာအုပ်တွေ့ခဲ့ပြီး ပေါင်းသင်းဆက်ဆံရေး အားနည်းသော ကျွန်တော့်အတွက် လေ့လာ မှတ်သားစရာများ ရနိုင်မည်ဟု ယုံကြည်ကာ ငှားယူခဲ့ပါသည်။ ဒီနေ့ထိုစာအုပ်ကို ဖတ်ရှုခဲ့ပြီး ကျွန်တော့်အတွက် မှတ်သားရသည်များကို ပြန်လည် မျှဝေပေးလိုပါသည်။
လူနှစ်မျိုး
၁။ အထက်လူ (ချမ်းသာကြွယ်ဝသောလူ)
၂။ အောက်လူ (ဆင်းရဲချို့တဲ့သောလူ)
ထိုလူ ၂မျိုးထဲမှာ ဘယ်လူအမျိုးအစားထဲမှာကျွန်တော်တို့ ပါဝင်သည် ဖြစ်ပါစေ၊ ကျွန်တော်တို့ဟာ ထိုလူ ၂မျိုးလုံးနှင့် ပေါင်းသင်းဆက်ဆံရမှာ ဖြစ်သည်။ စာအုပ်ထဲမှာ ဒီလူနှစ်မျိုးလုံးနဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့ အချက် ၉ ချက် မျှဝေထားပါသည်။
၁။ မေတ္တာနဲ့ ဆောင်ရွက်ပေးရမဲ့အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပေးပါ။
၂။ ဘာမှဖြစ်မလာနိုင်တဲ့ စကားမျိုးပြောတာကို ရှောင်ပါ။
၃။ သူတစ်ပါး၏ အမှားကိုသည်းခံပေးပြီး၊ ထိုအမှားကို ပြုပြင်ပေးပါ။
၄။ အသေးအဖွဲကိစ္စတွေကို ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး အရေးတကြီး မပြုလုပ်ပါနဲ့။
၅။ ပွင့်ပွင့်လင်းလင်းပြောတက်တဲ့လူကို အလွယ်တကူ စိတ်မဆိုးပါနဲ့။
၆။ အပြစ်ရှိသူကို ခွင့်လွတ်နိုင်တဲ့အတိုင်းအတာထိ ညှာသာ ထောက်ထားပါ။
၇။ ကျနသေချာစွာ တွေးတောဆင်ခြင်၊ မျှော်မြင်တက်ပါစေ။
၈။ သူတစ်ပါးစကားကို အလွယ်တကူ မယုံပါနဲ့။
၉။ တာဝန်ကျလာရင် မညည်းငြူးနဲ့ ပေးကမ်းရက်ရောပါ။
ဒီအချက် ၉ ချက်မှာ ကျွန်တော်လိုအပ်နေတာက ၃၊ ၅၊ ၇ ပါ။ အရင်က သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။ ကျွန်တော်တို့အရမ်းကို ခင်မင်ခဲ့ကြသည်။ ဒါပေမဲ့ ထိုသူငယ်ချင်းက ကျွန်တော်မကြိုက်သည့် အရာများကို ၄ ကြိမ်ခန့်ပြုလုပ်ခဲ့ပါသည်။ ဒါကို ကျွန်တော်ခွင်မလွတ်ပေးနိုင်ခဲ့ပဲ သူနဲ့ဆက်ပြီး မပေါင်းသင်းဖြစ်တော့ဘူး။ ပြီးတော့ ကျွန်တော်ဟာ သေချာစွာ တွေးတောနိုင်စွမ်း အားနည်းပါသည်။ ဒါကိုလည်း ကျွန်တော် ပြုပြင်ရမည်။ အရာရာကို စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်ဖို့ ကြိုးစားရပါဉီးမည်။
မိတ်ဆွေတု ၄ မျိုး
၁။ လက်ဗလာနဲ့လာပြီး တစ်စုံတစ်ခုကို ယူသွားတက်သူ။
၂။ စကားဖြင့်သာ လက်ဆောင်ပစ္စည်း ပေးတက်သူ
၃။ လူအများ သဘောကျနှစ်ခြိုက်သော စကားများသာ ဟန်ဆောင်ပြောတက်သူ။
၄။ မိမိ၏ စည်းစိမ်ဉစ္စာ ပျက်စီးခြင်းကိုသာ အဖော်ရသောသူ
ကျွန်တော်တို့သည် ဒီလိုမိတ်ဆွေများကို အတက်နိုင်ဆုံး ရှောင်ကျင်ရမည်။ မလွဲသာလို့ ပေါင်းသင်ရမည်ဆိုပါက သတိနဲ့ ပေါင်းသင်းရမည်ဖြစ်သည်။ ကျွန်တော့်ပတ်ဝန်းကျင်တွင် ထိုလူအများစုကို မကြာခန တွေ့ဖူးသည်။ အယူသာရှိပြီး အပေးမရှိသော လက်များသည် ဘယ်လိုမှ မိတ်ဆွေစစ်မဖြစ်နိုင်ပါ။ ဟန်ဆောင်သူသည် သူ့မှာ အလိမ်အညာများသာရှိမည်။ ကိုယ့်ကို ပျက်စီးစေဖို့သာ ဖျားယောင်သွေးဆောင်သူတွေ ကျွန်တော့်ဘဝမှာ အများကြီးတွေ့ဖူးတယ်။ အရက်သောက်ရအောင်၊ ဟိုနားက ဘီယာဆိုင်ကကောင်းတယ်၊ စသဖြင့် မပျော်အပါးနှင့် အသောက်အစား လုပ်ကြဖို့ ပြောကြတာတွေကို ကြားဖူးခဲ့တယ်။ ဘုရားကျောင်းသွားမယ်၊ လှူဖို့သွားကြရအောင်လို့ ပြောသည့် သူငယ်ချင်းများကတော့ အင်မတန်မှ နည်းလှပါသည်။ ဒီစာအုပ်ကို ဖတ်မိတော့ ဒီလို လူမျိုးတွေကို ကျွန်တော်ရှောင်ကျင်ဖို့ ပို၍သတိထားမိစေပါသည်။
ထပ်တိုးလာသော ကျွန်တော့်အတွက်မိတ်ဆွေ
ဒီစာအုပ်ထဲက ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ထပ်ပေးလိုက်ပါသည်။ ကျွန်တော်သိသော မိတ်ဆွေစစ်တို့မှာ စာအုပ်စာပေနှင့် ပညာရှိတို့ ဖြစ်သည်။ နောက်ထပ် မိတ်ဆွေစစ်မှာ "ကံ" (မိမိ ပြုပ်လုပ်သမျှ) ဖြစ်သည်။ "ကံ" ဆိုသည်မှာ ပြုလုပ်ခြင်းဖြစ်သည်။ ကောင်းသော "ကံ"တွေရရှိဖို့ ကောင်းတာတွေသာ ပြုလုပ်ရမည်၊ သွားသင့်သော နေရာတွေကိုသွားရမည်၊ စားသင့်သော အရာတွေကိုသာ စားရမည်။ ဒါဆို ကျွန်တော့်တို့ရဲ့ ပြုလုပ်သမျှတိုင်းဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေပဲပေါ့။ ကျွန်တော်တို့ ကောင်းတာတွေ ပြုလုပ်မှ ကောင်းတဲ့ အကျိုးရလဒ်ဆိုတဲ့ မိတ်ဆွေတွေ ရရှိမှာပါ။ ဒါကြောင့် လုပ်သမျှ၊ သွားလာသမျှ၊ စားသမျှ တိုင်းကို သေချာစဉ်းစားတွေးတောပြီးမှ လုပ်သင့်ပါကြောင်း ဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော်နားလည် သဘောပေါက်မိပါသည်။
မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ?
"ကံ" မိတ်ဆွေကို အနားမှာ ခေါ်ထားပြီး ဘာပြောချင်လဲ?
ကိုကိုမိုးဟိန်း
KoKo MoeHein
@myanmarkoko
ကိုယ်လည်း ပေါင်းသင်းဆက်ဆံရေး အတော်ညံ့နေတာပဲ။
ညံ့နေဆို ပေါင်းသင်းဆက်ဆံရေးကို လုပ်ကိုမလုပ်ဖြစ်နေတာ။
!LOLZ
!HUG
Creator တွေနဲ့ content writer တွေအများစုက အပေါင်းသင်းနည်းကြမယ်ထင်တယ်။ ရှိတဲ့အပေါင်းသင်းကလည်း မိတ်ဆွေစစ်တွေပါပဲ။ အပေါ်ယံတွေက Creator တွေနဲ့ content writer တွေအတွက် ဘယ်လိုမှ မကိုက်ဘူး။
ပေါင်းသင်းဆက်ဆံရေး ကိုယ်တွေလည်း
အတော် ချာတာကလား။
!LOLZ
!MEME
ဘဝတူတွေပဲ ဉီးထွေးရေ...
!PIZZA
!LOL
.
ယူက ကို့ထက်သာပါသေးတယ်။ 😁
!PIZZA
!LOL
$PIZZA slices delivered:
@myanmarkoko(1/5) tipped @suponechit
Come get MOONed!