I'm Smuggler

Hello friends.

The title of the content shared today is called "Smuggler Me".

I graduated with a degree in public health and have been making a living providing health care to people in rural areas.
In the area where I previously opened a health clinic, my family's life was no longer safe, so we returned to our hometown.
Our family returned to our hometown by motorcycle, so we didn't bring clothes and medicine.
The clothes and medicine must be transported by truck.
However, cargo trucks do not carry medicines that are important for health.
Along the way to transport the goods, there are 3 checkpoints of the military dictator who has usurped the power.
Terrorist armies are not allowed to transport Medicines we want to use for public health into areas beyond their control.
The ruling terrorist army is not so mean and cunning.

So I had a friend hide the medicine in my clothes and told the driver to take it as a clothes wrap.
Therefore, I was said to be a smuggler because I had to smuggle medicines needed for local public health.

It's been a month since I returned to my hometown.
My clothes and medicine have just arrived, so I have to share this now.
To live in Myanmar is to survive in the midst of various troubles.
Only when the tyrannical military dictatorship is destroyed will the people of Burma live peacefully.
The victory of the Spring Revolution has also come close.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ဒီနေ့မျှဝေသော အကြောင်းအရာ၏ ခေါင်းစဉ်ကို "မှောင်ခိုသမားလေးကျွန်တော်" ဟု အမည်ပေးလိုက်ပါသည်။

ကျွန်တော်သည် လူထုကျန်းမာရေးပညာဖြင့် ဘွဲ့ရခဲ့ပြီး ကျေးလက်ဒေသ၌ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နေခဲ့သည်။
ယခင်က ကျွန်တော် ကျန်းမာရေးဆေးခန်း ဖွင့်ထားသော ဒေသ၌ မိသားစု အသက်အန္တရာယ် မလုံခြုံတော့သောကြောင့် ကျွန်တော်တို့သည် မွေးရပ်ရွာသို့ ပြန်လာခဲ့ကြသည်။
ကျွန်တော်တို့မိသားစုသည် မွေးရပ်ရွာ သို့ ဆိုင်ကယ် ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သောကြောင့် အဝတ်အထည်များ နှင့် ဆေးဝါးများ ပါမလာခဲ့ပါ။
ထို အဝတ်အထည်များ နှင့် ဆေးဝါးများကို ကုန်ပစ္စည်းတင်ဆောင်သည့် ကား ဖြင့် သယ်ယူရမည် ဖြစ်သည်။
သို့ပေမယ့် ကုန်ပစ္စည်း တင်‌ဆောင်သည့် ကားများသည် ကျန်းမာရေးအတွက် အရေးပါသည့် ဆေးဝါးများ ကို မသယ်ယူရဲကြပါ။
ပစ္စည်းသယ်ယူရမည့် လမ်းတလျှောက်၌ နိုင်ငံတော်အာဏာကို လုယူထားသော စစ်အာဏာရှင်၏ လက်ပါးစေ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး စခန်း ၃ ခု ရှိသည်။
အကြမ်းဖက်စစ်တပ်သည် လူထုကျန်းမာရေးအတွက် အသုံးလိုသော ဆေးဝါးများကို သူတို့အာဏာ မသက်ရောက်နိုင်သော ဒေသသို့ သယ်ယူခွင့် မပြုကြပါ။
အာဏာလု အကြမ်းဖက်စစ်တပ် ထိုမျှမက ယုတ်မာကောက်ကျစ်ပါသည်။

သို့ဖြစ်၍ ကျွန်တော်သည် မိတ်ဆွေတဦးအား ကျွန်တော်၏ အဝတ်အထည်များကြား ဆေးဝါးများကို ဖုံးကွယ်ဝှက်စေပြီး ကားသမားကို အဝတ်အထည်ထုပ်ဟု ပြောကာ သယ်ယူစေပါသည်။
ထို့ကြောင့် ဒေသလူထုကျန်းမာရေး အတွက် လိုအပ်သော ဆေးဝါးများကို ကျွန်တော်သည် မှောင်ခိုသယ်ယူခဲ့ရခြင်း ဖြစ်သောကြောင့် မှောင်ခိုသမားလေးကျွန်တော် ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

ကျွန်တော် မွေးရပ်ရွာသို့ ပြန်ရောက်ခဲ့သည်မှာ တစ်လ ပြည့်ပါတော့မည်။
ယခုမှ ကျွန်တော်၏ အဝတ်အထည်များနှင့်ဆေးဝါးများ ရောက်ရှိလာခြင်း ဖြစ်သောကြောင့် ဒီအကြောင်းကို ယခုမှ မျှဝေပေးလိုက်ရပါသည်။
မြန်မာနိုင်ငံ၌ လူဖြစ်ပြီး နေထိုင်ရသည်မှာ ဒုက္ခမျိုးစုံကြားမှာ ရှင်သန်နေရခြင်း ဖြစ်ပေတော့သည်။
အာဏာရူးစစ်အာဏာရှင်စနစ် ပျက်သုဉ်းမှသာ မြန်မာပြည်သူတွေ၏ ဘဝ ငြိမ်းချမ်းသာယာရှိပေတော့မည်။
နွေဦးတော်လှန်ရေးအောင်ပွဲသည်လည်း နီးကပ်လို့လာခဲ့ပါပြီ။

I can't play Terracorehub game daily because there has no good Internet Connection.

So, I don't receive SCRAP from Stash Size.
Because I can't upgrade Engineering, Damage and Defense, Gaming Fight times were low gradually.

Therefore, I can't able to post Terracorehub Progress and Activities .

Tin Aung Soe



0
0
0.000
7 comments
avatar

ဆေးဝါး ဈေးကလည်း ကြီးပါပေ့။
!LOLZ
!MEME

0
0
0.000