Beautiful and terrifying of Nature
Hello.
The weather is hot and dry.
If it rains, the temperature will drop.
The Meteorological and Hydrological Service predicts that it will rain this week.
We hope that it will rain to reduce the summer heat.
However, we hope that it will not rain in the areas that have been severely affected by the earthquake.
It has been more than a week since the devastating earthquake.
There have been about 70 aftershocks.
Only a few rescue operations have been completed.
It is not believed that there are any survivors.
The earthquake has killed more than 4,000 people in a week and injured more than 6,000.
If it rains in the area now, the suffering will be even worse.
The village where I live does not serious experience earthquakes.
However, everyone has feelings of fear of earthquakes.
We feel sorry for those whose lives have been destroyed too early.
Nature is what it is.
Nature can be beautiful, but it can also cause terrible disasters.
We, as humans, who consider ourselves to be highly intelligent, should try to live in harmony with nature.
မင်္ဂလာပါ။
ရာသီက ပူပြင်းခြောက်သွေ့လှသည်။
မိုးရွာလျှင်တော့ အပူလျော့လာနိုင်သည်။
ဒီတပတ်အတွင်း မိုးရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒသတင်း မှ ခန့်မှန်းထားသည်။
နွေအပူ လျော့ကျစေရန် မိုးရွာစေချင်သည်။
သို့သော် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံထားရသော ဒေသများ၌ မိုးမရွာစေလိုပါ။
ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ရက်သတ္တပတ် ကျော်ခဲ့ပြီ။
နောက်ဆက်တွဲ ငလျင်ငယ်များ နေ့စဉ် လှုပ်နေသည်မှာ အကြိမ်ရေ ၇၀ ခန့် ရှိခဲ့ပါပြီ။
ကယ်ဆယ်ရေးလုပ်ငန်းများက အနည်းငယ်မျှသာ ပြီးဆုံးသေးသည်။
ယခုရက်ထိ အသက်ရှင်ကျန်သူ ရှိတော့မည် မထင်ပါ။
တစ်ပတ်အတွင်း ငလျင်ကြောင့် သေဆုံးသူ ၄၀၀၀ ကျော်လာခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၆၀၀၀ ကျော် တွေ့ရှိခဲ့ပါပြီ။
ထိုဒေသ၌ ယခုအချိန် မိုးရွာချပါလျှင် ဒုက္ခတွေ ပိုဆိုးလာပေလိမ့်မည်။
ကျွန်တော် နေထိုင်ရာ ကျေးရွာ၌ ငလျင်ဒဏ်ကို များစွာ မခံစားရပါ။
သို့သော် ငလျင် ကို ကြောက်သည့် စိတ်ခံစားချက်များကတော့ လူတိုင်းကိုယ်စီ ဖြစ်ပေါ်နေကြသည်။
နေဝင်ချိန်စောလွန်းသည့် ဘဝတွေကို စာနာကာ ဝမ်းနည်းကြရသည်။
သဘာဝသည်ကား သူ့သဘောသဘာဝအတိုင်း ဖြစ်နေသည်။
သဘာဝတရားသည် လှပနိုင်သကဲ့သို့ ဆိုးဝါးသည့်ဘေးဥပါဒ်ကို ဖြစ်ပေါ်စေတတ်သည်။
ကျွန်တော်တို့ ဉာဏ်ပညာမြင့်မားသည်ဟု ခံယူထားသော လူသားတွေသည်သဘာဝနှင့် လိုက်လျောညီထွေနေနိုင်အောင် ကြိုးစားကြရပေလိမ့်မည်။
!hiqvote
!DHEDGE
!LUV
!LOLZ
@golden.future, @walarhein(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
lolztoken.com
Bartender: Are you positive?
Credit: theabsolute
@golden.future, I sent you an $LOLZ on behalf of walarhein
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Thank you 😊