Entry For Reflection Hunters Contest
May you be blessed!
In rural areas of Myanmar, wells and ponds were traditionally used for drinking water.
Wells are often found outside the village.
Ponds are also usually found outside the village and are also found in monasteries.
In the past, rural residents would collect water from wells and ponds outside the village and carry it home for use.

Now that underground wells have been dug in the village, the water from the pond outside the village is no longer used for drinking.
However, the ponds are still useful for agriculture and livestock.

For me, the reflections on the surface of the lake, seen among the farmlands outside the village, are also very useful.
It is satisfying to be able to present rural nature photographs here, as well as to experience the rural landscapes.
မင်္ဂလာရှိကြပါစေ။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ၌ ရှေးယခင်က သောက်သုံးရေ အတွက် ရေတွင်း ရေကန်များကို အသုံးပြုခဲ့ကြပါသည်။
ရေတွင်းများကို ကျေးရွာ၏ အပြင်ဘက်၌ အတွေ့ရများပါသည်။
ရေကန်များကိုလည်း များသောအားဖြင့် ကျေးရွာအပြင်ဘက်၌သာ တွေ့ရှိရပြီး ဘုန်းကြီးကျောင်းများ၌လည်း တွေ့ရှိရပါသည်။
ရှေးယခင်က ကျေးလက်ဒေသနေထိုင်သူတို့သည် ထို ကျေးရွာအပြင်ဘက်ရှိ ရေတွင်း ရေကန်များမှ ရေကို ခပ်ယူကာ အိမ်သို့ သယ်ဆောင်ပြီး အသုံးပြုကြရပါသည်။
ယခုအခါမှာတော့ ကျေးရွာအတွင်း၌ မြေအောက်ရေတွင်းများ တူးဖော်ထားပြီးဖြစ်သောကြောင့် ကျေးရွာအပြင်ဘက် ရေကန်မှ ရေများကို သောက်သုံးရန် အသုံးမပြုကြတော့ပါ။
သို့သော် စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်တို့အတွက် ရေကန်များသည် အသုံးဝင်နေဆဲပါ။
ကျွန်တော့်အတွက်လည်း ကျေးရွာအပြင်ဘက် ယာတောများကြား၌ တွေ့မြင်ရသည့် ရေကန်၏ ရေမျက်နှာပြင်မှာ ပေါ်လွင်နေသော အလင်းပြန်ပုံရိပ်များသည် အသုံးဝင်လှပါသည်။
ကျေးလက်ရှုခင်းတွေကို ကြည့်ရှုခံစားရသကဲ့သို့ ဒီမှာ ကျေးလက်သဘာဝဓာတ်ပုံတွေ ဖော်ပြရတာ ကျေနပ်စရာပါ။
!LOLZ
!MEME
Thank you 🙏
Very beautiful natural photo, I liked it a lot. Best of luck in this round!
!ALIVE
!HBIT
!INDEED
!BEER
!BBH
!LOLZ