စာဖတ်သူသို့ ညွှန်းဆိုရာ (၂)

မင်္ဂလာပါ။ ဒီနေ့အတွက် စာချစ်သူသို့ ညွှန်းဆိုရာ အစီအစဥ်လေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အတွက် ညွှန်းဆိုချင်တဲ့ စာအုပ်လေးကတော့ လူငယ်စာရေးဆရာ သိုးဆောင်းရဲ့ "ရွှေအတိပြီးသော" ရသစာအုပ်လေးဖြစ်ပါတယ်။ ဆရာ သိုးဆောင်းရဲ့ အရေးအသားကတော့ ရိုးရှင်းစွာနဲ့ပဲ စာဖတ်သူကို ဆွဲဆောင်ထားပါတယ်။

ဇာတ်လမ်းလေးကတော့ ဆရာ့ရဲ့ ထုံးစံအတိုင်းရိုးရှင်းပါတယ်။ ကျိုက်ထီးရိုး ဘုရားဖူးသွားတဲ့ လူငယ်တွေအကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ သီချင်းရေးဆရာလေးနဲ့ သူ့သူငယ်ချင်းတွေ ကျိုက်ထီးရိုး တောင်ပေါ်ကို ခြေလျင်တက်ကြရာမှာ တွေ့ကြုံရတဲ့ လမ်းခရီး အတွေ့အကြုံတွေ ထမင်းဆိုင် တည်းခိုခန်းအပါအဝင် ကားစီးတာပါမကျန် ခရီးသွားမှတ်တမ်းဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ်။ တောင်ပေါ်မှာ လိပ်ဥလေးတွေ တွေ့ရာကနေ လူငယ် သဘာဝ ပိုးပန်းကျတဲ့ အကြောင်းကို မြူးမြူးလေးရေးသားထားပါတယ်။

ဆရာရဲ့ ဒီဝတ္တုလေးကို ကျွန်မ ဖတ်ရတဲ့ အချိန် ကျိုက်ထီးရိုးစေတီတော်ကြီးကို တဖန်ပြန်ဖူးလိုက်ရသလို ခံစားမိပါတယ်။ လူငယ်ပီပီ သွက်လပ်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ စာချစ်သူတွေအတွက် ဖတ်ရှု့သင့်တဲ့ ရသစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။



0
0
0.000
7 comments
avatar

သိုးဆောင်း စာတွေ မဖတ်ဖြစ်တာတောင် ကြာပေါ့။

0
0
0.000
avatar

အခုတလော သူ့စာတွေ ဖတ်ဖြစ်နေတယ်

0
0
0.000
avatar

ကျွန်တော်အတွက်တော့ ကြိုးစားဖတ်ရမဲ့ စာအုပ်ပဲ။
!LOLZ
!MEME

0
0
0.000
avatar

အဲ့လိုတော့ ဟုတ်လောက်ဘူးလားလို့ ဘထွေး

0
0
0.000
avatar

Congratulations @suhlaing! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 25000 upvotes.
Your next target is to reach 26000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000