Trade Lucky and Joker.
တနေ့ကလား၊ မနေ့ကလား၊ ဟိုတနေ့ကလား
ဘယ်နေ့ဟု အတိအကျ မသိသောအခါ
တနေ့ကပေါ့ဗျာ ဟု အစပျိုးရပေမည်။
အဲ့ တနေ့က ကျွန်တော်သည် HBD များကို
Hive သို့ ပြောင်း၍ Trade လုပ်သည်။
ယခင်က ပြောခဲ့သည့်အတိုင်း ကျွန်တော်
ထရိတ်ဒါးကြီးခမျ Trade တော်ချက်၊ ကံကောင်းချက်
ရေးပြရပေအုံးမည်။
ကျွန်တော်သည် Hive ဈေး သုံးဆယ်နှစ်ပြားမှာ
HBD များကို Hive သို့ ပြောင်းလိုက်သည်။
ယခင်က Hive ဈေး သည် သုံးဆယ့်လေးပြား
ရှိသည်။ ကိုယ့်ဟာနဲ့ကိုယ် ဈေးကျပြီးအထင်နဲ့
HBD သို့ပြောင်းလိုက်သည်။ ကိုယ်ပြောင်းပြီသော
အခါမှာ Hive ဈေး သည် နှစ်ဆယ့်ခုနှစ်ပြားသို့
ဒလဟောကျသွားပေသည်။ အင်း ကိုယ်ဟာကိုယ်
ငါ အတော်ကို Trade နဲ့ အကျိုးပေသကိုးဟု။
ဒီတခါ Hive ဈေးတက်ပါရင် ဝယ်ဖြစ်အောင်
ထပ်မံဝယ်ရပေမည်။ ဈေးကျလွန်သော Hive
ဒီတခါဖြင့် ကျွန်တော်ဝယ်သောကြောင့် ထပ်မံ
ဈေးတက်စေရန်ဖြစ်သည်။ အကျဘက်မှာ
ဝယ်ထားတော့ ဈေးက ထပ်ကျသည်။ အတက်ဈေး
မှာ ဝယ်တော့ ဈေးက ထပ်တက်ပါရင် တော်သေး။
ကိုယ်တွေရဲ့ Trade Lucky က ပြောမရပေ။
ထိုသို့သော Trade Lucky နဲ့ မကျေနပ်သေးသော
ကျွန်တော်သည် Binance သို့ ခြေဦးလှည့်ပြန်
သည်။ Binance ရှိ USDT အနည်းငယ်ကိုလည်း
Hive ဝယ်လိုက်ပြန်သည်။ ကိုယ်ဝယ်သည်က
ပြားသုံးဆယ်ဈေးမှာ ဝယ်သည်။ ကိုယ်တွေ
ဝယ်ပြီးသကာလ Hive ဈေးက နှစ်ဆယ့်ခုနှစ်
ပြားသို့ ရောက်သွားချေသည်။ Hive မှာတခါ
Binance မှာ တခါ နှစ်ခါ၊ နှစ်ကြိမ်လုံးမှာ
အောင်မြင်စွာနဲ့ Trade Lucky ကြီးပါလေ။
ကုသိုလ်ကံအကျိုးပေးက ထရိတ်ဒါးကြီး
ကျွန်တော့် အဲ့သလိုပါဆို။ ဘာတဲ့ စာဆိုရှိသပ။
နှစ်ထပ်ရှိမှ အမှတ်ရှိသတဲ့။ အမှတ်မရှိတဲ့ အသည်း
ဘာဆိုလား။ အော်ဂလိုဗျို့ အမှတ်မရှိတဲ့ အသည်း
ကွဲတာပဲကောင်းတယ်။ ကွဲ သည်ဆိုပေမင့်
နောက်တခါ ဈေးပြန်တက်အောင် စောင့်ပြီး
ရောင်းလို့တော့ရပါသေးတယ်။
ငယ်စဉ်က ဖဲကစားတာ ရေးပြရပါအုံးမည်
ဟိုးယခင်ပိုစ့်များမှာ ရေးခဲ့ပြီးဖြစ်ပါသည်။
ကျွန်တော် ဖဲကိုစတင်ပြီးဆော့သည်အချိန်က
ဖြစ်သည်။ ဖဲကစားခြင်းကို သင်ယူရင်း
ဆော့ကစားရင်းဖြင့် ဖဲဆော့သည်။ ပေါ့ကာဒေါင်း
သည်ကို စ ကစားစဉ်ကဖြစ်သည်။ လက်ထဲမှာ
ဖဲချပ်များက ထွေတွေစုံနေပြီးဖြစ်သည်။
ဂျိုကာကလည်းနှစ်ကောင်ဖြင့် ဒေါင်းနေပြီသကာလ
ဘာဖဲကိုပစ်ပြီး ဒေါင်းရမလဲမသိပေ။ ဂျိုကာ
နှစ်ကောင်အနက် တကောင်ကို ပစ်ပြီး
ပိုကာဒေါင်းခဲ့ဖူးပါသည်။ Joker ပစ်ပြီး ဒေါင်း
သည့်လူဟု စနောက်ခြင်းကို ခံခဲ့ရပါသည်။
@htwegyi
February 26, 2025
!hiqvote
Thank You.
@ansoe, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.
In addition, @htwegyi gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
lolztoken.com
Sagt der eine Elefant zum anderen: Wie kann er damit nur essen?
Credit: captainloken
@htwegyi, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.
.(3/8)
တစ်ချက် တစ်ချက် ပြုတ်ကျတာ အတော်နာတယ်ဗျာ
!LOLZ
!HUG
ဟုတ်သဗျို့။
lolztoken.com
He needed to get his grades up
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
အချိန်ပြည့် Binanceကနေ မျက်နှာ မခွာနဲ့ ဘထွေး😂
အေးပါအေ 😄