သောက်ရစ် ပွကြီး။
ကျွန်တော့်အကို တာယာပွကြီးက ယမကာ
လုလင်ဖြစ်သည်။ ယမကာ ကိုသာ မှီဝဲရပါမူ
ထမင်းမစားပဲ နေနိုင်သည်ဟု သူ့နှုတ်မှ ဖွင့်ဟ
ပြောဆိုသည်။ သူသည် ယခင်က တာယာအဟောင်းများကို လှီးဖြတ်၍ တာယာဖိနပ်၊ ရေပုံး၊ ရေကန်၊
ရေငင်ကြိုးများ ပြုလုပ်သည်။ ယခုတော့ သူက
အသက်ကြီးပြီးဖြစ်၍ ပင်ပန်းသော တာယာလုပ်ငန်း
ကို မလုပ်နိုင်တော့ဟု ပြောသည်။
တာယာလုပ်ငန်းသည်က အင်နဲ့ အားနဲ့ ပြုလုပ်
ရသော အလုပ်ဖြစ်၍ ပင်ပန်းသည်။ သူ လူပျိုပေါက်
အရွယ်က အဖေနဲ့ အကိုတို့သည် ယမကာလုလင်
များဖြစ်နေသည်။ ထိုစဉ်က သူသည် အဖေနဲ့
အကိုတို့အား အရက်သောက်သဖြင့် အလွန်စိတ်ဆိုး
ခဲ့သူဖြစ်သည်။ သူက အရက်သမားမဟုတ် သူဌေး
ဖြစ်ချင်တာ ဟု ငယ်စဉ်က ပြောဆိုခဲ့သည်။
သူသည် ချမ်းသာသူဖြစ်ချင်သောကြောင့်
ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ယူပဲ
တာယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
သူဌေးဖြစ်ချင်သူ တာယာပွကြီးက လောင်းကစား
လည်း အင်မတန်မက်သူဖြစ်သည်။ သူဌေး
ဖြစ်ချင်သူကြီးသည် စိတ်သဘောထားကောင်းသူ
လည်း ဖြစ်ချင်သေးသည်။ ညနေ ယမကာထွေ
လာပါမူ အိမ်မှာရှိသော လူအပေါင်းကို ရန်ပြုလုပ်သည်။
ယခင်က အဖေနဲ့ အကိုတို့ အရက်သောက်
သည်ကို အပြစ်ဖို့ခဲ့သူသည်။ အဖေနဲ့ အကို တို့ထက်
သာလွန်သူကြီးဖြစ်နေပေသည်။
အဖေနဲ့ အကို က အရက်သာ သောက်သည်။
သူက အရက်၊ ဆေးလိပ်နှင့် ကွမ်းယာပါ အပို
ဆောင်ခဲ့သူဖြစ်သည်။ ဒီကြားထဲ နှစ်လုံး၊ သုံးလုံး
ကိုလည်း ထိုးလိုက်သေးသည်။ သူက လောင်းကစားနဲ့
အကျိုးပေးတတ်တယ်ဟုလည်း ပြောပြန်သည်။
တနေ့ကတော့ သူ့တာယာလုပ်ငန်းကို အနည်းငယ်
ပြန်လုပ်သည်။ အလုပ်လုပ်တာ ပင်ပန်းသည်ဟု ပြော၍
ယမကာမှီဝဲသည်။ သူလုပ်သော အလုပ်မှ
ရသောငွေသည်သူ သုံးစွဲသည်နှင့် ကုန်ပေသည်။
တနေ့က ရေငင်ကြိုးများရောင်းချသည်။ ငွေတစ်သိန်းကျော်ရသည်။

NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
ကိုယ်တွေက တီးသမား။