ဆွေမျိုး ဖောက်ဆော်။
တရုတ် တို့သည် စီးပွားရေးသမားများဖြစ်သည်။
တရုတ်တို့သည် ငွေရမည်ဆိုက မည်သည့်ကိစ္စမဆို
ပြုလုပ်ကြသည်ဟုထင်ပါသည်။ တရုတ်တို့သည်က
စီးပွားရေးအတွက်ဆိုပါမူ အနိုင်အထက်ပြုလုပ်
ဖို့ရာလည်း ဝန်မလေးပေ။ တရုတ်တို့သည်
စီးပွားရေးအတွက်ဆိုပါမူ အမှန်တရားကိုလည်း
မျက်ကွယ်ပြု၍ အမှားဘက်မှ လိုက်ပါသည်။
တရုတ်တို့သည် စသဖြင့် ချ၍ ရေးပါမူ ယခု
ကျွန်တော်တို့ နိုင်ငံ၏ အဖြစ်အပျက်နှင့်ပင်
ရွံရှားဖွယ်ရာ လိလိဖြစ်သည်။ အထူးသဖြင့်
တရုတ်နိုင်ငံ၏ လက်ရှိအာဏာရရှိထားသူများ၏
၏ အောက်တန်းကျစိတ်များကို တွေ့ရသည်။
တရုတ် အမုန်းတရားများက မြန်မာပြည်သူ/သား
များ၏ စိတ်ဝယ် ကိန်းအောင်းနေပေတော့သည်။
စီးပွားရှာရာ ကိုယ်ချင်းစာပါ ဆိုသည့် မြန်မာတို့၏
ဆောင်ပုဒ်သည်က ရီစရာဖြစ်ပေသည်။ ယနေ့
မနက်ပိုင်း သတင်းတခုမှာ နားထောင်လိုက်ရသည်။
တရုတ်နှင့်အပြိုင် အိန္ဒိယကလည်း နောက်မှ လိုက်ပါ
လာသည်။ ဘယ်သူမပြု မိမိအမှု ဟု ဆိုပါသော်လည်း
မိမိတို့၏ စည်းလုံးမှုက အက်ကြောင်းကြီးနဲ့မို့
ထိုအက်ကြောင်းကို သူတို့က ကလော်ထိုးကြသည်။
တရုတ်အကြောင်း ရေးရပါမူ ကျွန်တော်ငယ်စဉ်က
တရုတ်လူမျိုးများ မြန်မာပြည်သို့ အလွယ်တကူ
ဝင်ရောက်ခွင့်မရပေ။ ဟိုး လွန်ခဲ့သော အတိတ်
ဆီက ဦးနေဝင်း လက်ထက် မဆလခေတ်မှာဖြစ်သည်။
ကျွန်တော် မန်းဘူတာကြီးမှာ
ရေနွေးရောင်းစဉ်က အဖြစ်အပျက်ကလေးတခု
ရေးပြပါမည်။
ကောင်းကင်မှာ မိုးသားမဲမဲများက တရွေ့ရွေ့သွားနေသည်။ ကျွန်တော်၏ အတွေးသည်လည်း
ငယ်ဘဝသို့ တခါပြန်သွားသည်။ မန္တလေးဘူတာကြီး၏
တခုသော ညနေခင်းမှာ လားရှိုးရထား
ဆိုက်လာသည်။ လဝကဟု ခေါ်ဆိုသော ဝန်ထမ်း
များသည် ယူနီဖောင်းဝတ်စုံများကို စမတ်ကျစွာ
ဝတ်ဆင်၍ ရထားပေါ်မှဆင်းလာသူ ခရီးသည်များကို ကြည့်နေသည်။ သူတို့ကို ကျွန်တော်က ကလေးပီပီ
အားကျစွာ ငေးမောမိသည်။ သူတို့က ရထားပေါ်မှ
ဆင်းလာသူ ခရီးသည်များအနက်မှ ရှမ်းတရုတ်
လူမျိုးများကို အဓိကထား၍ စစ်ဆေးသည်။
ရထားစီးလာသူ ခရီးသည်များအနက်မှ ရှမ်းတရုတ်ကြီး
တဦးကို လဝကများက စစ်ဆေးပါလေသည်။
သူတို့စစ်ဆေးနေစဉ် အနီးမှာ ကျွန်တော်ကရပ်ကြည့်နေသည်။ ရှမ်းတရုတ်အဘိုးကြီးကို သူတို့က စစ်ဆေး
မေးမြန်သည့်အခါ ထိုအဘိုးကြီးက မြန်မာစကား
မပီကလာ ပီကလာဖြင့် အနည်းငယ်သာပြန်ပြော
နိုင်သည်။ သူတို့က မေးမြန်စစ်ဆေးပြီးသောအခါ
တရုတ် အဘိုးကြီးကို လက်ထိပ်ခတ်လေသည်။
ထိုအဖြစ်အပျက်ကို မြင်သော ကျွန်တော်သည် တရုတ်
အဘိုးကြီးအား သနားသဖြင့် သူ့ကို ငေးကြည့်မိသည်။
တရုတ်အဘိုးကြီးက ကျွန်တော်ကို လက်ယက်ခေါ်သည်။
မြန်မာစကားသံ မပီကလာဖြင့် သူ့ကို ကူညီ
ပေးပါဟုပြောသည်။ ကျွန်တော်က ခေါင်းငြိမ့်လိုက်
သည်။ သူ့ အိမ်ကပ်ထဲမှာ ရှိသော စာရွက်ကလေးကို
ထုတ်ပေးသည်။ ထိုနောက် တစ်ကျပ်တန်နှစ်ရွက်
ကိုလည်း ထုတ်ပေးသည်။ စာရွက်မှာပါသော လိပ်စာ
ရှိ သူ့သားကို ခေါ်ပေးပါရန်ပြောသည်။ သူ့လိပ်စာကို
ကျွန်တော်ဖတ်ကြည့်သည့်အခါ တရုတ်တန်းဈေးရှိ
အလှပြင်ဆိုင် တဆိုင်ကိုဖော်ပြထားသည်။
တရုတ်တန်းဈေးနှင့် ဘူတာကြီးက မဝေးကွာလှပေ။
ထိုကြောင့် ကျွန်တော်က သွားပြောပေးပါမည်ဟု
ပြောကာ တရုတ်တန်းဈေးသို့ အပြေးသွားပါသည်။
ပထမဦးစွာ ဘူတာကြီး လူကူးဂုံးကျော်တံတားကို
ဖြတ်ကူးရသည်။ ဂုံးကျော်ပေါ်မှ ဆင်း၍ တရုတ်တန်း
ဈေးမြောက်ဖက်သို့ အပြေးကလေးသွားခဲ့သည်။
စိတ်ထဲမှာတော့ မျက်နှာငယ်လေးဖြင့်ကျန်ခဲ့သော
တရုတ်အဘိုးကြီးမျက်နှာကိုမြင်၍ စိတ်မကောင်းလှပေ။
သူညွှန်ပေးသော အိမ်သို့ ရောက်သောအခါ
သူ့သားက အိမ်အပေါ်ထပ်မှာ နေခြင်းဖြစ်သည်။
အိမ်ဘေး လှေခါးမှ အပေါ်သို့တက်ကာ တံခါးခေါက်၍
လူခေါ်ရသည်။ တရုတ်လူငယ်တဦးထွက်လာသည်။
ထွက်လာသူ လူငယ်အား သူ့အဖေ
ဟုတ်မဟုတ် မသိပေ။ ခင်ဗျားအဖေ လဝက က
ဖမ်းထာလို့ လာပြောတာပါဟုပြောရသည်။
ထိုလူကလည်း ပထမ ကြောင် နေသည်။ နောက်မှ
အော် အင်းဟု ပြောကာ အိမ်ထဲပြန်ဝင်သည်။
ကျွန်တော်လည်း ပြောပြီး၍ ပြန်ဆင်းလာခဲ့သည်။
နောက်ပိုင်းမှာ မည်သို့ မည်ပုံဖြစ်သည်ကို ကျွန်တော်
မသိတော့ပေ။ မဆလ ခေတ်က တရုတ်လူမျိုးများ
လားရှိုးမှကျော်၍ မြန်မာပြည်တွင်းသို့ ဝင်ရောက်ခွင့်
မပြုဟု သိရသည်။
@htwegyi
September 2, 2025
ခုများတော့ နေရာတကာ သူတို့ချည်းပဲ။
မန်းလေး မြို့လယ်ခေါင်း သူတို့ချည်းပါလေ။
ဒါတင်မက မြို့ပြင်မှာလည်း သူတို့က ပါလာတယ်။
တရုတ်စုပ်ပလုပ် အနုတ်စုတ်ဂုတ်စုပ်
!LOLZ
!HUG
lolztoken.com
But not as fast as his brother Sudden Lee.
Credit: manuvert
@htwegyi, I sent you an $LOLZ on behalf of walarhein
(1/10)
မေတ္တာ ထားတယ်လေ။