မျှော်တော်ရောင်
တနေ့က ဘေးခြံ ကိုယ်ပိုင်းမူကြိုကျောင်းမှာ
ကြာဇံဟင်းခါး စတုဒီသာကျွေးသည်။
ကြာဇံအိုးကြီးက အတော်ကြီးသည်။ ဆရာမများနှင့်
ချက်ပြုတ်သူ အမျိုးသမီးကြီးများက တအုန်းအုန်း
တပြုံးပြုံး တဝါးဝါး တဟားဟားဖြင့် ပျော်ရွှင်စွာ
ချက်ပြုတ်နေကြသည်။ သူရို့ချက်ပြုတ်နေသည်ကို
မြင်နေကြားနေရသည်။ သူရို့ကို သွား၍ ဖုန်းဖြင့်
ဓာတ်ပုံရိုက်မည် စိတ်ကူးသည်။ သို့သော် ယနေ့ခေတ်
သည်က ဖုန်းဖြင့် အရမ်းရိုက်၍ မသင့်ပေ။
မြင်မြင်သမျှ ဓာတ်ဖမ်းဖို့ရာ အဆင်မပြေသော
ခေတ်ဖြစ်သည်။
ကိုယ်တွေက Hive မှာ တင်ရန်၊ ပိုစ့်ရေးရန်
ဖြစ်ပေသိ အရိုက်ခံရသူများ၏ စိတ်မှာ ကြိုက်ချင်မှ
ကြိုက်ပေမည်။ ယခင်အချိန်ကာလများမှာ
ကင်မရာ၊ ဖုန်းစသဖြင့် ဓာတ်ပုံရိုက်ပါမူ
အမျိုးသမီး အများစုက သဘောကျသည်။
မသိမသာတမျိုး၊ သိသိသာသာ တမျိုး အိုက်တင်
ပေးကြသည်။ ဒီတော့ ကိုယ်တွေလည်း
အရာရာကို မြင်မြင်သမျှ လိုက်ပြီး ဓာတ်မဖမ်းရဲ
တော့ပေ။ ဟိုတနေ့တုန်းဆီကလည်း ငါးခြစ်
နေသူ အမျိုးသမီးများကို ဓာတ်ဖမ်း၍ မိုက်ကြည့်
ကြည့်ခြင်းခံရသေးသည်။ ဒီတော့ ဖုန်းဖြင့်
ဓာတ်ပုံရိုက်ဖို့ လက်တွန့်နေရသည်။

ကိုယ်တွေရဲ့ Hive ဈေးသည်လည်း ဆယ်ပြားရောက်ဖို့ပင် အနိုင်နိုင်။ တဒေါ်လာရောက်ဖို့က ဘယ်အချိန်ဘယ်အခါ ရောက်မည် မသိနိုင်။ ကမ္ဘာ့ဇာတ်ခုံကြီးမှာလည်း မင်းသားကြီးက အကကြမ်းလေသည်။
ဘာတွေ ဆက်ဖြစ်လာမည်မသိနိုင်ပြန်။
ထိုမင်းသားကြီး၏ အပြောအဆို၊ အပြုအမူများ
ကြောင့်လည်း ကျွန်တော်တို့၏ Crytocurrency လောကကြီးမှာ အတက်အကျ၊ အနိမ့်အမြင့်များ ရိုက်ခတ်ခံရသည်။

ကမ္ဘာကြီး လှုပ်ရှားနေသည်မှာ ကမ္ဘာကြီး၏
အပြင်ဘက်မှာရော၊ အတွင်းထဲမှာပါ လှုပ်ခတ်
နေသည်။ လှုပ်ခတ်မှုအကြား ပြုတ်မကျအောင်
ထိန်းကြရပေမည်။ ဗင်နီဇွဲလား၏ အာဏာရှင်
တဦးကတော့ သွားရှာလေပြီ။ ဘယ်တော့များမှ
ကိုယ်တွေအလှည့် လာလေမလဲဟု မမျှော်လင့်ရဲပေသိ မျှော်လင့်နေမိသည်။ ရွှေငုံးမင်း အမြီးမျှော်သလို
ခရီးတော် နီးလျှက်နဲ့ဝေး ဆိုသလို။ ငယ်စဉ်က
ကြားဖူးသော ထိုသီချင်းစားသားကို ကြားမိသည်။

ငယ်စဉ်က ကြားဖူးသော ထိုသီချင်းစားသား၏
အဓိပ္ပါယ်ကို မသိပေ။ ယခုလည်း မသိသေးပါဘူး။
ငုံးက သူ့ရဲ့ အမြီးကို မျှော်တာ။ နီးလျှက်နဲ့ ခရီးဝေး
နေတာ မည်သို့ မည်ပုံ ဆက်စပ်နေသလဲ မသိပါ။
သို့ပေသိ ထိုသီချင်းက ဇာတ်ပွဲများမှာ နောက်ပိုင်း
ကပြ သော နောက်ပိုင်းဇာတ်ထုပ်မှ သီချင်း
ဖြစ်ပေမလားမသိပေ။ ကျွန်တော်တို့လည်း
မျှော်သာ မျှော်ရ ပေါ်လာပါ့မလားဟု မဝံ့မရဲ
မျှော်လင့်မိတာပါလေ။
@htwegyi
January 4, 2026
သူမကယ်ရင် ×၂ မျှော်တော်ယောင် ဘဝက လွတ်ဖို့လမ်း မမြင်ဘူး
လာနေကျ လမ်းမှာ စောင့်ရအောင်
ဘယ်လမ်းက လာမှာ ပါလိမ့် 😁