ကြက်လား၊ မြွေလား လာထား။
မြွေတကောင်နှင့် ကြက်တကောင်းဟာ ကျွန်တော့်ခြံ ကို
အလည်ရောက်ရှိလို့လာပါတယ်။ မြွေက အမဲရောင်ဖျော့ဖျော့
အကွက်လေးတွေက သေးငယ်စွာမြင်တွေ့ရသည်။
ထန်းမြွေလား၊ ရေမြွေလား ဘာမြွေဖြစ်မလဲ
မသိပေ။ ရေမြွေလို အရောင်နဲ့ ထန်းမြွေဟုခေါ်ပြန်
သည်။ ထိုမြွေနှစ်မျိုးလုံးက အဆိပ်မရှိဟု အင်တာနက်
မှာရှာဖတ်မိသည်။ အဆိပ်မရှိဟု ဆိုပေသိ မြွေ ဆိုသည်နှင့်
လူက သူ့အလိုလို ကြောက်စိတ်ဖြစ်မိသည်။
ခြံထဲမှာ မြွေနှင့်ဆင်တူ ကင်းလိပ်ချော(လျော)မျာလည်း
ရှိသည်။ ကင်းလိပ်ချောသည်က ကိုက်တတ်လား၊
အဆိပ်ရှိသလား မသိပေ။ စိတ်မှာ ထိုကင်းလိပ်ချော
သည်က မကိုက်တတ် အဆိပ်မရှိဟု အောင်းမေ့
ထားသည်။ ထိုကြောင့် ခြံအတွင်း နေရာအနှံ့
ကင်းလိပ်ချော ကြီးကြီးငယ်ငယ် နေရာစုံမှာ
တွေ့မြင်ပါသော်လည်း မကြောက်မိပေ။ မြွေကို
တော့ သေးသေးကြီးကြီး ကြောက်မိသည်။

ခြံထဲမှာ မြွေတွေ့ပါမူ ခြံအပြင်သို့ တခါတရံ မောင်း
ထုတ်သည်။ မြွေ ကြောက်သည်ဆိုမှ တလောက
ဗိုက်ကြီးမြွေစိမ်းမတကောင် ခြံအတွင်းသို့
ရောက်လာကာ သွားရင်းလာရင်း မြွေစိမ်းပေါက်စ
လေးများ မွေးဖွားခဲ့သည်။ ထိုအရာကိုကြည့်၍
အသည်းယားမိသည်။ မြွေစိမ်းမတို့ မိသားစု
ကို တကောင်ပြီး တကောင် ကောက်ယူပြီး
ကြွပ်ကြွပ်အိတ်ထဲ ထည့်ကာ ခြံအပြင်သို့သွားရောက်
လွှတ်ပစ်ခဲ့ရသည်။ အော် မြွေကြောက်ပါတယ်ဆိုမှ
သူတို့က မိသားစုလိုက်တောင် ရောက်လာသေး။
ကျွန်တော့်အကို တာယာပွကြီးက မြွေကို ပိုပြီး
ကြောက်သည်။ တခါက သူသည် မူးမူးဖြင့်
ညနေ နေဝင်ချိန် အလင်းရောင်အားနည်းသည့်
အချိန်မှာ ခြံတံခါးပေါက်သို့ ဆိုင်ကယ် စီးပြီး
ဝင်လာသည်။ ခြံတံခါးဖွင့်ရန် ရပ်သည့်အချိန်
မြွေစိမ်းတကောင်ကိုနင်းမိသည်။ မြွေမှန်းသိ၍
သူကလည်း အလန့်တကြား ခုန်၊ မြွေကလည်း
အလန့်တကြား ကိုက်လိုက်သည်။ သုံးလေးရက်ခန့်
သူ့ခြေထောက်မှာ ရောင်ရမ်းနေခဲ့ရသည်။
သူက ကိုက်ဖူး၍ ပိုလန့်သည်ဟု ထင်ပါသည်။

မြွေပြီးတော့ ကြက်တကောင်အကြောင်း ရေးရပါအုံးမည်။
ယနေ့ ကြက်တကောင်သည် မျက်စိလည်
လမ်းမှားကာ ကျွန်တော်တို့ ခြံသို့ ရောက်ရှိလာသည်။
ကြက်က အထီးလား အမလား မသိပေ။ ညီမဖြစ်သူ
က ကြက်က အမထင်တယ် ဥ ချင်လို့ ဝပ်ချင်နေတာ
လား မသိဘူး။ အမက အထီးကြီးနေမှာ တိုက်ကြက်
ဖြစ်မယ်။ ကျူးထဲက လူတွေက ကြက်တွေကို
ကြက်တိုက်ခိုင်းတတ်ကြတယ်။ တာယာပွကြီးက
အထီးမဟုတ်လောက်ဘူး၊ အမောက်မပါဘူး။
ဘယ်သူ့ ကြက်လည်းမသိဘူး။ ငါ့တို့ခြံလာမှတော့
ငါ့တို့ကြက်ပဲ။ နေပါစေ ဒီအတိုင်းလွှတ်ထားလိုက်။
ဘယ်မှ မသွားရင်း မွေးထားလိုက်မယ်။ ကြက်သား
စားရတာပေါ့။
"ဟဲ့ ရမ်းသမ်း လက်ခံနေ တော်ကြာ အဲ့ကြက်က
ယတြာချေတဲ့ ကြက်လားမှ မသိတာ"

"အံမယ် သူ့ဘာသာ ချေချင်ချေ မချေချင်နေ။
ပိုင်ရှင်ပေါ်ရင် ပေးလိုက်မယ်။ ပိုင်ရှင် မပေါ်ရင်တော့
လာထား။ ညနေစာအမြည်းလေးပဲ"
စနေ မောင်နှမတို့ ပြောနေစဉ် အငယ်မက
ဝင်ကာ ပြောပြန်ပါသည်။ ကြက်က အမဆိုရင်
အသာလေး မွေးထားဦးမယ် သူက ကြက်ဥချင်သေး
လား မသိဘူးရယ်" မောင်နှမတစု ကြက်အကြောင်းပြု
၍ ပြောဆိုနေကြသည်။ ခြံထဲမှာရှိသော သတ္တဝါ
နှစ်ကောင်၏ ခြားနားချက်က အဲ့သလိုပါ ဆိုတာကို
ရေးပြတာပါလေ။
@htwegyi
February 4, 2026
မြို့သားတွေများ ကြက် အထီးအမ မခွဲတတ်ဘူးတဲ့ အံ့ရော။
!LOLZ
!PIZZA
ပြောရင်လည်း ခံရမှာပါလေ။
$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi
Send $PIZZA tips in Discord via tip.cc!