ခုန်၊ တက် ပြလိုက်ပါလေ။
တခါတရံမှာ စည်းမျဉ်း စည်းကမ်းများအတိုင်း
ပြုလုပ်သည့်အခါ ကောင်းတာရှိသလို၊ ဆိုးတာ
လည်းဖြစ်တတ်သည်။ အင်း စကတည်းက
စည်းမျဉ်း စည်းကမ်းများဆိုတဲ့ စကားလုံးကြီးနဲ့
အစချီလာတာ အထင်တော့ မလွဲလိုက်ပါနဲ့။
စည်းမျဉ်း စည်းကမ်းများဆိုသည့်က သူ့နေရာနဲ့
သူတော့ အင်မတန်ကောင်းပေမည်။
ကိုယ်တွေရဲ့ Cryptocurrency ၏ စည်းမျဉ်း
စည်းကမ်းများကတော့ ပြောခဲ့သည့်အတိုင်း
ဖြစ်ပေမည်။
ရေးရင်းနဲ့ ကိုယ့်ဟာနဲ့ကိုယ်တောင် လည်နေပြီ။
ဒီလိုဗျာ Crypto မှာ ကွိုင်းတွေ၊ တိုကင်တွေကို
Exchange များမှာ ရောင်းဝယ်ပြုလုပ်သည့်အခါ
ဂရပ်တွေ၊ မျဉ်းတွေနဲ့ ဘယ်ဟာမှာ ဘယ်လိုဖြစ်ရင်
ရောင်းပါ ဝယ်ပါဆိုပြီး ဆရာများက YouTube
တင်ထားသည်ကို တွေ့ရသည်။ သူတို့ရဲ့
စည်းမျဉ်း စည်းကမ်းများကို ယခု ပြောခြင်း
ဖြစ်ပါသည်။
တန့က အဆိုပါ အကြောင်းအရာများကို
YouTube မှာ သွားကြည့်မိသည်။ ကြည့်နေရင်း
မျက်စိပြာလာသည်။ သို့ပါသောကြောင့် ဟယ်
သူရို့ ဂရပ်တွေ၊ မျဉ်းတွေ ကြည့်နေရတာ
မျက်စိညောင်းသပ။ ကိုယ်တွေက ရိုးရိုးသာမန်
ဈေးကျရင်ဝယ်၊ ဈေးတက်ရင် ပြန်ရောင်း
ဒီးအတိုင်းလေးပဲ ကောင်းပါတယ်။ ကိုယ်ဖာသာ
ကိုယ် အားပေးနှစ်သိမ့်နေလိုက်သည်။
ထိုသို့ ရိုးရိုးသာမန်ဝယ်ရောင်းသူ ကျွန်တော်သည်
တလောက Hive ဈေး နှစ်ဆယ့်လေးပြားကျော်မှာ
ဈေးတက်ပဟဲ့ ဆိုကာ ဝယ်ထားလိုက်သည်။
အရောင်းအဝယ် ကံကောင်းချက်က ကိုယ်ဝယ်ပြီး
မကြာခင်မှာ Hive ဈေးက တဖြည်းဖြည်းအစိမ်း
ရောင်သန်လာသည်မှာ နှစ်ဆယ့်ခုနှစ်ပြားကျော်သို့
ရောက်ရှိလေသည်။ အဲ့သည့်မှာ ကိုယ်တွေသည်
ထပ်များတက်လေမလား၊ ကျပဲ လာအုံးမလား
လားများနဲ့ ဗျာများကာ လောဘတိုက်နေသည်။
အမှန်တကယ်ဆိုပါမူ သူ မည်မျှတက်တက်
ကိုယ်ကြိုက်သော ဈေးမရောက်မှီ Hive များကို
ကိုင်ထားသင့်သည်ကို အတွေးရခဲ့သည်။ သို့ပေသိ
လူက လောဘသားဆိုတော့ ပြားနှစ်ဆယ်မှ
ပြားသုံးဆယ်သို့မရောက်သေးမှီကပင် ရောင်းချင်
နေသော စိတ်က မလွယ်ကူလှပေ။ ယခုတော့
Hive များကို လက်ဝယ် ကိုင်ထားပြီးသည့်သကာလ
မည်မျှသော ဈေးမှာ ပြန်ရောင်းမလဲ ဆိုသည်ကို
ကြည့်ရပေအုံးမည်။
Hive သည်က အစိမ်းရောင်သန်း၍ တစိမ့်စိမ့်
ကြည့်နေပါသော်လည်း ယနေ့တော့ အနီရောင်
လွှမ်းခဲ့ပြန်သည်။ သူရို့၏ စည်းမျဉ်း စည်းကမ်းများ
အတိုင်း ဆိုပါမူ ဈေးတက်ရန်အတွက် အောက်သို့
အားယူသည်ဟု သိရသည်။ ကဲ Hive ရေ နင်
အားယူတာကလည်း ယူပေါ့နော်။ အောက်ကိုချည်းပဲ
အားယူမနေပါနဲ့ အပေါ်ကိုလည်း အားရှိသလောက်
အားယူထားသလောက် ခုန်တက် ပြလိုက်ပါအုံးလို့။
@htwegyi
July 24, 2025
ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို ပြန်ပြန် ခုန်ချနေတာ။
ဟုတ်သဗျို့။
USDC နဲ့ Trade တာလား ဉီးထွေး။ Bitget လား၊ Binance လား။ ကျွန်တော်ကတော့ Bitget မှာပဲ Trade ဖြစ်တယ်။ Binance က passport တောင်းနေလို့ မလုပ်ဖြစ်သေးတာ။
Binance မှာ USDT နဲ့ Trade တာဗျ။ USDC က ဘောင်ချာတွေက ရတာ။ Bitget မှာ မလုပ်ဖူးသေးဘူး။
ကျမရဲ့ Pattenက ကျရင် ရောင်းမယ် တက်ရင် ဝယ်မယ်
လိုက် Tradeကြည့်ပါလား ဘထွေး 😂😂😂
အဟေး ကေျးဇူးပါအေ 😁