Ecency မှာ Hive ကို Trade သည်။

ကျွန်တော်တို့ရဲ့ အချစ်တော် Hive ကြီးကတော့
နီချက်က လန်ထွက်ဆိုသလို။ ပြားနှစ်ဆယ်မှ
ဆက်ပြီးတက်ဖို့ စိတ်ကူးမရှိရော့လေသလား။
ပြားနှစ်ဆယ်အနီးမှာ တဝဲဝဲလည်နေသည်။
အခြားကွိုင်များစိမ်း၍ တက်သော်လည်း သူက
ထုံးပေပေ။ တက်သလိုလို မတက်သလိုလိုနဲ့။
ကျွန်တော်တို့မှာလည်း သူဈေးတက်ရင် ပျော်ရ။
ဈေးကျတော့လည်း စာဖိရေး၍ ပိုစ့်တင်
ခြင်းဖြင့် ကိုရွှေဟိုက် ဈေးတက်မည့်နေ့ကို
စောင့်‌မျှော်နေရပေသည်။

Hive ဈေးပြားနှစ်ဆယ်ဆိုတော့ ကျွန်တော်တို့ရဲ့
Hive Myanmar Group ကလည်း ခြောက်ကပ်စွာ။
သို့ပေသိ ပုံမှန်ချီတက်နေသူ တစ်ဦးထက်ပို၍
အနည်းငယ်တော့ ရှိပေသည်။ ကိုယ်တွေလည်း
ပိုစ့်တင်လိုက် Ecency မှာ Trade လိုက်ဖြင့်
Hive ဈေးပြားနှစ်ဆယ်ကိုပင် လုပ်ကိုင်နေသည်။
ထိုကြောင့် Hive ဈေးတက်ခြင်း၊ ကျခြင်း
အနည်းငယ်ကပင် Trade ပြုလုပ်သူအတွက်
ရင်ခုန်ရပေသည်။

ကိုယ်တွေလည်း လောဘသား ဆိုတော့
Hive ပိုရမည့်အကွက်လေးတွေကို ချောင်းရသည်။
Ecency မှာ Hive ကို Trade ခြင်းနှင့်
HBD ကို Saving လုပ်ခြင်းမှာ မည်သည်က
ပိုတွက်ချေကိုက်သလဲဟု ယခုအခါ ယှဉ်ကြည့်မိသည်။
HBD ကို Saving လုပ်ခြင်းမှာ
တလမှာ တခါရသည်။ 100 HBD ကို
အကြမ်းအားဖြင့် 1HBD ကျော်ခန့်ရသည်။
Eceency မှာ Hive ကို Trade သည့်အခါ
သုံးပတ်အတွင်း 1HBD ကျော်ခန့်ရသည်။
100 HBD ဖြင့်မဟုတ်ပါပဲ 100 Hive ကျော်ဖြင့်
ပြုလုပ်ခြင်းဖြစ်သည်။

Ecency မှာ Hive ကို Trade သည်က
မဆိုးဟု ပြောရမည်။ သို့ပေသိ ထိုအရာကလည်း
ဈေးကွက် အပြောင်းအလဲ ရှိပါမှဖြစ်ပေမည်။
တနေ့က Hive ဈေး 0.267 ဖြစ်စဉ်မှာ
ကိုယ်တွေ Hive ကို HBD သို့ မပြောင်းလိုက်ရပေ။
လောဘသားဆိုတော့ ထပ်ပြီး ဈေးတက်အုံးလေ
မလားဟု။ ဈေးဆက်မတက်ပဲ ယခု 0.229 သို့ပင်
ဈေးကျကာရောက်ရှိပေသည်။

သို့ပေသိ ဈေးနှုန်းဆိုတာကလည်း အပြောင်းအလဲ
အတက်အကျ ‌သဘောရှိပေသည်။ တနေ့မှာ
ဈေးတက်လာအုံးမှာပဲ ထိုအချိန်မှသာ ကိုယ်က
တွေးဝေ မနေဖိုပင်။ လောဘ မတက်ဖို့ပင်
ဖြစ်သည်။ ထိုသို့ Ecency မှာ Trade
သည်ကို စာရင်းတိကျစွာပြုလုပ်ကြည့်ရပေအုံးမည်။
သို့မှသာ မည်သို့ မည်မျှ မြတ်သည်ကို သိနိုင်မည်။
Trade သည့်အခါ စိတ်ရှည်ဖို့ လိုသည်ဟု
ပြောသည်။

တခါတရံ ထိုသို့ စိတ်ရှည်ခြင်းသည်လည်း
ဈေးကောင်းနှင့် လွဲတတ်ပြန်သည်။ တခါတရံ
မှာလည်း ဈေးကောင်းနှင့် တွေ့ရပြန်သည်။
Trade ခြင်းသည်က ကံတရားနှင့်လည်း
ဆိုင်ပေသည်။ အချို့ကလည်း နည်းပညာဖြင့်
ပြုလုပ်ပါက ပို၍ အဆင်ပြေသည်ဟုပြောကြ
သည်။ မည်သိုပင်ဆိုပါစေ ကျွန်တော်၏
Ecency မှာ Hive ကို Trade ခြင်းသည်က
အရှုံးမရှိပါ။ အမြတ်သည်သာရှိပါသည်။
သို့သော် အချိန်တော့ပေရပါသည်။
Hive မိတ်ဆွေများအားလုံး
ကျန်းမာ ချမ်းသာကြပါစေ။

@htwegyi
May 31, 2025



0
0
0.000
4 comments
avatar

ဆယ်ပြားရောက်လေအုံးမလား😊

0
0
0.000
avatar

မပြောနိုင်ပါဘူး 😌

0
0
0.000
avatar

2$ ဖြစ်မှာ မလို့ နီနေတာတဲ့။ ပြီးမှ ဆယ်ဆ တက်ပစ်မှာတဲ့။
😁

0
0
0.000
avatar

အဲ့သလို ဖြစ်စေချင်စမ်းပ။ 😀

0
0
0.000