Staking in HIVE

Hive မှာ ပိုစ့်တင်ရင် တရက် 1$ လောက်တော့ ရတယ်ဟု ပြောခဲ့ပြီးခါမှ 0.3$-0.4$ ကြားသာ ရသည့် ရက်တွေ စိပ်လာခဲ့၏။ မသိရင် ကိုယ်ကြွားထားမှ လာနောက် နေသလိုပင်။ နို့ပေမယ့် တချို့ရက်တွေမှာ ပိုပိုသာသာလေး ပြန်ရတတ်တော့ ပျမ်းမျှတွက်ရင်တော့ တရက် 1$ တော့ ရပါ၏။ လောလောဆယ် 1$ ကို ၃၉၀၀ ကျပ် ဝန်းကျင် ရှိ၏။ ထို့ကြောင့် ပိုစ့်တင်ခြင်းကနေ တရက်ကို ၃၉၀၀ သို့မဟုတ် ၄၀၀၀ ရသည်ဟု ‌ဆိုနိုင်မည် ဖြစ်၏။

တရက် ၄၀၀၀ က နည်းသည်ဟုလည်း ပြောလို့ရသလို မဆိုးဘူးဟုလည်း ပြောလို့ရ၏။ တဖက်ကကြည့်ရင် နေ့စဉ် အကြောင်းအရာ၊ အတွေး အမြင်တွေ ရေးနေရာကနေ ရသည်ဆိုတော့ ကိုယ့် အတွက် ဘာများ ပင်ပန်းလို့လည်း မပင်မပန်းဘဲရသည့် အရာ ဖြစ်၏။ ဦးနှောက်နှင့် အချိန်တော့ အနည်းငယ် ပေးရတာပေါ့။ ဒါကလည်း အစပိုင်းလောက်သာ နောက်ပိုင်း ရေးကျင့်ရလာတော့ ရေးစရာ သူ့သူ ထွက်လာလေ့ ရှိ၏။ အရေအသွေးထက် အရေအတွက်ကို ဦးစားပေးမယ်ဆိုရင် ဟောတပုဒ် ဟောတပုဒ်ကတော့ မခက်လှပေ။

Hive ဈေးကျခြင်း နှင့်အတူ vote ပေး၊ ပြန်ရသည့် အချိုးအစားကလည်း နည်းလို့ သွားရ၏။ ဈေးတက်ရင် vote လည်း ပြန်တက်လာမှာ မှန်ပေမဲ့ မတက်လာတာ အတော်ကြာပြီ။ Hive က တက်ရင်သာ ကြာကြာ မနေတာ ဈေးများကျရင် ကျဈေးမှာ အကြာကြီး နေနေလေ့ ရှိ၏။ ဘာတဲ့ မြင့်စေချင်လို့ နတ်ပြည် တင်ပေးတာကို အေးတယ်ဆိုပြီး ခုန်ချရတယ်လိုပေါ့။

တကယ်တော့ Hive ၏ တည်ဆောက်ထားပုံလေးကို အင်မတန်မှ သဘောကျဖို့ ကောင်း၏။ စာရေး ပိုစ့်တင်ခြင်းကနေ အကျိုးအမြတ် ရနိုင်သလို မိမိရဲ့ Hive power ကနေလည်း အတိုးနှုန်း ရနိုင်ပါသေး၏။ ထို့ကြောင့် ကိုဟင်က ပါဝါစုပါ ပါဝါစုပါချည်း ပြောနေရခြင်း ဖြစ်၏။ Hive ကိုယ်တိုင်ကလည်း လစဉ် ၁ ရက်နေ့ ရောက်တိုင်း Hive power up day ဆိုပြီး ပါဝါထပ်တိုးထည့်ဝင်ပြီး စုနိုင်အောင် အစီအစဉ်တွေ လုပ်ပေးခြင်း ဖြစ်၏။

အတိုးနှုန်းက သိပ်မများပေ။ နို့ပေမဲ့ မပေးတာထက်စာရင် နည်းနည်းရလည်း မဆိုးဘူးမလား။ 3.918 APR အတိုးနှုန်း ဖြစ်၏။ လက်ရှိ ကျနော့် Hive power က 4400 ဝန်းကျင်ဆိုတော့ တရက်ကို 0.47 HIVE ရသည်ဟု အကြမ်းဖျဉ်း ပြောနိုင်၏။ တိုးရင်းပေါင်းသွားမယ့် သဘောဆိုတော့ တရက်တရက် ရသည့် အတိုးက များလာဖို့သာ ရှိ၏။ HIVE power ကို မ down ပစ် (ထုတ်ယူ) ဘူး ဆိုရင်ပေါ့။ HIVE power 44000 ရှိသူဆို တရက် 4.7 HIVE ကြီးများတောင် ပြန်ရမည်။ HIVE power 4 သိန်း၊ 4 သန်းဆို ပြောမနေနဲ့တော့။ ရေရှိရာ ရေလာ၊ ငွေရှိရာ ငွေလာမလား။ ထိုအခြေအနေထိ ရောက်အောင် အချိန်ပေး ကြိုးစားရပေလိမ့်ဦးမည်။

HIVE power staking လုပ်တာ အတိုးနည်းတယ် ဆိုရင်လည်း HIVE dollar (HBD) staking လုပ်နိုင်၏။ သူကတော့ APR 15 % ဖြစ်၏။ 100 HBD stake လုပ်ထားမယ် ဆိုရင် တရက်ကို 0.041 HBD, 1000 HBD stake လုပ်ရင် တရက် 0.4 HBD, 10000 HBD stake လုပ်ရင် တရက် 4 HBD ပြန်ရမှာ ဖြစ်ပါတယ်။ ဒါတောင် အရင်က 20% APR ပေးတာပါ နောက်ပိုင်းမှ 15% ဆိုပြီး 5% လျော့လိုက်တာ။ Stake လုပ်တာက ငွေအိပ်တာပေါ့ဟု အကြောင်းပြလို့ ရပေမဲ့ ထူးထွေ သုံးစရာ မရှိနေရင်တော့ stake လုပ်ထားပြီး အတိုးယူတာကလည်း မဆိုးဘူး မလား။



0
0
0.000
4 comments
avatar

HP က အတိုးရတာ သိမနေဘူးပဲ။
!LOLZ
!HUG

0
0
0.000
avatar

တနေ့ကမှ Ecency မှာ တွေ့တာ။

0
0
0.000
avatar

ဟုတ်သပ HP က အတိုးရတာ ကျုပ်တို့လည်း
မသိရပါဘူးဗျာ။
!LOLZ
!MEME

0
0
0.000
avatar

ပါဝါ ပါဝါ စုပြီဗျို့

0
0
0.000