စိတ်

ဒီရက်ပိုင်းထဲ စိတ်အဆင်မပြေနေပေ။ စိတ်အလိုမကျမှုတွေ များ၏။ အဓိကက စိတ်မပျော်နေတာ။ ဘာ မပျော်နေတာလဲ ဆိုပြန်တော့လည်း ဖြေစရာ မရှိပေ။ ဒီလိုပါပဲ တခါတလေတော့လည်း ရှင်သန်နေထိုင်ရင်း မပျော်ရွှင်ရတဲ့ နေ့ရက်တွေလည်း ကြုံရမှာပဲလေ။ ကျော်ပစ်လိုက်လို့မှ မရဘဲ။ ဘဝက ကစားပွဲပဲလို့ ပြောကြတယ် မလား။ ရပ် မရပ်၊ ကျော် မရ၊ နောက်ပြန် သွားလို့ မရသည့် ကစားပွဲ ဖြစ်လေ၏။

လူရယ်လို့ ဖြစ်လာရင် မည်သူမဆို အသိမအမှတ်ပြုတော့ ခံချင်ကြမှာပင်။ ပုထုဇဉ်လူသားတွေ မပြောနဲ့ သတ္တဝါလေးတွေတောင် အသိမအမှတ်ပြု ခံချင်ကြ၏။ အိမ်မွေး တိရစ္ဆာန် ဖြစ်တဲ့ ခွေး၊ ကြောင်လေးတွေပဲ ကြည့်။ အသိအမှတ်ပြု ခံရခြင်း၊ ကိုယ်ချင်းစာခြင်း၊ ချီးကျူး ဂုဏ်ပြုခြင်း ထို သုံးခုကို ဒီရက်ပိုင်း ပိုတွေး ဖြစ်နေ၏။ ပြီး ကိုယ့် ဖြစ်တည်မှုကိုလည်း ကိုယ်မေးခွန်း ပြန်ထုတ်နေမိ၏။

ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေပဲ ဦးစားပေးရတာ များလာရင် ရေရှည်မှာ ပင်ပန်းမှုတွေ ဖြစ်လာနိုင်၏။ ကိုယ်ခန္ဓာ ပင်ပန်းမှု အတွက် အနားယူဖို့ကို သိပေမယ့် စိတ်ပင်ပန်းသည့်အခါမျိုးမှာ မည်သို့ အနားယူရမည်ကို ကောင်းကောင်း မသိနေပေ။ မိမိသိသည့် နည်းလမ်းများနဲ့ ဖြေရှင်းကြည့်ပေမယ့် လုံးဝကြီး အဆင်ပြေသွားသည်အထိတော့ မဟုတ်ပေ။ ကျန်နေသေး၏။

လက်ရှိ နည်းလမ်းနဲ့ အဆင်မပြေရင် တရားထိုင်ခြင်း နည်းလမ်းဖြင့် အဖြေရှာကြည့်ဖို့လည်း ကြိုးစားထား၏။ ၁၀ ရက် တရားစခန်း နှစ်ကြိမ် ဝင်ဖူးသည့် အတွေအကြုံကို ပြန်လည်လို့ အသုံးချရပေလိမ့်ဦးမည်။ တရားထိုင်ခြင်း အမှုကို သက်သက်ကြီး မလုပ်ဖြစ်တာ အတော်လေးကြာခဲ့ပြီ။ တရားထိုင်တယ် ဆိုပေမယ့်လည်း ဖြစ်ပျက် မြင်တဲ့ အဆင့်ထိ ရောက်ဖို့ မပြောနဲ့ သမာဓိ ခိုင်မြဲဖို့ အရင် ကြိုးစားနေရ၏။ သမာဓိလေး ခိုင်မယ်မှ မရှိသေး စခန်းသိမ်းလို့ အိမ်ပြန်ရောက်။ ပြီး အရင်လို နေ့စဉ် လူမှုဘဝထဲ လုံးခြာလည်ရင်း ဒုံရင်း ဒုံရင်း ပြန်ဖြစ်ပေါ့။

စိတ်ပျော်ရွှင်ဖို့ စိတ်ဓါတ်ခိုင်မာဖို့လည်း လေ့ကျင့်ရပေလိမ့်ဦးမည်။ အိမ်း လုပ်စရာတွေကလည်း အများသားလား။



0
0
0.000
10 comments
avatar

စိတ် အတွက် ကိုယ်တွေတောင် ပါချုပ်ဆရာတော်ကြီး၏ တရားတော်များ နာကြားရင်း အဲ့ စိတ် ကို
လိုက်ဖမ်းနေရတုန်း။
!LOLZ
!MEME

0
0
0.000
avatar

ဆရာတော်ကြီး တရားတွေ အမေက မကြာခဏ ဖွင့်တော့ နားရည်တော့ ဝနေပါရဲ့ လိုက် မလုပ် ဖြစ်၊ မလုပ် နိုင်နေသေးတာက ခက်တာ။

0
0
0.000
avatar

ဦးဂိုအင်ကာ တရားစခန်း တစ်ကြိမ် ဝင်ကြည့်မလား။

!PIZZA !MEME

0
0
0.000
avatar

အကို့ပိုစ့်တွေ တွေ့လို့ ဝင်ဖို့ စိတ်ကူးထားတယ်။ ဒါပေမယ့် လောလောဆယ် တူ၊ တူမလေးတွေ ကျောင်းကြိုပို့နဲ့၊ လူခွဲကလည်း မရှိနေသေးဘူး အကိုရေ။ တချိန်တော့ ဝင်မယ်ဗျာ။

0
0
0.000