မိုးကြိုး မနက်ခင်း
မနက်ခင်း ၂ နာရီခွဲလောက်ကြီး လန့်နိုးလာ၏။ မိုးကြီး ရွာသောကြောင့် ဖြစ်၏။ မိုးတင် မဟုတ် မိုးတွေချိန်း၊ မိုးကြိုးတွေပါပစ်၊ လျှပ်စီးတွေပါ လက်၏။ တသက်နဲ့ တကိုယ် ခုလိုမျိုး ခုမှပဲ ကြုံဖူး၏။ အသံတွေကလည်း အကျယ်ကြီး။ မသိရင် ကိုယ့်အနားနား လာပစ်နေသည့်အလားပင်။ ပြန်အိပ်လို့လည်း မရ။ ဒီကြားထဲ အစာအိမ် နာလို့ ဆေးသောက်ရသေး၏။ ဒီရက်ပိုင်း အစာအိမ် ပြန်နာနေ၏။ ရှေ့ရက်က ဆေးသွားဝယ်ထားလို့ တော်သေး၏။ နို့ဆိုရင် မလွယ်ပေ။
သောက်နေကြ ဆေး မရပေ။ အမျိုးအစားတူ အခြားဆေးပဲ ဝယ်လာခဲ့ရ၏။ လမ်းတွေ ပိတ်ထားသည် မလား။ မရသည့်ဆေး၊ မရှိသည့်ဆေးတွေ တဖြည်းဖြည်း ပိုပိုများလာနေခဲ့၏။
(photo from Chelsea women page)
ဆေးသောက်ပြီး ချက်ချင်း ပြန်အိပ်မရနေသေးတာနဲ့ Chelsea women vs Man City women ပွဲ ကြည့်ဖြစ်၏။ မိနစ် ၇၀ ပင်ကျော်နေခဲ့ပြီ။ အင်းလေ မနက်ခင်း ၁ နာရီပွဲဆိုတော့ ပြီးခါနားနီးပြီလေ။ Chelsea က 2-1 နဲ့ နိုင်နေ၏။ ကြည့်ရင်း ကြည့်ရင်းက မျက်ခွံတွေ စင်းလာသဖြင့် ပွဲမပြီးခင် မှာပဲ ပြန်အိပ်ပျော်သွား၏။ မနက် နိုးလို့ Result ကြည့်တော့ 2-1 နဲ့သာ ပြီးသွား၏။
မိုးက အတော်ကြီး ရွာသွား၏။ ဒီရက်ပိုင်း မိုးပြန်ရွာနေ၏။ တခုကောင်းတာက တနေကုန် မဟုတ်ဘဲ နာရီပိုင်းလောက်ရွာပြီး နေပြန်ပွင့်တာလေး ဖြစ်၏။ ယခင်လို တနေ့ကုန် အုံ့မှိုင်းနေမျိုး မဟုတ်တော့ နေရထိုင်ရ သွားရေးလာရေး အဆင်ပြေ၏။ ဒါပေမယ့်လည်း ခုလိုမျိုး သာ ဆက်ရွာရင် ရေကြီးနေကြ နေရာတွေ ရေကြီး ရေလျှံ ဖြစ်လာနိုင်၏။ ဘယ်လိုပဲ ခဏ တဖြုတ် ရွာတယ် ပြောပြော။ မိုးက ရေအတော်ပါ၏။
တော်သလင်းပြီး သီတင်းကျွတ်ဆိုပေမယ့် ခုနောက်ပိုင်းက သီတင်းကျွတ်မှာလည်း မိုးကရွာလေ့ ရှိနေသေး၏။ ဝါလ ကင်းလွတ်ပေမယ့် မိုးလေတော့ မလွတ်တော့ပေ။ သဘာဝတရားက သူ့သဘောသူဆောင်၏။ ဖောက်ပြန်ခြင်းတွေ ဖြစ်လာရတာကတော့ လူတို့ကြောင့်ဟုသာ ဆိုရပေလိမ့်မည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်တာကလည်း လူသားတွေ၊ ဖျက်ဆီးတာကလည်း လူသားတွေပင် မဟုတ်ပါလား။
ဟုတ်တယ် လူတွေ လုပ်နေတာ။
!LOLZ
!MEME
lolztoken.com
I can always count on them
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
အစာအိမ်တော့ ဂရုစိုက်ပါဗျို့။ ကျန်းမာမှ ကျွန်တော်တို့ရည်မှန်းချက်တွေဆီ ဆက်ချီတက်နိုင်မှာ။