မာန ရှိလိုက်စမ်းပါ

"မင်းမှာ မာန မရှိဘူးလား။ တကယ် ပြောနေတာ မင်းမှာ မာန မရှိဘူးလား။"

အဲ့လိုမျိုး HIVE ကို မေးလိုက်ချင်သား။ ပိဿပြည့်ဖို့ မပြောနဲ့ ၁၀ ကျပ်သား ပတ်ခြာလည်လေးမှာပဲ တဝဲဝဲလည်နေခဲ့တာ ကြာပေါ့။ သူသူငါငါ ဈေးတွေ တက်ကြတော့လည်း ဒီအတိုင်းပဲ နို့ပေမယ့် ဈေးတွေ ကျပြန်တော့ လိုက်ကျတယ်တဲ့။ ဘယ်လိုကြီးလဲ ကိုယ်ရွှေ HIVE ရယ်။

Trade War 2.0 စကတည်းက ကျသွားတဲ့ ဈေးတွေ။ အချို့ tokens တွေ ဈေးပြန်မတက်လာသေး။ တက်တာ မတက်တာထက် နဂိုမူလဈေးတောင် ပြန်မရောက်ကြသေးပေ။ HIVE ကတော့ ဘယ်ဈေးက သူ့ မူလဈေးမှန်း မသိ မပြောတတ်တော့ပေ။ တက်ရတယ်လို့မှ မရှိဘဲ။ တန်းနေရတာနဲ့ ကျနေရတာနဲ့။ HIVE ဈေးကောင်းမယ့်နေ့ကို မျှော်ရင်း လည်ပင်းလည်း ရှည်လို့ လာခဲ့ပြီ။

ဈေးမကောင်းတော့ စာရေးရတာ၊ vote ပေးရတာ အရသာ မရှိလှပေ။ ရေးဖို့ ဈာန်မဝင်နေလည်း ရေးတော့ ရေးနေရမှာပါပဲလေ။ တနေ့ တပိုစ့် တင်ရမယ် မဟုတ်လား။ Power စုရဦးမယ်လေ။ နောင်တချိန် HIVE ဈေးတက်လာပါက ကိုယ့်လက်ထဲ power လုံလုံလောက်လောက်မှ မရှိနေရင် ခက်ပေလိမ့်မည်။

ဈေးကျနေတော့ power စုလို့ ကောင်းပေမယ့် ရောင်းမယ်ဆိုရင် အဆင်မပြေပေ။ နည်းနည်းပဲ ရလို့။ BTC နဲ့တောင် pizza ဝယ်စားခဲ့ကြသေးတာပဲ။ အဲ့တုန်းက ခုလိုဈေးမျိုး ဖြစ်လာမယ်ဆိုရင် ဘယ်သူက ဝယ်စားမှာလဲ ဆက်ကိုင်ထား၊ ဆက်ပြီးစုထားမှာပေါ့။ ရသလောက်တောင် ထပ်ဝယ်ပါလိမ့်ဦးမည်။

HIVE အနေနဲ့ BTC လို မဟုတ်တောင် တချိန်မှာ ဈေးကောင်းလာဖို့ မျှော်လင့်မိ၏။ ကောင်းလာမယ်လို့လည်း ယုံကြည်ပါ၏။ အချိန်တော့ ပေးရမှာ မှန်ပေမယ့် တအားကြီးတော့ မကြာစေလိုပေ။ ဖြည်းဖြည်းချင်း ‌ဈေးစတက်လိုက်ပါတော့ HIVE ရေ။



0
0
0.000
9 comments
avatar

ဟုတ်တယ် ပြောပလိုက်။
!LOLZ
!MEME

0
0
0.000
avatar

ပြောပစ်ပြီ။

0
0
0.000
avatar

Daily income သဘော ကောင်းကောင်းရှာနိုင်ရင် ဈေးနှုန်း ကြည့်နေစရာမလိုဘူး။
အနာဂတ်အတွက် စုထားတာတွေကတော့ ဈေးတက်မှ ဟန်ကျမယ်။
!LOLZ
!PIZZA

0
0
0.000