လက်ကျန်

မိုးက မနေ့ကတည်းက တနေ့ကုန် တအိအိနဲ့ ရွာနေခဲ့၏။ မတိတ်တမ်းကို ရွာနေခြင်း ဖြစ်၏။ ဖွဲသွားလိုက် ပြန်ကြီးလာလိုက်နဲ့ နားနားပြီး ရွာနေခဲ့၏။ နားနားပြီး မနားတမ်း ရွာနေသည်ဟု ဆိုရပေလိမ့်မည်။ မိုးဇလ ကပို့ထားသည့် Message အရ 21 မှ 26 ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် မိုးသည်းထန်စွာ ရမည်ဟု ဆိုထား၏။ မနေ့ကထက် စာရင် မနေ့ ရှေ့တနေ့မှာ မိုးပိုရွာ၏။ မိုးတွေကရွာ၊ မြူတွေကကျနဲ့ ဒီကြားထဲ အေးကလည်း အေးသေး၏။

ရှေ့ နှစ်ရက်လောက်က သာစည်မှ ညီဝမ်းကွဲ အိမ်သို့ လာ၏။ သူ၏ ကား လိုင်စင် သက်တမ်းလာတိုးခြင်း ဖြစ်၏။ အိမ်မှာ နှစ်ရက်လောက် နေသွား၏။ သူတို့ တက်လာသည့်ရက်မှာ မိုးက စတင်၍ ရွာခြင်း ဖြစ်၏။ အပူပိုင်းဒေသက လာတာဆိုတော့ ဒီမိုး ဒီရာသီဥတုက သူတို့ အတွက် အတော်လေး ဆိုး၏။ နေရခက်၏။ ဒီကြားထဲ ကားရှေ့မှန်က ရေ မလုံသဖြင့် မိုးရေကြောင့် အနွေးထည်တွေ အနည်းငယ် စိုကုန်သည် ပြော၏။

အနွေးထည် ထုတ်ပေး၊ ည အိပ်ဖို့ စောင်တွေ ဘာတွေ လုပ်ပေးပေါ့။ ညကြတော့ ထုတ်ပေးထားသည့် စောင်တွေ မလောက်လို့ ထပ်မံ ထုတ်ပေးရပြန်၏။ အတော်အေးနေရှာ၏။ သူတို့နား သွားရင် ကိုယ်တွေက ပူလို့ မနေနိုင်၊ သူတို့ကကြ ကိုယ်တွေဆီမှာ အေးလို့ မနေနိုင်ပေ။

မနေ့က လိုင်စင် ကိစ္စ အဆင်ပြေ သွားပြီမို့ ဒီနေ့ သူတို့ ပြန်သွား၏။ ညီဝမ်းကွဲရယ်၊ ကားမောင်းတဲ့ ဦးလေးကြီးရယ် အတူတက်လာပြီး အတူပြန်ခြင်း ဖြစ်၏။ လိုင်စင်က လုံးဝကြီး အဆင်ပြေသွားတာတော့ မဟုတ်ပေ။ ဘယ်နှယ်လ နေရင် ပြန်တက်လာရဦးမယ် ဆိုလားပဲ။

သူတက်လာတော့ ကြက်သွန်ပေါင်းကြော်၊ ပဲခြမ်းနှင့် နွားနို့ခဲတွေ ယူလာပေး၏။ သူတို့ ပြန်တော့ ခေါပုတ်၊ ကြက်သွန်ဖြူ၊ ပြောင်းဖူးနှင့် ဂျူးပဲပုပ်တို့ လက်ဆောင် ပြန်ထည့် ပေးလိုက်၏။ ပြီး အိမ်က ပိန္နဲသီး 4 လုံးလောက်လည်း ခူးပြီး ထည့်ပေးလိုက်၏။ အမှန်ဆို 6 လုံးလောက် ရရမှာ။ မိုးက မပြတ်တော့ အသီးတက်ခူးရမယ့်ဟာ မခူးဖြစ်တော့။ 2 လုံးက အမှည့်လွန်ပြီး မကောင်းတော့ပေ။

ဒီနှစ် ပိန္နဲသီးတွေက ဘာကြောင့်ရယ် မသိ၊ အသီးထဲ ရေတွေ ဝင်နေ၏။ ခူးပြီးရင် ရေတွေထွက်သွားအောင် ဇောက်ထိုး ထားထားနေရ၏။ ထိုသို့ မလုပ်ထားရင် အသီးတွေက ပုပ်ပုပ်သွားလေ့ ရှိ၏။ အတော်အသင့် ကောင်းတဲ့ အလုံးလေးတွေမို့ အဆင်ပြေလောက်မှာပါ။ မကောင်းတော့လည်း ကံပေါ့လေ။ အသီးတွေတော့ သိပ်မကျန်တော့ပေ။ ဝေပေးရမယ့် မိတ်တွေတော့ ကျန်နေသေး၏။ လက်ကျန် အလုံးလေးများ အဆင်ပြေဖို့ မျှော်လင့်ပါရဲ့။



0
0
0.000
5 comments
avatar

အသီးတွေက မိုးရွာရင် ရေ‌ဝင်ကုန်တာ။
သရက်သီးလည်း ဒီအတိုင်းပဲ။
!LOLZ
!MEME

0
0
0.000
avatar

ဟုတ်တယ်။
အဲ့တာ ဆိုးတာ။

0
0
0.000
avatar

ပိန္နဲသီးတွေ အများကြီးပဲ။ ဒီမှာလည်း ပေါနေပေမဲ့ ဝယ်မစားဖြစ်သေးဘူး။ အပျော့သီးထက် အမာသီးကို ပိုကြိုက်တယ်။

!PIZZA

!LOL

!sbi status

0
0
0.000
avatar

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 134164126642 or 0.044 $
  • you need to wait until your upvote value (current value: 0.015 $) is above 0.020 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
0
0
0.000