ကျမြဲ ကျဆဲ

ဈေးကျနေရင် အသိသာဆုံးက vote ပေးတဲ့ အချိန် ဖြစ်၏။ သူများကို vote ပေးရတာကော၊ မိမိ vote ပြန်ရတာကော အဆင်မပြေပေ။ အမြင်လည်း မလှ၊ အရလည်း နည်းလှ၏။ အမေရိကန်နဲ့ တရုတ်ကြီးတို့ trade war ကြတာ Crypto Market ကြီး ကမောက်ကမတွေ ဖြစ်ကုန်၏။ Crypto bro တွေလည်း အဆုံးအရှုံးတွေ များသွားခဲ့ရ၏။ စကလည်း မဝယ်ထား၊ ခုလည်း မဝယ်နိုင်သေးတဲ့ ကိုယ်တွေမှာတော့ ထူးထွေကြီး ဆုံးရှုံးသွားတာမျိုးတော့ မရှိပေ။

HIVE ကို ပြောရအောင်ကြ နဂိုကလည်း ဒီဈေးလောက်ပဲလေ။ ခုတော့ နည်းနည်း ပိုကျသွားတာပေါ့။ ယခင်က HIVE ဈေး ကောင်းလာနိုး ကောင်းလာနိုးနဲ့ မျှော်လင့်မိပေမယ့် ခုတော့ သိပ်မမျှော်လင့်ထားတော့ပေ။ သူ့သူ တက်ချင်တဲ့ အချိန် တက်လာပါလိမ့်မည်။ ကိုယ်က ရေးစရာရှိတာ ရေး တင်စရာ ရှိတာတင်ပေါ့။

လက်နက်နဲ့ တိုက်တဲ့ စစ်ပွဲထက် စီးပွားရေးနဲ့ တိုက်တဲ့ စစ်ပွဲက ပိုလို့ပင် ကြောက်ဖို့ ကောင်းနေ၏။ Crypto Market ကြီး ကမောက်ကမ ဖြစ်သွားချိန်မှာ မိမိ ကိုယ့်ကို သတ်သေသွားသူတောင် ရှိသေးသည် ဆို၏။ Crypto ကို မကြိုက်သူတွေ ဒီအချိန်မှာ ပြောစရာ အကြောင်းပြစရာ ပိုပြီး ရသွားတာပေါ့။

မထင်မှတ်ဘဲ ဖြစ်သွားတဲ့ ကိစ္စရပ်မို့ အများစုက ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ဆုံးရှုံးသွားမှ အကြောင်းအရင်း အဖြေကို တွေ့ကြလေ၏။ ဒီကြားထဲ တချို့ exchange တွေက ထိုသို့ ဖြစ်နေချိန်မှာ အဝယ်တွေ ပိတ်လိုက်သေးသည် ဆို၏။ ပိုပြီး ပြောကုန် ဆိုကုန်ကြ၏။

Power စုဖို့ ကောင်းသည် ဆိုပေမယ့် ခုလိုကြီး ဈေးက မတက်ဘဲ နေပြန်တော့ အဆင်မပြေပေ။ ဝယ်စု ပစ်ရအောင်ကြပြန်တော့ လက်ထဲ များများစားစား မရှိနဲ့။ မည်သို့ပင် ဆိုစေ ခုလိုလေး ပိုစ့် ပုံမှန် တင်နိုင်နေတာပဲ ဟုတ်နေပါပြီဟု ပြောရမည် ထင်။ တနေ့တလံ ပုဂံ ဘယ်ရွေ့ပေါ့။



0
0
0.000
7 comments
avatar

ဟုတ်သပ ဘာတွေ ဘယ်လိုများ ပြောရပ။
!LOLZ
!MEME

0
0
0.000
avatar

ပြောကို မပြောချင်တော့။

0
0
0.000