20 th Time Blood Donation

မနေ့က သွေးလှူ ဖြစ်၏။ အကြိမ် 20 မြောက် ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် ရက်စွဲကလည်း 20 ရက်နေ့ ဖြစ်နေ၏။ ညနေခင်း 6 နာရီထိုးမှ သူငယ်ချင်းက phone ဆက်လာခဲ့ခြင်း ဖြစ်၏။ သူ့အသိ၏ အသိတယောက် လိုတာဟု ပြော၏။ လူနာက အသက် 40 အရွယ် လူပျိုကြီးတဲ့ ကျနော်နဲ့ အသက်အားဖြင့် သိပ်မကွာပေ။ သွေးလှူပေးနေရင်း အော် ကျန်းမာရေးက အရေးကြီးလှပါတကားဟု တွေးနေမိ၏။ အသက်အားဖြင့် မကွာကြပေမယ့် တယောက်က ဆေးရုံတက်နေရပြီး တယောက်က သွေးလာလှူပေးနေ၏။

ကိုယ်လည်း ကျန်းမာနေတုန်း လုပ်ပေး လှူပေးနိုင်တုန်းမို့သာ။ စဉ်ဆက်မပြတ် လှူပေးနိုင်ရန် ကိုယ့်ကျန်းမာရေးကိုလည်း ယခုထက် ပိုမို ဂရုစိုက်ဖို့ ကိုယ့်ကိုလည်း သတိပေး ဖြစ်ပါ၏။

2024 December တုန်းက နောက်ဆုံး လှူထားတာ ဆိုတော့ 4 လ ပြည့်လို့ 3 လပင် အပိုထပ်ဆောင်းနေခဲ့ပြီ။ ကြားထဲမှာ သွေးလိုသူတွေ ရှိကောင်း ရှိနေနိုင်ပေမယ့် ဆက်စပ်မှု မရှိနေတာနဲ့ မလှူ ဖြစ်ခဲ့ပေ။ ခုလို အကြောင်းအခွင့် တိုက်ဆိုင်သွားတော့လည်း လှူ ဖြစ်သွားတာပေါ့။ ရှေ့ အကြိမ်တွေတုန်းကလည်း တမင်ကြီး ပြောထားပြီး လိုက်လှူ နေရတာမျိုး မဟုတ်ပေ။

ဘယ်သူကြောင့် ဘယ်လို စတင် လှူဖြစ်ခဲ့မှန်း မသိပေမယ့် 2012 ကတည်းက ခုထိ လပြည့်ရင် ပြည့်သလို တောက်လျောက် လှူ ဖြစ်ခဲ့၏။ တခါတလေ ဆေးရုံတွေက တိုက်ရိုက် phone ဆက်လာတာမျိုး ရှိ၏။ အများစုကတော့ သူငယ်ချင်းတွေ အသိတွေကနေတဆင့် လှူဖြစ်ခြင်း ဖြစ်၏။

ကိုယ်က လပြည့်ပြီဆို ကိုယ်လှူ၊ ကိုယ် မရသေးဘူးဆိုရင် သူငယ်ချင်းတွေကို လိုက်ပြောပေါ့။ သူတို့ ကိုယ်တိုင်လည်း ထိုနည်း၎င်းကောင်းပါပဲလေ။ သူတို့ လှူဖို့ လမပြည့်သေးရင် ကျနော့်ကို လှမ်းပြောလေ့ ရှိ၏။ သွေးက တရက်တလုံး ရော့အင့် ထုတ်လို့ရသည့် အရာ မဟုတ်ပေ။ 4 လမှ တကြိမ် ထုတ်လို့ရသည် မဟုတ်လား။

မနေ့က သွေးလှူတော့ သူငယ်ချင်းကို အဖော် ခေါ်သွား၏။ ဆေးရုံ ကြောက်လို့ မဟုတ် ဆိုင်ကယ် ပျောက်မှာ ကြောက်သောကြောင့် ဖြစ်၏။ ဆိုင်ကယ်နား စောင့်ပေးဖို့ပေါ့။ ဆေးရုံ မကြောက် ပေမယ့် အပ်တော့ ကြောက်၏။ သွေးလှူတိုင်း သွေးဖောက်အပ်ကို ဘယ်တော့မှ မကြည့်ပေ။ သွေးလှူပြီး ပြန်တော့ သွေးလှူ ဖြစ်အောင် phone ဆက်ပေးသည့် သူငယ်ချင်း လင်မယားက ညစာ ကျွေး၏။

သွေးလှူပေးလို့ ဆိုပြီး လူနာရှင် မိသားစုကလည်း အအေးတွေ ကြက်ဥတွေ ပြန်ပေးလိုက်၏။ အအေးပဲ သောက်မယ် ဆိုတာကို ဘယ်လိုမှ ပြောမရဘဲ ကြက်ဥတွေပါ ယူပြန်လာခဲ့ရ၏။ အမေကတော့ ဟင်းချက်လို့ ရတာပေါ့တဲ့ ပြီး မင်းလည်း အားပြန်ပြည့်အောင် စားပေါ့တဲ့။ သွေးလှူရန် လိုက်ကူပေးသော၊ လှူဖြစ်အောင် phone ဆက်ပေးပြီး ညစာပါ ကျွေးသည့် သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါ၏။ Hive မှ မိတ်ဆွေများကိုလည်း ယခုအလှူကို အမျှပေးဝေပါ၏။ ကျနော် နှင့်အတူ ထပ်တူရကြပါစေ။



0
0
0.000
4 comments
avatar

သာဓု သာဓု သာဓု။
ကျွန်တော်ဖြင့် တစ်ခါသား လှူမိတယ်။
နားရွက်တွေတုန် ရင်တွေတုန်နေတာ။
လူက သေချာ စစ်မှ သွေးကျတာရော။
ပေါင်တရာကျော်သာသာ ရှိတာရောမို့ထင်ပ။
!LOLZ
!MEME

0
0
0.000
avatar

ဂရုစိုက် ဦးထွေးရေ။
တော်နေကြာ လှူပေးသူက လူနာ ပြန်ဖြစ်နေမှဖြင့်။

0
0
0.000