Natural Feeling in Countryside

Good luck.
Riding a motorcycle every day can be tiring at times.
However, I still have to travel because I have to work for a living.

Today was a hot day.
There were few clouds in the sky, but the sun was shining brightly.
The road I took today passed through rice fields.
The rice fields were a little yellow because they needed rain.
I stopped in a shady place when I saw birds in the rice fields from my motorcycle.
Some black birds and white herons must have been foraging in the rice fields.
In the distance, I saw a farmer and oxen plowing the fields.
I also pilgrimed the three white Pagodas from a distance.

I also took a memorable photo while admiring the natural scenery from a shady place.
Even though the sun was scorching, it was cool under the shade of the tree.
Because I could feel the cool breeze blowing through the rice fields.
This is the natural taste that rural people enjoy.

မင်္ဂလာရှိကြပါစေ။
နေ့စဉ် ဆိုင်ကယ်စီးကာ သွားလာနေရသည်မှာ တခါတလေတော့ ပျင်းရိဖွယ်ပင်။
သို့ပေသော်လည်း စားဝတ်နေရေး အတွက် အလုပ်လုပ်နေရသည်ဖြစ်သောကြောင့် သွားလာနေရပေဦးမည်။

ယနေ့ကား နေပူပြင်းနေသည်။
ကောင်းကင်၌ တိမ်များ ရှိသော်လည်း ကျဲပါးနေသောကြောင့် နေရှိန်ပြင်းနေခဲ့သည်။
ယနေ့ သွားခဲ့သော လမ်းခရီးသည် စပါးခင်းတွေကို ဖြတ်သွားရပါသည်။
စပါးခင်းတွေသည် မိုးရေ လိုအပ်နေသောကြောင့် အနည်းငယ် အဝါရောင်သန်းနေကြပါသည်။
ကျွန်တော်လည်း ဆိုင်ကယ်စီးရာမှ စပါးခင်း ထဲက ငှက်တွေကို မြင်ရသောအခါ အရိပ်ရသောနေရာ၌ ရပ်နားခဲ့သည်။
အနက်ရောင်ငှက်များ နှင့် အဖြူရောင်ဗျိုင်းငှက် အချို့ စပါးခင်းထဲ အစာကောက်နေကြခြင်း ဖြစ်မည်။
ဟိုအဝေးခပ်လှမ်းလှမ်း၌ လယ်ကွက်ကို ထွန်ယက်နေသော လယ်သမားနှင့်နွားများကိုလည်း မြင်တွေ့ခဲ့ရသည်။
ထုံးဖြူဖြူစေတီတော် သုံးဆူကိုလည်း အဝေးမှ ဖူးမြော်ခဲ့ရပါသည်။

ကျွန်တော်လည်း အရိပ်ရသောနေရာမှ တောသဘာဝရှုခင်းကို ငေးမောရင်း အမှတ်တရဓာတ်ပုံရိုက်ယူခဲ့သည်။
နေရှိန်ပြင်းနေပေမယ့် သစ်ပင်အရိပ်အောက်၌ အေးမြပါသည်။
အဘယ်ကြောင့်ဆိုသော် စပါးခင်းတွေကို ဖြတ်တိုက်လာသော လေအေးလေး၏ ထိတွေ့မှုကို ခံစားရသောကြောင့် ဖြစ်သည်။
ဤသည်ကား ကျေးလက်နေသူတို့ ခံစားရသော သဘာဝအရသာပင်တည်း။



0
0
0.000
6 comments