Cows and Herons
May you be filled with all blessings.
In the rural area where I live, farmers also raise cattle.
The bulls that are used for work are usually fed and prepared at home.
The cows or heifers that are not used for work are sent out into the forest to graze.

On the forest roads where I go to villages for work, I see cows grazing almost every day. I also
see some white herons near the cows grazing.

So I took a picture of the cows and the herons with my phone camera.
The cows don't attack the birds.
The birds probably pick up the insects that appear when the cows pull the grass.
By watching this, the herons must have found an easy way to find food.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ကျွန်တော် နေထိုင်ရာ ကျေးလက်ဒေသ၌ တောင်သူများသည် နွားများကိုလည်း မွေးမြူထားကြပါသည်။
လုပ်ငန်းခိုင်းစေရသည့် နွားထီးများကိုတော့ များသောအားဖြင့် အိမ်၌သာ အစာကို ပြင်ဆင်ပြီး ကျွေးမွေးကြပါသည်။
လုပ်ငန်းမခိုင်းစေရသော နွားများ သို့မဟုတ် နွားမများကိုတော့ တောထဲသို့ စေလွှတ်ကာ မြက်များကို စားစေပါသည်။
အလုပ်ကိစ္စဖြင့် ကျွန်တော် ကျေးရွာတွေဆီ သွားသော တောလမ်းများ၌ နေ့ရက်တိုင်းနီးပါး မြက်စားနေသော နွားများကို တွေ့မြင်ရလေ့ရှိပါသည်။
ထို မြက်စားနေသော နွားများ အနီး၌ အဖြူရောင်ဗျိုင်းအချို့ကိုလည်း တွေ့မြင်ရတတ်ပါသည်။
သို့ဖြစ်၍ ကျွန်တော်သည် နွားများ နှင့် ဗျိုင်းငှက်များကို Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
နွားများသည် ငှက်များကို ရန်မရှာကြပါ။
ငှက်များသည် နွားများက မြက်ပင်များကို ဆွဲနှုတ်ယူလိုက်သောအခါ ပေါ်လာသည့် ပိုးမွှားများကို ကောက်ယူစားကြခြင်း ဖြစ်ပါမည်။
ဤသည်ကို ကြည့်ရှုရခြင်းအားဖြင့် ဗျိုင်းငှက်များသည် အစာရှာရလွယ်ကူသော နည်းလမ်းကို ရှာတွေ့ထားခြင်း ဖြစ်ပါလိမ့်မည်။

