လိပ်ပြာလေးတွေ ဘာလုပ်နေကြလဲ

avatar

မင်္ဂလာပါ။

အိမ်ရှေ့က လမ်းပေါ် လမ်းလျှောက်ထွက်စဉ် လိပ်ပြာလေးတွေကို မြင်တွေ့ခဲ့ရသည်။

ရေကန်မှ ဖောက်ထုတ်သော ရေစိုနေသော နေရာ၌ လိပ်ပြာလေးတွေ ရပ်နားနေကြသည်။
အရွယ်အစား တူပေမယ့် အရောင်အသွေး မတူသော လိပ်ပြာလေးတွေပါ။

ကျွန်တော် သူတို့နား ရောက်တော့ လိပ်ပြာလေးတွေ ထိုနေရာက ထကာ ပျံကြတယ်။
ကျွန်တော် ထိုနေရာ နှင့် ဝေးသွားတော့ ထိုနေရာသို့ လိပ်ပြာလေးတွေ ပြန်ရောက်လာကြတယ်။
ဒါဆို အဲ့ဒီနေရာမှာ လိပ်ပြာလေးတွေ အစာစုပ်ယူနေကြတာလား။
မြေကြီးပေါ် လိပ်ပြာက အစာစုပ်ယူတယ်ဆိုတာတော့ မသိရဘူးပါ။
ဒါဆို လိပ်ပြာလေးတွေ ဘာလုပ်နေကြတာလဲ။



0
0
0.000
2 comments
avatar

အအေးဓာတ်လိုနေတာ နေမှာ 😀။
!LOLZ
!MEME

0
0
0.000