My Entry For Shadow Hunters SMASh Contest

avatar

Hello friends.

Today, Myanmar is holding a sham election.
A sham election is a sham election because it was held by a military coup that usurped power from the elected government and did not include the major parties that value democracy and human rights.
Only a third of Myanmar has polling stations, but few people are turning out to vote.
Moreover, there is little traffic on the streets today.

The village where I live cannot hold elections.
So I live peacefully at home.
The other day, I went to a monastery outside the village.
I took pictures of the beautiful flowers planted in the monastery grounds.
One plant was in full bloom, while the other was not.
The white jasmine flowers were fragrant and lovely.
Most jasmine flowers bloom in the rainy season.
This jasmine flower is called winter jasmine because it blooms in winter.

Today, I have a new Shadow Hunters Contest to present, so I'm sharing my shadow pictures of flowers and plants.
May your life be as beautiful as flowers and fragrant as flowers.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ယနေ့သည် မြန်မာနိုင်ငံ၌ အလိမ်အညာရွေးကောက်ပွဲ ကျင်းပနေပါသည်။
အလိမ်အညာရွေးကောက်ပွဲ ဟု ဆိုရသည်မှာ ရွေးကောက်ခံအစိုးရထံမှ အာဏာလုယူထားသော အကြမ်းဖက်စစ်ကော်မရှင်သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို တန်ဖိုးထားသော အဓိကပါတီကြီးများ မပါဝင်စေဘဲ ကျင်းပသော အတုအယောင်ရွေးကောက်ပွဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သုံးပုံတစ်ပုံမျှသာ မဲရုံများ ချထားနိုင်သော်လည်း ဆန္ဒမဲပေးရန် လူများ စုဝေးနေခြင်း မရှိသလောက်ပါ။
ထို့အပြင် ယနေ့၌ လမ်းပေါ်၌ လူအသွားအလာမရှိသလောက် နည်းပါးနေသည်။

ကျွန်တော် နေထိုင်ရာကျေးရွာမှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ပါ။
သို့ဖြစ်၍ အိမ်မှာ ငြိမ်းချမ်းစွာ နေထိုင်ဖြစ်ပါသည်။
ယခင်နေ့ကတော့ ကျေးရွာအပြင်ဘက်ရှိ ဘုန်းကြီးကျောင်း သို့ ရောက်ဖြစ်ခဲ့သည်။
ထိုဘုန်းကြီးကျောင်းဝင်း အတွင်းမှ အလှစိုက်ပျိုးထားသော ပန်းပင်များကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
တစ်ပင်ကတော့ ပန်းများ ပွင့်လန်းနေပြီး အခြားတစ်ပင်က အပွင့်မပွင့်နေပါ။
အဖြူရောင် စံပယ်ပန်းလေးတွေက မွှေးပျံ့ပြီး ချစ်စရာကောင်းပါသည်။
စံပယ်ပန်းအများစုသည် မိုးရာသီ၌ ပွင့်ဝေတတ်ကြသည်။
ဒီစံပယ်ပန်းက ဆောင်းရာသီ၌ ပွင့်နေသောကြောင့် ဆောင်းစံပယ် ဟု ခေါ်ကြတာ ဖြစ်မည်။

ဒီနေ့တော့ Shadow Hunters Contest အသစ် တင်ပြရန် ရှိသောကြောင့် ကျွန်တော်၏ ပန်းပင်တွေ၏ အရိပ်ပုံများကို ဖော်ပြပေးလိုက်ပါသည်။
မိတ်ဆွေများ ပန်းလိုလှပ ဘဝ မွှေးမြနိုင်ကြပါစေ။



0
0
0.000
8 comments
avatar

ကိုယ်တွေတော့ အိမ်မှာ သတင်းများဖတ်နေ။
!LOLZ
!MEME

0
0
0.000
avatar

I can imagine how wonderful that Jasmine smells! Beautiful shadows.

Read this in a BBC report.. 'Western governments, including the United Kingdom and the European Parliament, have dismissed the vote as a sham'

!LADY
!INDEED
!PIZZA

Thanks for the Shadows!

0
0
0.000