Fried Corn Foodie Phone Photography

It's so delicious to eat hot food in the cold weather.
We love fried food.
We prefer fried food that is deep-fried and crispy.
Winter is over and spring has arrived.
But it's still cold in the early morning.
So, it's really delicious to eat hot fried food in the cold weather in the early morning.

The fried food I ate today can easily be called corn fritters.
This is because these fried usually contain corn kernels.
The person who created these corn fried is my dear wife.

The ingredients in this fried corn are corn kernels, carrots, beans, coriander leaves, eggs, three-ingredient flour, salt, sugar and peanut oil.
First, the corn kernels are soaked in hot water.
Then, the carrots, beans and coriander leaves are washed and chopped.
Then, the three-ingredient flour, eggs, salt and sugar are mixed together.
Then, all the ingredients are mixed together.
Then, they are fried in a frying pan with hot oil.

When the corn chips were crispy, I took them out of the pan and cut them into small pieces.
After that, I ate the hot corn chips with tomato sauce.

This is my delicious breakfast.
Friends, try frying it like me.
It's really delicious, so I'm sharing it.

ရာသီဥတု အေးနေချိန်မှာ ပူတဲ့အစားအစာကို စားသောက်ရသည်မှာ အရသာရှိလှသည်။
ကျွန်တော်တို့က အကြော် ကြိုက်ကြသည်။
ဆီများများဖြင့် ကြွပ်ရွနေအောင် ကြော်ထားသည့် အကြော်ကို ပိုမို ကြိုက်ကြသည်။
ဆောင်းရာသီ ကုန်လွန်လာပြီး နွေဦးသို့ ရောက်ရှိလာပါပြီ။
သို့ပေမယ့် မနက်ခင်း စောစော၌ကား အေးမြနေဆဲ ဖြစ်သည်။
ဒီတော့ မနက်စောစော ချမ်းအေးနေချိန်မှာ အကြော် ပူပူလေး ဝါးစားရသည်က တကယ်အရသာရှိလှသည်။

ယနေ့ စားဖြစ်ခဲ့သည့် အကြော်က ပြောင်းဖူးကြော် ဟုပဲ အလွယ်ခေါ်ရမည်။
ဒီအကြော်ထဲမှာ များသောအားဖြင့် ပြောင်းဖူးစေ့များ ပါရှိသောကြောင့် ဖြစ်သည်။
ဒီ ပြောင်းဖူးကြော် ကို ဖန်တီးခဲ့သူကတော့ ကျွန်တော်၏ ချစ်လှစွာသော ဇနီး ဖြစ်ပါသည်။

ဒီပြောင်းဖူးကြော် ထဲ၌ ပါဝင်သည့်အရာများမှာ ပြောင်းဖူးစေ့၊ မုန်လာဥနီ၊ ပဲသီး၊ နံနံရွက်၊ ကြက်ဥ၊ သုံးမျိုးစပ်အကြော်မှုန့်၊ ဆား၊ သကြား နှင့် မြေပဲဆီ တို့ ဖြစ်ကြပါသည်။
ပထမဦးစွာ ပြောင်းဖူးစေ့များကို ရေနွေးပူဖြင့် စိမ်ထားပါသည်။
ထိုနောက် မုန်လာဥနီ၊ ပဲသီး နှင့် နံနံရွက် တို့ကို ရေဆေးကာ လှီးဖြတ်ထားပါသည်။
ထိုနောက် သုံးမျိုးစပ်အကြော်မှုန့်၊ ကြက်ဥ၊ ဆား နှင့် သကြား တို့ကို သမအောင် ရောမွှေထားပါသည်။
ထိုနောက် ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ပါသည်။
ပြီးတော့ ပွက်နေသော ဆီဒယ်အိုး ထဲ ထည့်ကာ ကြော်ခဲ့ပါသည်။

ပြောင်းဖူးကြော် ကြွပ်ရွနေအောင် ကျက်သောအခါ ဒယ်အိုးထဲမှ ဆည်ယူပြီး အခုငယ်လေးတွေ အဖြစ် လှီးဖြတ်ထားပါသည်။
အဲ့ဒီနောက်မှာတော့ ပြောင်းဖူးကြော် ပူပူလေးကို Tomato sauce လေးနဲ့ အားရပါးရ ဝါးစားခဲ့ပါသည်။

ဒါကတော့ အရသာရှိစွာ စားခဲ့ရတဲ့ ကျွန်တော်၏ မနက်စာလေးပါပဲ။
မိတ်ဆွေတို့လည်း ကျွန်တော် ကဲ့သို့ ကြော်ကာ စားကြည့်ပါလား။
တကယ်အရသာရှိတာမို့ မျှဝေပေးလိုက်တာပါ။



0
0
0.000
7 comments
avatar

အိမ်း စားကောင်းမဲ့ပုံဗျို့။
!LOLZ
!MEME

0
0
0.000
avatar

အကြော် ပါဆို ကောင်းတာပေါ့

0
0
0.000