Foodie Fried Vegetables Phone Photography
Hello friends.
In cold weather, eating warm food is delicious.
In this winter, eating cold rice and cold dishes is not good.
Friends, what do you think of my statement?

This morning I thought of having a hot and spicy breakfast.
So I prepared vegetables that would be good for stir-frying.
I picked pumpkins and okra from the plants growing in the yard.
I also prepared the chayote and onions that I had bought for stir-frying.


To make the salad dressing taste better, I mixed ready-made triple-mixed powder, eggs, salt, sugar, and ginger with a little water to make a paste.

Then, I put a pan on the gas stove and added peanut oil and heated it.
When the peanut oil was boiling, I coated the prepared vegetables in the paste and added them to the pan and fried them.

Then, she made a sauce to eat with the frieds.
The sauce is made with ripe tamarind pulp mixed with hot water, salt, sugar, crushed garlic, and green chilies.


After that, we were hungry, so we ate a variety of fried foods with our breakfast.
It was fun to eat crispy and delicious fried foods with the whole family.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
အေးမြသော ရာသီဥတုမှာ ပူနွေးသော အစားအစာများကို စားရခြင်းကသာ အရသာရှိလှပါတယ်။
ယခုကဲ့သို့ ဆောင်းရာသီကာလ၌ ထမင်းအေး ဟင်းအေးများကို စားကမည်ဆိုလျှင် စားလို့မကောင်းလှပါဘူး။
မိတ်ဆွေတို့ရော ကျွန်တော်၏ အဆိုကို ဘယ်လိုသဘောရပါသလဲ။
ဒီမနက်တော့ မနက်စာကို အကြော်စုံ ပူပူနွေးနွေး ဖြင့် စားရန် စိတ်ကူးခဲ့သည်။
သို့ဖြစ်၍ ကြော်စား၍ ကောင်းမည့် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ခဲ့ပါသည်။
အိမ်ခြံဝင်း အတွင်း စိုက်ပျိုးထားသော အပင်များမှ ရွှေဖရုံသီး နှင့် ရုံးပတီသီးများ ဆွတ်ခူးခဲ့သည်။
ဝယ်ယူထားသော ဂေါ်ရခါးသီး နှင့် ကြက်သွန်နီများကိုလည်း ကြော်စားရန် ပြင်ဆင်ခဲ့သည်။
ဟင်းသီးဟင်းရွက်များ အရသာရှိစေရန် သုပ်လူးမည့် အနှစ်ကို အဆင်သင့်ဝယ်ယူထားသော သုံးမျိုးစပ်အမှုန့်၊ ကြက်ဥ၊ ဆား၊ သကြား နှင့် ချင်း တို့ကို ရေအနည်းငယ်ဖြင့် သမအောင် မွှေကာ ဖျော်ခဲ့သည်။
ထိုနောက်တော့ Gas Stove ပေါ် ဒယ်အိုး တင်ကာ မြေပဲဆီ ထည့်ပြီး အပူပေးခဲ့သည်။
မြေပဲဆီများ ဆူပွက်လာသောအခါ ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များကို အနှစ်ရည် သုပ်လူး၍ ဒယ်အိုးထဲသို့ ထည့်ကာ ကြော်ခဲ့ပါသည်။
ထိုနောက် အကြော် နှင့် တို့ကာ စားရန် အချဉ်ရည် ဖျော်စပ်ခဲ့သည်။
အချဉ်ရည်ကို ရေနွေးဖြင့် ဖျော်ထားသော မန်ကျည်းသီးမှည့်အနှစ်၊ ဆား၊ သကြား၊ ထုထောင်းထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းများ ဖြင့် ဖျော်စပ်ထားခြင်း ဖြစ်သည်။
ထိုနောက်တော့ ကျွန်တော်တို့လည်း ဆာလောင်နေပြီ ဖြစ်သောကြောင့် အကြော်မျိုးစုံကို မနက်စာထမင်း နှင့်အတူ စားခဲ့ကြသည်။
ကြွပ်ရွကာ အရသာရှိလှသော အကြော်မျိုးစုံကို မိသားစု အတူ အားရးပါးက စားရသည်မှာ ပျော်စရာကောင်းလှပါသည်။
!PIZZA
!MEME
$PIZZA slices delivered:
@htwegyi(1/10) tipped @tin.aung.soe
Please vote for pizza.witness!