Banian Leaf Salad Phone Photography

Hello Friends...

I am sharing a seasonal salad with banian leaves.
Since I live in a rural area, I eat the natural vegetables that are available in the countryside.
In the summer, when new buds usually appear, banian trees also produce young leaves.
Some villagers go to the forest, climb the banian trees, pick young buds, and sell them.
The seller boils the young banian buds and sells them.

We bought some pre-cooked young banian buds and ate them as a salad.
The ingredients in this salad are onion, garlic, salt, spicy powder, peanuts, and peanut oil.

Add finely chopped onion slices,
finely chopped onion, crushed roasted peanuts,
and chopped banian leaves,
crushed garlic, fried garlic oil,
salt, and seasoning powder, and mix well.

Banian leaves have a slightly bitter taste.
When mixed with other flavors, we make a delicious vegetable salad.

Banian leaf salad, which is only available in one season of the year, can be eaten as a snack or as a lunch with rice.

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ရာသီစာ ညောင်ရွက်ဖူးသုပ် ကို မျှဝေပေးလိုက်ပါတယ်။
ကျေးလက်ဒေသမှာ နေထိုင်သောကြောင့် ကျေးလက်ဒေသမှာ ရနိုင်သော သဘာဝ ဟင်းရွက် ကို စားရပါတယ်။
အဖူးအညွန့်အသစ် ထွက်လေ့ရှိတဲ့ နွေရာသီမှာ ညောင်ပင်တို့သည်လည်း ရွက်နုအဖူးလေးတွေ ဝေလာပါတယ်။
ကျေးရွာမှာ နေထိုင်သူအချို့က တောဘက်သို့ သွားကာ ညောင်ပင် အပေါ်တက်ပြီး အဖူးအညွန့်လေးတွေ ခူးယူပြီး ရောင်းချကြပါတယ်။
ရောင်းချသူက ညောင်ရွက်နုအဖူးလေးတွေကို ပြုတ်ပြီးမှ ရောင်းချပါတယ်။

ကျွန်တော်တို့က ပြုတ်ထားပြီးသား ညောင်ရွက်နုအဖူးအညွန့်လေးတွေကို ဝယ်ယူပြီး သုပ်စားခဲ့ကြပါတယ်။
ဒီအသုပ် ထဲမှာ ပါဝင်သောအရာများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်အချိုမှုန့်၊ မြေပဲဆံ နှင့် မြေပဲဆီ တို့ ဖြစ်ကြပါသည်။

ဓား ဖြင့် ပါးပါးလှီးထားသော ကြက်သွန်နီဖက်လေးများ၊
ကြက်သွန်နီ ကို ပါးပါးလှီးကာ ကြော်ထားသော ကြက်သွန်နီကြော်၊
လှော်ထားသော မြေပဲဆံ ကို ထုထောင်းထားသော မြေပဲဆံထောင်း နှင့်
ကက်‌ကြေး ဖြင့် ညှပ်ထားသော ညောင်ရွက်နုလေးများ ထဲသို့
ကြက်သွန်ဖြူ ကို ထုထောင်းကာ ကြော်ထားသော ကြက်သွန်ဖြူဆီကြော်၊
ဆား နှင့် ဟင်းခတ်အချိုမှုန့် ထည့်ကာ သမအောင် ရောနယ်လိုက်ပါသည်။

ညောင်ရွက်သည် အနည်းငယ်အခါးဓာတ် ရှိပါသည်။
အခြားသော အရသာများနှင့် ရောစပ်လိုက်သောအခါ စားလို့ကောင်းသော ဟင်းရွက်သုပ် ကို ရရှိပါတော့သည်။

တစ်နှစ်မှ တစ်ရာသီသာလျှင် စားရသော ညောင်ရွက်နုအသုပ် ကို အဆာပြေ စားနိုင်သကဲ့သို့ ထမင်း နှင့် တွဲကာ နေ့လည်စာ အဖြစ်လည်း စားဖြစ်ပါသည်။



0
0
0.000
5 comments