နီလိုက် စိမ်းလိုက် တက်လိုက် ကျလိုက် နိမ့်လိုက်မြင့်လိုက်

မင်္ဂလာပါ။ အခုရက်ပိုင်းတော့ စာရေးဖို့ အတော်လေး ပျင်းနေပြန်သည်။ စာရေးတာတစ်ခုတည်းပျင်းတာလားဆိုတော့ မဟုတ်ပြန်။ ဘာမှမလုပ်ချင်လောက်အောင်ပျင်းနေသည်။ မပျင်းတာဆိုလို့ Hiveစျေး အတက်အကျကြည့်တာတစ်ခုသာ ရှိသည်။

Screenshot_20250603-195724_Binance.png

အခုရက်တွေမှာ Hive စျေးကလည်း တက်မလိုလိုနှင့် ပြန်ကျသွားပြန်သည်။ 0.26 0.27ဝန်းကျင်မှ 0.23ဝန်းကျင်အထိ ကျသွားပြန်သည်။ သူ့ခမျာ 0.27 ဝန်းကျင်လေးရောက်အောင် မနည်းအားတင်းတက်ထားရတာကို စျေးကျတော့လည်း အနီရောင် အတန်းလိုက်ကြီး ထိုးကျသွားရသည်။

Screenshot_20250603-195655_Binance.png

မိမိမှာတော့ စောင့်သာကြည့်နေရသည်။ ကြည့်ရုံသာ ကြည့်ရသည် ဘာမှ လုပ်သည်တော့ မဟုတ်။ အနီ အစိမ်းထိုင်မှတ်ရုံသာ။ နီသွားလိုက် စိမ်းလာလိုက်။ စျေးတက်လိုက် ကျလိုက်။ Hiveစျေးကို ကြည့်ပြီး တွေးမိတာက လောကဓံကို ဖြစ်သည်။ နိမ့်လိုက် တက်လိုက်။ နီလိုက်ဘစိမ်းလိုက်။ အော်... ဘဝတစ်ခုပါဘဲလား Hiveရယ်။

NTy4GV6ooFRmaCXZ8UYgPhoud1kjiNX8QokLEZtbBKLuLWQ9yt7K3o4PG8fAHT8nqJdLrXhv1wkFmU7XSq8inKhsASTSSHQG7ThpFEita6PHBLFpqG32TMrcwsEjF6LTjhQk2KsCPiU9dcBJxD45RZSyzGW2okbroUKxgWNA.png



0
0
0.000
4 comments
avatar

ညည်းပြောသလို ဆယ်ပြားများရောက်မလားအေ။
ဆယ်ဒေါ်လာ ရောက်ချင်လည်း မြန်မြန်ပေါ့လေ။
!MEME
!LOLZ

0
0
0.000
avatar

3$လောက်ပဲ မှန်းထားပါတယ် ဘထွေးရယ်😊😊😊

0
0
0.000