စာချစ်သူသို့ ညွှန်းဆိုရာ (၂)

avatar

မင်္ဂလာပါ။ ဒီနေ့အတွက် စာချစ်သူသို့ ညွှန်းဆိုရာ အစီအစဥ်မှာ မိတ်ဆက်သွားပေးမည့် စာအုပ်လေးတစ်အုပ်ကတော့ သိုးဆောင်းရဲ့ "ပုံပြင်တွေ လွယ်ထားတဲ့ ချစ်သူ" ဖြစ်ပါတယ်။ စာအုပ်အမည်လေးကို ဖတ်လိုက်တာနဲ့ ကျွန်မ စိတ်ထဲ ကောင်မလေးက ချစ်သူတွေ အများကြီးထားပြီးတော့ ကောင်လေးတွေကို လှည့်စားတဲ့ ဇာတ်လမ်းမျိုးလို့ ထဂ်လိုက်တာပါ။ ဒါပေမဲ့ ဖတ်ကြည့်လိုက်တော့ အဲ့လို မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။

ကောင်မလေးက ပုံပြင်အလွန်ကြိုက်သူဖြစ်ပြီး သူမကို ချစ်စကားပြောသူတွေကို ပုံပြင်ပြောခိုင်းတာပါ။ သူမ မေးတဲ့ ပုံပြင်ကို မှန်အောင်ပြောနိုင်သူကို ချစ်သူအဖြစ် လက်ခံမယ်ဆိုပါတယ်။ ဒီဝတ္တုလေးမှာ ထူးခြားချက်က ယုန်နဲ့ လိပ် ပုံပြင်ဖြစ်ပါတယ်။ ယုန်နဲ့ လိပ်ပုံပြင်ကို ကျွန်မတို့ ငယ်ငယ်က ကျောင်းဖတ်စာထဲမှာ သင်ကြားခဲ့ရဖူးပါတယ်။ အပြေးပြိုင်ပွဲမှာ ယုန်တွေ ရှုံးသွားပြီး အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ဝတ္တုထဲမှာတော့ ယုန်နဲ့ လိပ်ရဲ့ ဒုတိယပုံပြင် တတိယပုံပြင်တွေ ပါလာပါတယ်။

အဲ့ဒီလိုပါလာတဲ့ အတွက် ယုန်နဲ့လိပ် ပုံပြင်လေးက စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ်။ စာချစ်သူလည်း ယုန်နဲ့ လိပ်ရဲ့ ဒုတိယပုံပြင် တတိယပုံပြင်တွေကို စိတ်ဝင်စားတယ်ဆိုရင် စာရေးဆရာ သိုးဆောင်းရဲ့ ပုံပြင်တွေ လွယ်ထားတဲ့ ချစ်သူကို ရှာဖွေဖတ်ရှု့မယ်ဆိုရင် ပုံပြင်နှစ်သက်သူတွေအတွက် အခြားပုံပြင်တွေကိုလည်း သိရှိနိုင်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

စာမြည်း
....အမှား......

တကယ်ဆို ငါတို့တွေကိုက
မှားယွင်းလို့ လူဖြစ်လာခဲ့ကြတာပါ
ငါတို့....
အမှားတွေကို ဖတ်တွာ်ခဲ့တယ်
အမှားတွေရဲ့ ဖြားယောင်းမှုမှာ
မိန်းမောခဲ့တယ်
အမှားကို အမှန်ထင်ပြီး
အမှားကိုပဲ ဘုရင်တင်ခဲ့တယ်
အမှားကို အရှင်သခင်လို ကိုးကွယ်ခဲ့တယ်.....



0
0
0.000
7 comments
avatar

အမှားကို ပြင်ဖို့ ပင် မလွယ်ကူတဲ့ ဘဝ။
!LOLZ
!MEME

0
0
0.000
avatar

အနေခက် အသေကျပ် ဘဝတွေ

0
0
0.000
avatar


@suhlaing, sorry to see that you have less Hive Power.
Your level lowered and you are now a Red Fish!

0
0
0.000