နံနက်ခင်းစာ အဆာပြေ

မင်္ဂလာပါ။ ဒီနေ့မှာတော့ မနက်ခင်းစာ အဆာပြေစားသောက်ကြတဲ့ မုန့်လေးတွေ အကြောင်းမျှဝေသွားပါမယ်။

ကျွန်မတို့တွေ နံနက်ခင်း အိပ်ယာက နိုးထပြီး မနက်စာအတွက် ပြင်ဆင် စားသောက်လေ့ရှိကြပါတယ်။ အဲ့ဒီလို စားသောက်ကြတဲ့ အခါ မြန်မာ့ရိုးရာဓလေ့ ​စားသောက်လေ့ရှိတဲ့ အဆာပြေမုန့်တွေကို စားသောက်ကြသလို အနောက်တိုင်းအစားအစာပုံစံ အရှေ့တိုင်း အစားအစာ ပုံစံတွေကို စားသောက်ကြသူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးတွေဟာလည်း သူတို့ ဒေသရဲ့ စားသောက်မှု ပုံစံအလိုက် နံနက်စာကို ပြင်ဆင်စားသောက်ကြတဲ့အတွက် အနည်းငယ် ကွဲလွဲမှုတွေ ရှိကြပါတယ်။ မြန်မာလူမျိုးတွေ အများဆုံး စားသောက်လေ့ရှိတဲ့ နံနက်ခင်း အဆာပြေ အစားအစာတွေကတော့ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ လက္ဖက်ရည်၊ ကော်ဖီ၊ မြန်မာမုန့်မျိုးစုံ ခေါက်ဆွဲကြော် ကြာဇံကြော်တို့ ဖြစ်ပါတယ်။

ကြိုက်နှစ်သက်ရာကို နံနက်စာအဖြစ်ပြင်ဆင်စားသောက်ရာမှာ မြန်မာ့ရိုးရာ မုန့်တွေကတော့ ကျန်းမာရေးအရ ကောင်းမွန်တာကိုလည်း တွေ့ရှိရပါတယ်။ မိတ်ဆွေတို့ကော ဘယ်လို နံနက်စာမျိုးကို ပြင်ဆင် စားသောက်လေ့ရှိပါသလဲ။ မျှဝေပေးကြပါအုံး။ အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



0
0
0.000
12 comments
avatar

မုန့်ဟင်းခါး အကြိုက်ဆုံးပဲ

0
0
0.000
avatar

ဟုတ်ပ ဗူးသီးကြော်လေးနဲ့

0
0
0.000
avatar

အိုးဘဲဥ နံနံပင်များများနဲ့😋😋

0
0
0.000
avatar

အသုပ်ကြိုက်
!LUV
!HUG

0
0
0.000
avatar

ခေါက်ဆွဲသုပ်လေးလည်း ကောင်း

0
0
0.000
avatar

နေ့လည်မှ ထတော့ မနက်စာနဲ့ နေ့လည်စာ ပေါင်းစား ဖြစ်သွား။

0
0
0.000
avatar

မနက်စာ သက်သာသွားရော 😊

0
0
0.000
avatar

ရှမ်းခေါက်ဆွဲ ကြိုက်တယ်။
မနက် ထမင်းကြော် နနွင်းဝါဝါလေးနဲ့ အကြော်ပူပူလေးလည်း ကြိုက်သေး ပြီးရင် ကော်ဖီ၊ လက်ဘက်ရည်လေးနဲ့ အစာပိတ်မယ်။
!LOLZ
!MEME

0
0
0.000
avatar

အရမ်းကောင်း ဘထွေးရေ

0
0
0.000