မိုးအကျနှင့် သောက

မင်္ဂလာပါ မိတ်ဆွေတို့ရေ။ မန္တလေးမြို့မှာတော့ မိုး ၂ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် ရာသီဥတုက အေးမြမြနှင့် နေလို့ ကောင်းသွားပါသည်။ သို့သော် ငလျှင်ရှောင်နေကြသည့် ပြည်သူအချို့က တန့်များတွင် နေထိုင်နေရဆဲဖြစ်ရာ မိုးရွာသွန်းမှုကြောင့် အတော်ဒုက္ခများနေကြပေမည်။ ဘောလုံးကွင်းများ စာသင်ကျောင်းများ စျေးကွက်လပ်များတွင် တန့်များထိုး၍ နေရသူများအဖို့ မန္တလေးနွေအပူထက် မိုးရေစက်များက ပိုပူနေကြလေမလား မသိနိုင်။

ဘေးဒုက္ခပေါင်းများစွာနှင့် မြန်မာပြည်သည် Facebookထဲက လူအချို့ရေးသားကြသလို ဒုက္ခကိုသာ စျေးကြီးကြီးနဲ့ ရောင်းလို့ရရင် ငါတို့တိုင်းပြည် အချမ်းသာဆုံး ဖြစ်မှာတဲ့။ ယနေ့မနက်လည်း မိုးက ဖွဲဖွဲကျနေသေးသည်။ မကြာမီ ကလေးတွေ ကျောင်းဖွင့်တော့မည်။ ငလျှင်ဒဏ်ထိ ကျောင်းများတွင် ကလေးများကျောင်းတက်ကြရအုံးမည်။

Facebookတွင် အိမ်လှူကြသည့် အလှူများကို တွေ့ရသည်။ ကျွန်မအမြင်ကတော့ အလှူထဲတွင် အမြတ်ဆုံးအလှူဟုသာ ပြောချင်ပါသည်။ ဒုက္ခရောက်နေချိန် အလိုအပ်ဆုံးအရာကို ဖြည့်ဆည်းပေးသည့် အလှူရှင်များသည် အင်မတန်မြင့်မြတ်လှပေသည်။ မိုးမကျမီ ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပေးနိုင်ကြပါစေဟုသာ ဆုတောင်းလိူက်ရပါသည်။



0
0
0.000
4 comments
avatar

မိုးကျတော့ အပူသက်သာသွားတယ်။
!LOLZ
!MEME

0
0
0.000
avatar

ကိုယ့်အတွက်တော့ အဆင်ပြေသွားပါတယ် ဘထွေးရေ

0
0
0.000