ကြော်မယ် စားကွယ် ဟင်းနုနယ်

မင်္ဂလာပါ မိတ်ဆွေတို့ရေ။ ပူပြင်းလှတဲ့ ရာသီဥတုမှာ အစားအသောက်ကလည်း အတော်ပျက်တာကိုး။ ထမင်းကို မစားချင်ဖြစ်ရပါတယ်။ ဆီပြန်ချက်ထားတဲ့ ဟင်းဆို ပိုဆိုး။ မြင်ကို မမြင်ချင်ပေ။ ဒီရာသီမှာ ရေတွေသောက် အအေးတွေသောက်နဲ့ ဗိုက်ကြီးသာ ကယ်လာတယ် ဟာတာတာကြီး။ ဆိုတော့ မယ်စုလည်း ထမင်းစားကောင်းအောင် ဘာတွေချက်စားရမလဲ တွေးရပြီပေါ့။

ဝမ်းအေးပြီး အာဟာရဖြစ်တာလေးနဲ့ စားချင်စိတ်ရှိတာလေး ချက်စားဖြစ်ပါတယ်။ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး။ ငါးကြော်နဲ့ မန်းကျည်းရွက် ချဥ်ရေပေါ့။ ပြီးတော့ ဟင်းနုနယ်ရွက်ကြော်။ ဟင်းနုနယ်ရွက်က အာဟာရ ဖြစ်ဆိုတော့ ညနေတိုင်း ကြော်စားဖြစ်တာပေါ့။ အရွက်ကတော့ ဝယ်စရာမလို။ မယ်စုရဲ့ အိမ်ရှေ့စိုက်ခင်းလေးမှာ အစေ့လေးတွေ ကျဲထားရာကနေ အခင်းလိုက်ပေါက်နေပါတယ်။

ငရုတ်သီးစိမ်းလေးကနည်းနည်း စိုက်ပျိုးထားပါတယ်။ ရေလေးမှန်မှန်လောင်းတော့ အပင်လေးတွေက စိမ်းစိုနေသည်ပေါ့။ ဒီညနေလည်း ဟင်းနုနယ်ရွက်လေး ကြော်စားရပါအုံးမယ်။ မိတ်ဆွေတို့လည်း စိုက်ပျိုးထားတဲ့ အပင်လေးတွေ ကြွားခဲ့ကြပါအုံးလို့။ အားလုံး ဘေးရန်ကင်းပါစေ။



0
0
0.000
4 comments
avatar

စိုက်မယ် စားမယ်ပေါ့။
!LOLZ
!MEME

0
0
0.000
avatar

ဘတ်ဂျက်လည်း ချွေတာရာကျတာပေါ့ ဘထွေးရယ်😊

0
0
0.000