🎸 Exploring Missions & New Card Drops in Rising Star
Hello, Rising Star family! Today, I want to share some insights into the missions we play every day and some exciting news from the game. As I’ve reached Level 106, choosing the right missions is key to growing my account.

Rising Star ကစားဖော် သူငယ်ချင်းတို့ရေ... မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မတို့ နေ့တိုင်းဆော့နေတဲ့ Mission တွေအကြောင်းနဲ့ ဂိမ်းထဲက စိတ်လှုပ်ရှားစရာ သတင်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ အခု ကျွန်မ Level 106 ကို ရောက်လာတဲ့အခါမှာ အကောင့်တိုးတက်ဖို့အတွက် Mission မှန်ကန်စွာ ရွေးချယ်တတ်ဖို့က အရမ်းအရေးကြီးမှန်း သိလာရပါတယ်။
💰 The Journey to Becoming a Millionaire
I remember when I first aimed for the "Starbits Millionaire" status, I spent around 300 HIVE to collect my first 1,000,000 STARBITS. Back then, Starbits were much more expensive!
💰 Millionaire ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်
ကျွန်မ "Starbits Millionaire" ဖြစ်ဖို့ စတင်ကြိုးစားတုန်းက STARBITS ၁ သန်း ရဖို့အတွက် 300 HIVE ဝန်းကျင်အထိ သုံးစွဲခဲ့ရတာ အမှတ်ရစရာပါပဲ။ အဲ့ဒီအချိန်က Starbits ဈေးက အခုထက် အများကြီး ပိုမြင့်ခဲ့တာပေါ့။

Today, you can reach this status for approximately 60 to 70 HIVE.
အခုအချိန်မှာတော့ STARBITS ၁ သန်းကို 60 ကနေ 70 HIVE ဝန်းကျင်နဲ့တင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
Once you hit this goal, you get a steady 10,000 STARBITS daily reward.
ဒီပန်းတိုင်ကို ရောက်တာနဲ့ တစ်နေ့ကို 10,000 STARBITS ပုံမှန်ရရှိမှာ ဖြစ်ပါတယ်။
To keep my Ego at 0%, I focus on Music Lessons. Sometimes, I get lucky with 80 Skill points during a lesson or find a Coffee to boost my energy recovery.
Ego ကို 0% မှာ ထိန်းထားနိုင်ဖို့ Music Lessons တွေကို အာရုံစိုက်နေပါတယ်။ တစ်ခါတလေ Lesson လုပ်ရင်း Skill 80 အထိ ကံကောင်းရင် ရတတ်သလို၊ Energy ပြန်ပြည့်နှုန်းမြန်စေမယ့် Coffee လေးတွေလည်း တွေ့တတ်ပါတယ်။

Exciting news! New cards are ready, featuring a musician who plays Rising Star, @lfu-radio (E336 Alejandro). There are also amazing new Legendary and Instrument cards with high stats.
သတင်းကောင်းကတော့ ဒီလအတွက် Rising Star ကစားသမား ဂီတပညာရှင် Alejandro (E336) အပါအဝင် ကတ်အသစ်တွေ ထွက်ရှိလာပါပြီ။ Stats အမြင့်ကြီးပါတဲ့ Legendary ကတ်နဲ့ Luck 1000 ပါတဲ့ Instrument ကတ်အသစ်တွေလည်း ပါဝင်ပါတယ်။
I just opened a new pack to try my luck, and here is what I got:

ဒီကတ်အသစ်လေးတွေကို ရမလားဆိုတာ ကံစမ်းကြည့်ဖို့အတွက် Pack တစ်ထုပ် ထပ်ဖောက်ကြည့်ခဲ့ပါတယ်
R604 Scottie (Rare): 115 Fans, 115 Skill, 2 Luck, 5 IM.
i317 Sunset Storm Kit (Common): 5 Luck.
i319 Hard Violin Case (Common): 1 Luck.
Final Thoughts:

Whether it’s hitting Millionaire or chasing new cards, the journey is always exciting. What are your favorite missions? Let’s keep rocking!
Millionaire ဖြစ်ဖို့ပဲဖြစ်ဖြစ်၊ ကတ်အသစ်တွေ စုဖို့ပဲဖြစ်ဖြစ် ဒီဂိမ်းက အမြဲတမ်း စိတ်လှုပ်ရှားဖို့ ကောင်းနေဆဲပါပဲ။ သူငယ်ချင်းတို့ရော ဘယ် Mission တွေကို အကြိုက်ဆုံးလဲဟင်? အားလုံးပဲ အောင်မြင်ကြပါစေရှင်။



