ဘေးကင်းလုံခြုံမှု

ကျောင်းနေအရွယ် ကလေးတွေအတွက် ကျောင်းပရဝုဏ်ကြီးဟာ လုံခြုံဘေးကင်းရာ မဟုတ်တော့ဘူးလားဆိုတဲ့ မေးခွန်းဟာ ပြီးခဲ့တဲ့ အပတ်က ဆိုရှယ် မီဒီယာအပေါ်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

အကြောင်းကတော့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ အမရပူရမြို့နယ် မြစ်ငယ် အထက်တန်းကျောင်းဝန်းအတွင်းမှာ နေ့လယ်ပိုင်း ထမင်းစားကျောင်းဆင်းချိန် စာသင်ခန်းထဲမှာ ဓားထိုးမှု ဖြစ်ပွားခဲ့တယ် ဆိုတဲ့ သတင်းပါ။

ဖြစ်စဥ်ကို မသိရသေးခင်ကပင် ကျောင်းသားမိဘတွေဟာ စိတ်ပူပန်မှုကို ဖြစ်ခဲ့ကြပါတယ်။ ဖြစ်စဥ် အကျဉ်းကတော့ ကျောင်းမနေတဲ့ ၁၇နှစ်အရွယ် ဝိုင်းဝိုင်းလို့ အမည်ရတဲ့ ကောင်လေးဟာ ကျောင်းထဲဝင်ဖို့အတွက် သူ့ညီမလေးကို အအေးနဲ့ မုန့် သွားပို့အုံးမယ်ဆိုပြီး ခွင့်တောင်းပါတယ်။

ဝင်ခွင့်ရတော့ Grade 11 Bခန်းထဲကို ဝင်သွားပြီးတော့ အသင့်ပါလာတဲ့ ခဲချွန်ဓားနဲ့ ကောင်မလေးတစ်ယောက်ကို လည်ပင်းညစ်ပြီး ဓားနဲ့ လှီးပါတယ်။ အဲ့ဒီအချိန်မှာ ဘေးက ဝင်ဆွဲတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ကိုလည်း ထပ်ပြီး ထိုးပါတယ်။

အဲ့ဒီ ဒဏ်ရာတွေနဲ့ ၃ယောက်စလုံးကို ဆေးရုံတင်လိူက်ရပြီး တရားခံဖြစ်သူ ဝိုင်းဝိုင်းကတော့ ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အခုအချိန်ဆိုရင်တော့ ဖမ်းမိသွားလောက်ပြီ ထင်ပါတယ်။

ဖြစ်စဥ်ကတော့ သမီးရည်းစားကိစ္စလို့ သိရပါတယ်။ တရားခံ ဖြစ်သူနဲ့ ဓားထိုးခံရတဲ့ ကောင်မလေးနဲ့က သမီးရည်းစားတွေ ဖြစ်ပြီး ကောင်မလေးက နောက်တစ်ယောက်တွဲတော့ ပြဿနာဖြစ်ကြတယ်လို့ သိရပါတယ်။

ပြောချင်တဲ့ အချက်က အခုရောက်ပါပြီ။ ကျောင်းဝန်းအတွင်းမှာ ဖြစ်သွားတဲ့အတွက် တာဝန်အရှိဆုံးက ဆရာ ဆရာမတွေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ ကျောင်းဆင်းချိန်လည်းဖြစ် နယ်ဘက်က​ ကျောင်းတွေမှာက လုံခြုံရေးအားနည်းတဲ့ အပိုင်းတွေ ရှိနေပြန်ပါတယ်။

သက်ဆိုင်ရာကတော့ တာဂန်ကျ ဆရာ ဆရာမကို ပြစ်ဒဏ်တော့ ပေးနိုင်တယ်လို့ ယူဆရပါတယ်။ ကျွန်မတို့ ေကျာင်းသား မိဘတွေဘက်က ကြည့်မယ်ဆိုရင်လည်း ကျောင်းကို လွတ်လိုက်ပြီဆိုရင် အများအားဖြင့် ဆရာ ဆရာမတွေကို ယုံကြည်ကြပါတယ်။ ဆရာမတွေ မျက်စိအောက်မှာ ကလေးတွေ လုံခြုံလိမ့်မယ်လို့ တွေးထားပါတယ်။

ဒါကြောင့် ဒီလို အမှုမျိုး ထပ်မဖြစ်ရလေအောင် ကျောင်းလုံခြုံရေးအတွက် မိဘ ဆရာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ​ကျောင်းလုံခြုံရေးအတွက်
ကြပ်မတ်စွာနဲ့ တင်းကြပ်စွာ ဆောင်ရွက်သွားစေလိုပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်။



0
0
0.000
3 comments
avatar

ကျောင်းသားအချင်းချင်းလည်း ရန် ဖြစ်နေကြတာ
သတင်းတွေမှာ တွေ့ရတယ်။ ဘယ်လိုပြောရမှန်းတောင်
မသိအောင်ပါလေ။

0
0
0.000
avatar

ဟုတ်ပါ့ ဘထွေးရေ

0
0
0.000
avatar

Congratulations @suhlaing! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 27000 upvotes.
Your next target is to reach 28000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000