အညာနွေက ပူပါတယ်ဗျာ
အညာနွေက ပူပါတယ်ဗျာ××××× မောင့်ရင်ခွင် ဘယ်ဘက်ခြမ်းက××× ပိုပူလွန်းလိူက်တာ××× ဘာကြောင့်ပါလဲ......
ခုတလော အကြားရ အများဆုံး သီချင်းလေး ဖြစ်ပါတယ်။ Tiktokမှာလည်း ဒီ သီချင်း Facebookမှာလည်း ပြေးမလွတ်
ဟုတ်လည်း ဟုတ်ပါသည်။ သီချင်းစာသားတွေနဲ့ လိုက်ဖက်စွာ ဒီနှစ် အညာနွေက အတော်လေး ပူပြင်းလှပါသည်။
အအေးပိုင်းဒေသများတွင်သာ အနေကြာခဲ့သော ကျွန်မ။ အညာနွေ အပူချိန်ကို ခံနိုင်ရညွ မရှိပါ။ ပြီးခဲ့သည့် တနင်္ဂနွေ ၂၆ဘ၂၇ ၂၈ ရက်များကဆိုလျှင် လူးလိမ့်နေအောင်ပူပါသည်။ တနင်္ဂနွေ တစ်ရက်တည်း မန္တလေးမြို့တွင် အပူချိန်ကြောင့် သေဆုံးသူ ၄၀ခန့်ရှိသည်ဟုလည်း သိရှိပါသည်။
အပူချိန်လွန်ကဲခြင်းကတော့ ကျွန်မ တစ်သက်တွင် မကြုံဘူးပါ။ မီးပုံဘေးထိုင်နေရသလိုပင် ခံစားမိပါသည်။ လေတိုက်နေပါသော်လည်း ရေနွေးပူနှင့် ပတ်နေသလို ခံစားရပါသည်။ ထို့နောက် ယခု ရက်ပိုင်း ၁ရက် ၂ရက်တော့ မိုးလေးကျလို့ နေသာပါသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း မဟုတ်သော်လည်း နေ၍ ဖြစ်သည်။ အအေးဓါတ်လေးရသည်။ နွေသည် မေလ တစ်လ ကျန်နေသေးသည်။ ဘယ်လို ဖြတ်သန်းရမလဲ အညာနွေရေ။
အညာနွေက ပူပါတယ်ဗျာ........
ပူချက်ကတော့ ကျွန်တော့်အမေ
ဆေးထိုးယူရတယ်ဗျာ။
!PIZZA
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
လူကြီးတွေ အတော်ခံစားရမှာ စိတ်မကောင်းပါဘူး ဘထွေးရေ
$PIZZA slices delivered:
@htwegyi(1/10) tipped @suhlaing