သီတင်းကျွတ် အမှာ
အားလုံး မင်္ဂလာပါ။
- ဒီနှစ် သီတင်းကျွတ် အခါသမယမှာ မိတ်ဆွေ မိဘ ဆရာသမားတွေကို ပြောချင်တာက ကျန်းမာအောင်နေကြဖို့ပါပဲ။
- ကျန်းမာဖို့ဆိုတာကလည်း ကံ စိတ် ဥတု အာဟာရ တို့ပေါ်မှာ မူတည်မယ် ထင်ပါတယ်။ အဲဒီထဲမှာမှ ကိုယ်နဲ့ တိုက်ရိုက်နီးပါး ဆက်စပ်နေတာကတော့ အာဟာရနဲ့ စိတ် လို့ပြောရမယ် ထင်ပါတယ်။
- ကိုယ်နဲ့ ကိုက်ညီတဲ့ အာဟာရကိုသုံးဆောင်မယ်၊ မကိုက်တဲ့ အရာကို ရှောင်မယ်၊ ဒါကိုယ် လုပ်နိုင်တာတစ်ခုပေါ့။
- နောက်တစ်ခုကတော့ ကိုယ့် စိတ်ကို ပျော်အောင်ထားမယ်၊ ဒါကိုယ် နောက်ထပ်လုပ်နိုင်တာတစ်ခု။
- စိတ်ကိုပျော်အောင်ဆိုတဲ့အရာမှာ မုန်းတီးမှု၊ မနာလိုမှု စတဲ့ မကောင်းတဲ့ စိတ်တွေ မထားတာ မျိုးလို့ပဲ ပြောရမှာပါ။
- မကောင်းတဲ့စိတ်တွေက ခန္ဓာကိုယ်မှာ ရောဂါ တစ်ခုမျိုးမျိုးအနေနဲ့ အသွင်ပြောင်း သွားစေနိုင်တယ်လို့မြင်ပါတယ်။ ဒါကြောင့်စိတ်ကို ကောင်းအောင်ထားမယ်၊ ဒါလည်း ကိုယ် လုပ်နိုင်တာ နောက်တစ်ခု။
- ကံ - ကံဆိုတဲ့ အပိုင်းကလည်း အလုပ်ဆိုတော့၊ ကောင်းအောင်နေမယ်၊ အိပ်ရေးဝအောင် အိပ်မယ်၊ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်မယ်၊ စသည်ဖြင့် ကိုယ် လုပ်နိုင်တာလေးတွေ လုပ်မယ်။
- ဒီလို ကိုယ်လုပ်နိုင်တာလေးတွေ လုပ်ပြီး ကျန်းမာအောင်၊ အသက်ရှည်အောင် နေကြဖို့ တိုက်တွန်းပါတယ်။
Created by Gemini Banana
- ကျန်းမာအောင်နေမယ်၊ ကျန်းမာအောင်နေကြပါ ဆိုတာပြောတာလွယ်ပေမယ့် အချို့ အရာတွေက ကျင့်သုံးရခက်မယ်၊ အကျင့်ဟောင်းကို ဖျက်ရခက်မယ်၊ ဒါမျိုးတွေရှိနိုင်ပါတယ်။
- ကျွန်တော်တို့ရဲ့ အကျင့်ကို ပြောင်းဖို့ဆိုရင် ပထမဆုံး အခြေခံကျတဲ့ အရာကတော့ စိတ်လို့ ပြောရမယ် ထင်ပါတယ်။
စိတ်ဆိုတော့ စိတ်မှာက
၁။ သတိသည် အာရုံကို ယူပေးတဲ့သဘော၊
၂။ အသိစိတ်သည် အာရုံကို သိတဲ့သဘော၊
၃။ သညာသည် အာရုံကို မှတ်သား၊ အကဲဖြတ်တဲ့သဘော၊
၄။ ဝေဒနာသည် အာရုံကို ခံစားတဲ့သဘော၊
၅။ သင်္ခါရသည် အာရုံကို တုံ့ပြန်တဲ့သဘော ဆိုပြီး ရှိပါ မယ်။ (credit to a FB post)
- ဒီစိတ်ရဲ့ သဘောတွေထဲကမှ ကျွန်တော်တို့က တုန့်ပြန်တတ်တဲ့ သဘောကိုပြု ပြင်ပြီး ကိုယ့်ရဲ့ အကျင့်ကိုပြုပြင်နိုင်ပါတယ်။
- ဥပမာ ညနေတိုင်း အရက်သောက်နေတတ်သူက ညနေရောက်ရင် အရက်သောက်ချင်စိတ် အာရုံပေါ်လာတဲ့အချိန်မှာ ဒီအာရုံကို သတိနဲ့သိပြီး မတုန့်ပြန်ပဲနေကျင့်ရှိလာရင် အရက်သမားအကျင့်ကနေ လွတ် လာမှာဖြစ်ပါတယ်။
- ကျွန်တော်တို့ စိတ်ရဲ့ သဘောတွေထဲက သတိကို အသုံးချမယ်၊ ပြီးတော့ ၏ အာရုံတွေကို တုန့်ပြန်တတ်တဲ့ သဘောကို အသုံးချပြီး အာရုံတွေပေါ်လာချိန် ဥပက္ခါနဲ့ နေမယ်၊ သတိ+ဥပက္ခါ တွဲမယ်ဆိုရင် အကျင့်ဟောင်းကနေ လွတ်မြောက်နိုင်တယ် လို့ မြင်ပါတယ်။
- တရားစခန်းမှာက ဒီလို သတိ ဥပက္ခါကို အားကောင်းအောင် လေ့ကျင့်ပေးတော့ ဆေး၊ ဆေးလိပ် ကွမ်းယာ စွဲတာကနေ ပျက်သွားတာ မျက်မြင်ပါပဲ။
- စိတ်ရဲ့ သဘောသဘာဝတွေထဲက သတိ နဲ့ သင်္ခါရကို အသုံးချတာလို့ မြင်ပါတယ်။
- ဒေါသ နဲ့ တုန့်ပြန်တတ်တဲ့ သဘော (ဒေါသ သင်္ခါရ) တဖြည်းဖြည်းနဲပါးလာရင် ကိုဖြင့် အေးချမ်းတဲ့ စိတ်ကို ခံစားသိမြင်လာနိုင်ပါတယ်။ သတိထားမယ်၊ တုန့်ပြန်တဲ့ ပုံစံပြောင်းမယ် ဆိုတာက ကိုယ်လုပ်နိုင်တာထဲကပါ။
- တရားစခန်းမှာက ဝေဒနာတွေကို ရှုတာ ဆိုတာထက် ဒီအချက်လေးတွေပိုပါတယ်။ ကိုယ်တိုင် ကျင့်သုံးကြည့်ပါ၊ အားထုတ်ကြည့်ပါ၊ ကောင်းမွန်မှန်ကန်တယ်ဆိုမှ လက်ခံပါ။ ဒါမယ့် ကောင်းမွန်တယ်ဆိုတာကို သိနိုင်ဖို့ဆိုတာကလည်း ဒီတရားကို အရင်နားလည်ဖို့လိုပါတယ်။ အချို့ဆို တရားစခန်း သုံးကြိမ်ဝင်ပြီးမှ ဒီနည်းကို နားလည်တယ်လို့ဆိုပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
@princekham
8th Oct 2025
0
0
0.000
Health is very important. Thanks for sharing!
!LUV
!PIZZA
!MEME
$PIZZA slices delivered:
asterkame tipped princekham
@phyowinkoko7(1/10) tipped @princekham
Come get MOONed!
!PIZZA
လေ့လာ မှတ်သားထားပြီး လိုက်နာ နေထိုင်ကြည့်ပါမယ်ဗျ။
အကိုလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။
မှတ်သားရပါတယ်ဗျာ။
PIZZA
!MEME