New Year Wish (နှစ်သစ် ဆုတောင်း)

အားလုံး မင်္ဂလာပါ။

(image source: https://www.marketing-interactive.com/kantar-10-noteworthy-trends-for-marketers-in-2025)

၂၀၂၅ မှာ တော့ ကိုယ့်စိတ်မှာ ပိတ်ဆို့ နေတဲ့ အညစ်အကြေးတွေကို ထပ်ပြီး ဖယ်ရှားသွားမှ၊ာပါ။ ကြောက်ရွှံတာ - အမှန်ကို အမှန််လို့ မပြောရဲတာ ကလည်း စိတ်မှာ ပိတ်ဆို့စေတဲ့ အညစ်အကြေးလို့ မြင်ပါတတယ်။
အားနာတတ်တာ - ကောင်းတဲ့ အားနာခြင်းမျိုးလဲ ရှိမလားတော့ မသိဘူး။ နောက်ပိုင်း မြင်မိတာက အားနာတတ်တာကလည်း ကြောက်စိတ်တစ်မျိုးမို့ ပယ်ရမယ့် အရာလို့မြင်ပါတယ်။
အချိန်ဆွဲတတ်တာ - ဒါက လုပ်သင့်တဲ့ အလုပ်ကို မလုပ်ဖြစ်ပဲ ၊ ကိုယ့်အာရုံထဲမှာ ဒီအလုပ်ကို မနှစ်သက်တဲ့ စိတ်နဲ့ တုန့်ပြန်နေမိတာလို့ မြင်ပါတယ်။
နှမြောတတ်တာ - နှမြောတာက ဟို တစ်လောအဖွားလေး 'နှမြောတဲ့စိတ်က လောဘစိတ်တစ်မျိုးပဲ' လို့ ပြောမှ၊ သူပြောတာကို လက်ခံလာမိပါတယ်။

လူတစ်ဦးချင်းရဲ့ စိတ်မှာ ပိတ်ဆို့ နေတဲ့ အညစ်အကြေးချင်းကတော့ တူမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုကိုယ်က သတိနဲ့ ကြည့်နေမှ သိနိုင်တာမျိုးပါ။ တစ်ချို့က မုတိတာ မပွားနိုင်တာ ( မနာလိုတာ) စသည်ဖြင့် အမျိုးမျိုးရှိကြမှာပါ။ ဒီလို စိတ်တွေဖြစ်လာချိန်မှာ ကိုယ်က တစ်စုံတစ်ရာ ပြန်ပြီး တုန့်ပြန်တာမျိုး မလုပ်ရင် ဒီ စိတ်တွေဟာ ကြာတော့ ချုပ်ငြိမ်းသွားတာမျိုးပါ။

ဒီလို စိတ်အညစ်အကြေးတွေ ရှင်းလိုက်တော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်ဆီမှာရှိတဲ့ ကောင်းတဲ့ စိတ်လေးတွေ နိုးထ အားကောင်းလာပါတယ်။ ဘက်မလိုပဲ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ပညာ - Wisdom ဆိုတာ ပေါ်လာမယ်။
တကယ်လို့ ကိုယ့်စိတ်ကိုပိတ်ဆို့ စေတဲ့ အညစ်အကြေးတွေလဲ ရှင်းထားပြီးပြီ ဆိုရင် စိတ်ကောင်း စေတနာကောင်း အကျင့်ကောင်း တွေကို လက်ခံဖို့ ကိုယ့်စိတ်ကို ဖွင့်ထားဖို့ မမေ့ပါနဲ့ လို့ ဆိုပါတယ်။

ကျွန်တော်တို့ လူ့ဘဝကိုလာတာ ပါရမီဖြည့်ပြီးနောက်ထပ် အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားဖို့ပါ။ ဒါကြောင့် အခု နှစ်သစ်မှာ စိတ်မှာ ရှိနေ ကျန်နေသေးတဲ့အညစ်အကြေးတွေ ထပ်ပြီး ရှင်းလင်းပြီး ကောင်းတဲ့ စိတ်လေးတွေနဲ့ အစားထိုးဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

ဤအားလုံးကျန်းမာကြပါစေ။ နှစ်သစ်မှာ ရွင်လန်းကြပါစေ။

@princekham
2nd Jan 2025
Myanmar



0
0
0.000
12 comments
avatar

ပိတ်ဆို့နေသော အညစ်အကြေးများကို
ဖောက်ထုတ်ပစ်ရအုံးမှာပါလေ။
!PIZZA
!MEME

0
0
0.000
avatar
(Edited)

PIZZA!

$PIZZA slices delivered:
htwegyi tipped princekham
asterkame tipped princekham
princekham tipped asterkame
@princekham(3/10) tipped @htwegyi

0
0
0.000
avatar

Thanks for sharing nice content!
!LUV
!PIZZA
!MEME

0
0
0.000