မတူတာကို လက်ခံနိုင်ဖို့ဆိုရင်

အားလုံး မင်္ဂလာပါ။

အချို့အလုပ်တွေက အာရုံနဲ့တင် မလုပ်ချင်နေတတ်တာမျိုး၊ အဲဒါကို လုပ်တယ်ဆိုတဲ့ အာရုံကို မကြိုက်တော့ နေ့ရွေ့ ညရွေ့ပေါ့။ အဲလို အာရုံမျိုးကို ကျော်အောင်၊ ကျော်လွားနိုင်အောင်လုပ်နိုင်တာကလဲ ဝိပဿနာ တစ်မျိုးလို့မြင်တယ်။

ပြီးတော့ မတူကွဲပြားတာကို လက်မခံနိုင်တာ၊ ကိုယ့်အကြိုက်နဲ့ မတူရင် လက်မခံချင်တော့ဘူး။ ကိုယ်ဖြစ်ချင်တာ က အေးဆေး နေချင်တာမျိုး၊ ဖြစ်သင့်တဲ့အရာ လုပ်သင့်လုပ်ရမယ့်ဟာက ဥပမာ အမှိုက်ကြုံးတာ ဖြစ်ချင်ဖြစ်မယ်၊ သန့်ရှင်းရေးလုပ်ဖို့လိုတာ ဖြစ်ချင်ဖြစ်မယ််။ တစ်ခုခု ပေါ့။ အဲမှာ မတူညီတာစတော့တာပဲ။ ကိုယ်က မနက်ဇိမ်နဲ့ အိပ်နေချင်ပေမယ့် လုပ်သင့်တာက မနက်လေ့ကျင့်ခန်းလုပ်တာမျိုး၊ စျေးသွားဖို့လိုတာမျိုးပေါ့။ ကိုယ်က ဝါသနာပါတာလုပ်ချင်နေပေမယ့် လုပ်သင့်နေတာက ပိုက်ဆံဝင်တဲ့ အလုပ်မျိုး။ လူမျိုးခြား၊ ဘာသာခြား လိုမျိုးမတူတာကလဲ မတူခြင်းတစ်မျိုးပေါ့။ မတူကွဲပြားမှု ဆိုတဲ့ အာရုံကို လက်ခံကျော်လွားလာနိုင်လေ ကိုယ်နေထိုင်တဲ့ ပုံစံလည်းပြောင်းလာလေ လို့မြင်တယ်။ အတွေးအာရုံက ပြောင်းလာပြီကို။ ဝိပဿနာက ကိုယ်ခန္ဓာမှာဖြစ်တဲ့ ဝေဒနာအပြင်၊ စိတ်မှာဖြစ်တဲ့ မုန်းတီးတာ မနှစ်သက်တာတွေကို ကျော်လွားပေးနိုင်တယ်လို့မြင်ပါတယ်။

ဒီမှာ မတူတာကို လက်ခံတယ်ဆိုလို့ မတရားတာကို လက်ခံတာမျိုး မဟုတ်ဘူးနော်။ မနေ့က အိမ်က အမှိုက်တွေစုပြီး သွားပစ်လိုက်တယ်။ တခြားအလုပ်တွေကြားက ဒီ အမှိုက်ပစ်ဖို့ဆိုတာ အပို အလုပ်တစ်ခုလိုခံစားရပေမယ့် အမှိုက်တွေလဲ များလာတာကြောင့် ကိုယ်က အရင်လိုအနေအထားမျိုးမှာဆို မလုပ်ချင်ပေမယ့် ဝိပဿနာ အားထုတ်ပြီးနောက် ဒီလို စိတ်လေးတွေကို ကျော်လာနိုင်တယ်။

ဝိပဿနာအားထုတ်တာက ကိုယ်မကြိုက်တဲ့အာရုံလဲ ကိုယ့်အတွက််ဘာမှ မဟုတ်နေတော့သလိုပဲ။ သည်းခံစရာမလိုပဲ သည်းခံပြီးသားဖြစ်နေတတ်တယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
19th Oct 2024
Myanmar



0
0
0.000
8 comments
avatar

Thanks for your nice content!
!LUV
!PIZZA
!MEME

0
0
0.000