ကျွန်တော့်ရဲ့ manifestation မှတ်စု (၄)

avatar
(Edited)

အားလုံးမင်္ဂလာပါ။

ပိုစ့်လေး တွေ ရေးချင်ပေမယ့် တစ်ရက် တစ်ရက် သင်တန်းနဲ့မို့ အချိန်သိပ်မရပါ။ နောက်နှစ်ရက်လောက်ဆိုရင်တော့ အိမ်ပြန်ရောက်ပြီဖြစ်ပါတယ်။ အဲကျမှ တင်နေကျ actifit ပိုစ့်လေးတွေ ပြန်တင်ပါမည်။

ဒီကနေ့ manifestation မှတ်စုမှာ တော့ ကျွန်တော်တို့ ဘယ်လို ချိန်ညှိ နေထိုင်သင့်လဲ alignment အကြောင်းလေး မှတ်သားမိတာလေး တွေကို ရေးမှာ ဖြစ်ပါတယ်။

  • ပထမဆုံးတော့ ကိုယ့်ရဲ့ ဝန်းကျင်ကို ရွေးရမယ် ထင်ပါတယ်၊ တရားထိုင်ရင် အတတ်နိုင်ဆုံး အေးချမ်းတဲ့၊ vibration ကောင်းတဲ့ နေရာကို ရွေးသင့်ပါတယ်။ vibration ကောင်းတဲ့ နေရာဆိုတာက အခြား သူတွေရဲ့ မကောင်းတဲ့ vibration ကို ရှောင်နိုင်ဖို့လိုပါတယ်။ ဦးဂိုအင်ကာ ကိုယ်တိုင် ဘုရား မှာ သွားတရားထိုင်တာ ခေါင်းကိုက်ပြီး ပြန်ခဲ့ရတယ်ဆိုပါတယ်။ အဲဒီမှာက ဂြိုလ်ထောင့်ဆိုတော့ လူတွေလာဆုတောင်းတဲ့နေရာ၊ ပူပန်မှုတွေ များတာမို့ အဲဒီက မကောင်းတဲ့ vibration ေတွကိုယ့်ကို လွမ်းမိုးတာမျိုးပါ။ ကောင်းတာကတော့ လူအများ စုပေါင်းတရားထိုင်တဲ့နေရာမျိုး၊ တရားစခန်းလိုနေရာမျိုး၊ လူသူနည်းတဲ့နေရမျိုးတွေ ကို ရွေးခြယ်သင့်ပါတယ်။
  • နေရာ အပြင် အချိန်ကလည်း ကိုယ့်အပေါ် အကျိုး သက်ရောက်နိုင်တယ် ဆိုပါတယ်။ အများစုပေါင်းတရားထိုင်တဲ့အချိန် တွေမှာ vibration ကောင်းတတ်တာမို့ ရိပ်သာဒါမှမဟုတ် တစ်နေရာရာမှာ စုပေါင်းတရားထိုင်တာမျိုး၊ zoom နဲ့ အချိန်မှန် စုပေါင်းတရားထိုင်တာမျိုးတွေ မှာ ပါဝင်သင့်ပါတယ်။
  • နောက်တစ်ခုက ကိုယ်နဲ့ vibration တူတဲ့ သူတွေကိုပဲ ပေါင်းသင်းတာမျိုး လုပ်သင့်တယ်ထင်ပါတယ်။ vibration မတူတဲ့ သူကျတော့ language မတူတဲ့သူနဲ့ တွဲရသလိုပါပဲ၊ အတူတကွ ညှိနိုင်းပြောဆို လုပ်ကိုင်ရတာ အဆင်မပြေလှပါဘူး။ ပြီးတော့ သူတို့ကို လည်း ကိုယ့် level ရောက်အောင် ဆွဲတင်မှာမျိုး မလုပ်သင့်ပါဘူး။ အဲလိုလုပ်ရင် နှစ်ဦးကြားမှာမပြေလည်တတ်တာမို့ပါ။

နောက်ဆုံးတစ်ချက်ကတော့ ကျွန်တော်တို့ လိုချင်တဲ့အရာတွေနဲ့ အမြဲ လမ်းကြောင့်တည့်နေဖို့လိုတယ်ထင်ပါတယ်။ သမုဒ္ဒရာမှာ ခရီးနှင်နေတဲ့ သင်္ဘောတစ်စီးလိုပါပဲ ကိုယ်သွားမယ့်နေရာကို အမြဲ ပဲကိုင်မောင်းနှင်နေဖို့လိုတယ် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာဆိုရာလည်း ကိုယ့်ကိုလမ်းကြောင်းပြောင်းသွားစေတဲ့အရာ၊ ကိုယ်သွားတဲ့လမ်းကို မေ့သွားစေတဲ့အရာတွေက များပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့်လမ်းကို အမြဲ သတိရစေဖို့ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို manifestation list လုပ်ထားပြီး အမြဲ ကိုယ့်ကိုယ်ကို သတိပေးနေသင့်တယ်လို့ထင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

‌princekham
18th Sep 2025
Myanmar



0
0
0.000
5 comments