manifestation (၂)
အားလုံးမင်္ဂလာပါ။
ဟိုတစ်ပါတ်က Alison မှာ manifestation ( စိတ်ကူးနဲ့ ပုံဖော်ပြီး လက်တွေ့ဖြစ်အောင် ဖန်တီးခြင်း) နဲ့ ပါတ်သက်ပြီးတော့ အတန်း တက်ဖြစ်ခဲ့ပါတယ်။ အဲဒီအတန်းကနေ သိရှိမှတ်သား မိတာကက
Law of Attraction (စွဲငင်မှုဥပဒေသ) အရ၊ အတွေးတစ်ခုကို ၁၇ စက္ကန့်ကြာအောင် စိတ်ထဲတွင် ထိန်းထားနိုင်ခြင်းက manifestation ဖြစ်အောင် လုံလောက်တဲ့ ကြိမ်နှုန်းစွမ်းအင် (vibrational energy) ကို တည်ဆောက်ပေးနိုင်ပြီး အဲဒီကတစ်ဆင့် ဆင်တူသော အတွေးနဲ့ အတွေ့အကြုံများကို စွဲဆောင်လာနိုင်တယ်ဆိုတာပါပဲ။ ("17-second rule")
ဒါကြောင့်မို့ ကျွန်တော်တို့က ကောင်းတဲ့ အတွေးတွေးဖို့ စိတ်ကို ပျော်ရွင်အောင်ထားဖို့ လိုတယ်လို့ နားလည်မိပါတယ်။ ကောင်းတဲ့ အတွေးကို ၁၇ စက္ကန့်ကြာအောင် ထိန်းထားမိရင် နောက်ထပ် သူနဲ့ တူတဲ့ ကောင်းတဲ့ အတွေးနဲ့ အတွေ့အကြုံတွေကိုပဲ ဆွဲဆောင်တဲ့ frequency ကို ကျွန်တော်တို့ ထုတ်မိမှာ ဖြစ်ပါတယ်။
ဒီလို ကိုယ်တွေးတဲ့ အတွေးက ၁၇ စက္ကန့်နဲ့ အရှိန်ရလာပြီး စုစုပေါင်း ၄ ကြိမ် ကြော့တွေးမိတယ်ဆိုရင်ပဲ manifestation ( စိတ်ကူးနဲ့ ပုံဖော်ပြီး လက်တွေ့ဖြစ်အောင် ဖန်တီးခြင်း) ဖြစ်ဖို့ လုံလောက်တဲ့ စွမ်းအားတွေ စုစည်းမိပြီလို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က manifestation ဖြစ်ဖို့၊ ၇ စက္ကန့် လေးကြိမ်ဆိုတော့ ၆၈ စက္ကန့် အနည်းဆုံး ကိုယ့်အတွေးကို ထိန်းထား ရမှာဖြစ်ပါတယ်။
manifestation လုပ်တဲ့ အခါ ကိုယ်လိုချင်တဲ့အရာကို စိတ်ကူးပုံဖော်ပြီး ကျေးဇူးတရားပွားများတာဆိုတာ တော်တော်များများက သိပြီးကြပြီထင်ပါတယ်။ ကိုယ်လိုချင်တဲ့ အရာကို ကိုယ့်ဆီမှာရှိနေတယ်ဆိုပြီး စိတ်ကူးပုံဖော်ပြီး ကျေးဇူးတင်ရတာမျိုးပါ။ ဥပမာ ကိုယ်ပိုင်အိမ်တစ်လုံးလိုချင်ရင် ကိုယ့်ဆီမှာ ကိုယ်ပိုင်အိမ်ရှိနေတယ်၊ ဒီအတွက် ကျေးဇူးတင်ပါတယ် စိတ်ထဲမှာပွားများ ကြပါတယ်။
တစ်ခါတစ်လေကျတော့ ကိုယ့်မှာ မရှိတာကို ကျေးဇူးတင် နေရတော့ မယုံသလိုဖြစ်လာတတ်ပါတယ်။ ဒါကို ကျော်လွားဖို့ နည်းလမ်းကောင်းတစ်ခုက manifestation ဖြစ်ဖို့ ကျေးဇူးတရား ပွားများတဲ့အခါမှာ ကိုယ့်ဆီမှာ ရှိပြီးသားနဲ့ ကိုယ်လိုချင်တာကို ရောပြီး ပွားများတာပါ။ ဥပမာ -
ကျွန်တော် ကျန်းကျန်းမာမာ ရှင်သန်နေရလို့ ကျေးဇူးတင်ပါတယ်။ (ကိုယ့်ဆီမှာ တကယ် ရှိတဲ့အရာ)
ကိုယ်ပိုင် အိမ်လေးနဲ့ နေနေရကြောင့် ကျေးဇူးတင်ပါတယ်။ (ကိုယ်လိုချင်တဲ့ အရာ)
(ကိုယ့်ဆီမှာရှိပြီးသား)
(ကိုယ့်ဆီမှာရှိပြီးသား)
(ကိုယ်လိုချင်တဲ့အရာ)
စသည်ဖြင့် ...
ဒီလို ရှိပြီးသားနဲ့ လိုချင်တဲ့ အရာကို ရောပြီးကျေးဇူးတရားပွားများလိုက်တော့၊ ကိုယ်လိုချင်တဲ့ အရာကလည်း ရှိပြီးသားဆိုပြီး စိတ်က အထင်ရောက်သွားပြီး ရှိတယ်ဆိုတဲ့ vibration တုန်ခါမှု frequency ကို ထုတ်လွတ်ပါမယ်။ ကျေးဇူးတရားပွားများတာကို အနည်းဆုံး ၆၈ စက္ကန့်ကြာ လုပ်ရမှာဖြစ်ပါတယ်။ လိုချင်တဲ့ အရာကို ကျေးတရားပွားများတဲ့ အခါဆိုရင်လည်း ကိုယ့်ဆီမှာ ရှိနှင့်ပြီးသား အနေနဲ့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ လိုချင်တဲ့ စိတ်နဲ့ ပွားများမိရင်တော့ (lacking vibration) မရှိခြင်း တုန်ခါမှုကို ထုတ်လွတ်မိမှာမို့ ဖြစ်ပါတယ်။
ဒီလို ရှိပြီးသားအရာနဲ့ ကိုယ် manifest လုပ်လိုတဲ့အရာတွေကို ရောပြီး ကျေးဇူးတရားပွားများတဲ့ နည်းကိုတော့ Andrew Kap ရေးတဲ့ "The Last Law of Attraction Book You’ll Ever Need To Read" စာအုပ်ကနေ ထုတ်နုတ်ထားတာပဲ ဖြစ်ပါတယ်။
နောက်တစ်ပိုစ့်မှာတော့ manifestion အဆင့် သုံးဆင့် အကြောင်းနဲ့ အခြားမှတ်သားမိတာလေးတွေ အကြောင်းဖော်ပြသွားပါမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အပိုင်း (၁) အတွက်
https://ecency.com/hive-122133/@princekham/manifestation-lokkyme
မှာ ကြည့်နိုင်ပါတယ်။
@princekham 28h Aug 2025 Myanmar
စိတ်ဝင်စားစရာ ကောင်းပါတယ်
ကျွန်မလည်း လေ့ကျင့်ကြည့်အုံးမယ်
လေ့လာကြည့်ပါ။ စာအုပ်လင့် လိုရင်လည်းပြောပါ။ Feedback အတွက်ကျေးဇူးပါ။
This is interesting. Thanks for sharing!
!LUV
!PIZZA
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Glad to hear! Welcome!
Thanks!
!LUV !MEME !PIZZA
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@princekham(1/10) tipped @asterkame
asterkame tipped princekham
Come get MOONed!