ကိုယ့်ကိုယ်ကို ကုဖို့လိုပါတယ်

အားလုံးမင်္ဂလာပါ။

ကိုယ့်ကိုယ်ကို ကုသတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ heal ကုသတာကို ဆိုလိုချင်တာပါ။

ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဘာလို့ heal လုပ်ဖို့လိုတာလဲ?

၁. စိတ်ဒဏ်ရာတွေ၊ မပြေလည်တဲ့ခံစားချက်တွေကို ဖြေလျှော့ဖို့

  • ငယ်ဘဝကနာကျင်မှု၊ စွန့်ပစ်ခံရမှု၊ ကြောက်ရွံ့မှုတွေက ဘဝတစ်လျှောက် ကျွန်ပ်တို့ရဲ့အတွေးနဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနေတတ်ပါတယ်။

  • ကိုယ့်ကိုယ်ကို ကုစားခြင်းက က ဒီအနာတွေကို သတိထားမိပြီး ပြန်လည်အားပြည့်လာစေဖို့ကူညီပေးပါတယ်။

၂.ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်

  • စိတ်ဖိစီးမှု၊ မနာလိုဝန်တိုမှု နဲ့ ဒေါသတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး နာတာရှည်ရောဂါတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

၃. ဆက်ဆံရေးတွေ ကောင်းမွန်ဖို့

  • ကိုယ်တွင်းမှာ မပြေလည်တဲ့အရာတွေရှိနေရင် သူများကိုလည်း အပြည့်အဝမချစ်နိုင်သလို ယုံကြည်မှုလည်းမရှိနိုင်ဘူး။

  • မိမိကိုယ်ကိုကုသခြင်းက ကိုယ့်ကိုယ်ကို ချစ်တတ်လာစေပြီး အခြားသူတွေနဲ့လည်း ပွင့်လင်းတဲ့ဆက်ဆံရေးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၄. ဘဝရည်မှန်းချက်နဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့

  • အတိတ်ကနာကျင်မှုတွေကို မဖြေရှင်းရင် ဘဝမှာ ပြည့်ဝမှုမရှိသလို ခံစားရတတ်ပါတယ်။

  • ကိုယ့်စိတ်ကို သန့်စင်ပြီး အတွင်းစွမ်းအားတွေကို ပြန်လည်ရှာဖွေခြင်းက သင့်ရဲ့စစ်မှန်တဲ့လမ်းကြောင်းကို ရှာဖွေဖို့ကူညီပေးမယ်။

ကိုယ့်ကိုယ်ကို ဘယ်လို heal စလုပ်မလဲ?

  • မေတ္တာတရားနဲ့ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ – ကိုယ်တိုင်ကို ချစ်ပါ၊ အားနာမှုတွေရပ်ပါ။

  • အတိတ်ကိုလက်ခံပါ – နာကျင်မှုတွေကို ငြင်းပယ်မနေဘဲ သတိထားပြီး လွှတ်ပေးလိုက်ပါ။

  • သဘာဝ၊ ဆုတောင်း၊ တရားထိုင်ခြင်းတို့နဲ့ ဆက်သွယ်ပါ – စိတ်ကိုငြိမ်အောင်ထားပါ။ ဝိပဿနာအားထုတ်ပါ။

  • Energy Healing (Reiki, Meditation) လုပ်ပါ – ခန္ဓာကိုယ်ထဲက ပိတ်နေတဲ့စွမ်းအင်တွေကို ဖွင့်ပေးပါ။

အခုချိန်ခါမှာ လူတွေဟာ အခက်အခဲမျိုးစုံကြောင့် နာကျင်မှုကိုယ်စီ ရှိကြတာမို့ self-healing လုပ်ဖို့ လိုအပ်တဲ့ ကာလဖြစ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းစွာနေတတ်ဖို့ ဝိပဿနာတရားကိုလည်းနာယူ ကျင့်သုံးဖို့လိုအပ်တယ်လို့မြင်ပါတယ်။ အမုန်းပွား အပြစ်တင်တာ စတာတွေနဲ့ မတုန့်ပြန်ဖို့ စိတ်အေးချမ်းစွာနေတတ်ဖို့ ီးဂိုအင်ကာ တရားစခန်းတွေကနေ သင်ကြားပေးနေပါတယ်။ အခါအခွင့်ရရင် ဝင်ကြည့်စေချင်ပါတယ်။

အောက်မှာတော့ ကျွန်တော်တက်တဲ့ NLP အတန်းက ဆလိုက်တစ်ခု ကို မျှဝေလိုက်ပါတယ်။ ပုံထဲမှာတော့ အောက်က လုပ်ဆောင်ချက်တွေ လုပ်မယ့်အစား အပေါ် မျဥ်းတည့်တည့်က ဟာတွေနဲ့ အစားထိုးလုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို စွမ်းဆောင်ရည် (empower) မြင့်လာစေမှာဖြစ်ပါတယ်။

Image source: https://lifestylerefocus.wordpress.com

  • Judgement (ဆင်ခြင်ဝေဖန်ခြင်း) အစား Acceptance (လက်ခံခြင်း) ပြုလိုက်ပါ။ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ဝေဖန် သုံးသပ်နေမယ့်အစား၊ လက်ခံပြီး အပြုသဘောဆောင် လုပ်ဆောင်ဖို့ပါ။

  • Victim (သားကောင် ခံစားချက်) အစား Hero (သူရဲကောင်းစိတ်ထား) နဲ့ အစားထိုးပါ။ သူတစ်ပါးကို အပြစ်တင် မယ့်အစား တာဝန်ယူမှု တာဝန်ခံမှု စိတ်ထား ထားရှိဖို့ဖြစ်ပါတယ်။

  • Stuck (ပိတ်မိနေခြင်း) မယ့်အစား Choice (ရွေးချယ်မှုရှိခြင်း)၊ ရွေးချယ်နိုင်မှုထားပါ။ ကိုယ့်ကိုယ်ကို ပိတ်တာ - ဥပမာ - ငါဘာမှမလုပ်နိုင်ဘူး၊ ဒါဒီကောင်ကြောင့်/ဟိုကောင်ကြောင့်လို့ အပြစ်ပြော အစား ငါဘာလုပ်နိုင်မလဲ၊ ဘယ်လို အဖြေရှာမလဲ စသည်ဖြင့် ကိုယ့်ကိုကိုယ် ရွေးချယ်ခွင့်ပေးပါ။

  • React (အလိုအလျောက်တုံ့ပြန်ခြင်း) ပြုမယ့်အစား Respond (ဆင်ခြင်တုံတရားဖြင့်တုံ့ပြန်ခြင်း) ပြုပါ။ စိတ်လိုက်မာန်ပါ ခံစားချက်နဲ့ မတုန့်ပြန်ပဲ ဆင်ခြင်တုံတရားနဲ့ တုန့်ပြန်တတ်ဖို့ဖြစ်ပါတယ်။

  • At Effect (အကျိုးဆက်ဘက်တွင်) မှာ မနေပဲ At Cause (အကြောင်းတရားဘက်တွင်) မှာနေပါ။ ကိုယ်က အကြောင်းတရားဖြစ်ဖို့ အားထုတ်သူ ဖြစ်ရမယ် လို့ဆိုလိုတာပါ။ ဥပမာ - "ငါ မချမ်းသာသာဟာ မိဘတွေကြောင့်/ ဆရာ မကောင်းလို့ "ဆိုပြီး ပြောမယ့်အစား "ငါချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ၊ ဘာတွေစီမံရမလဲ" လို့ အကြောင်းတရား ဖြစ်ပေါ်ဖို့အားထုတ်ရမှာဖြစ်ပါတယ်။

  • Vagueness (မရေရာမှု) ကို Clarity (ရှင်းလင်းမှု) မှုနဲ့ အစားထိုးပါ။ ဝိုးတိုးဝါးတား နေမည့်အစား တိကျတဲ့ ရည်မှန်းချက် အချိန်သတ်မှတ်ချက် စတာတွေထားရှိဖို့ဖြစ်ပါတယ်။

  • Failure (ကျရှုံးမှု) ကို Feedback (ပြန်လည်သုံးသပ်မှု) နဲ့ အစားထိုးပါ။

စတာတွေဖြစ်ပါတယ်။ ကျန်တာတွေကတော့ မိတ်ဆွေ နားလည်ဖို့လွယ်ကူတာမို့ မရေးတော့ပါ။

မိတ်ဆွေတို့ ကျန်းမာ ချမ်းသာကြပါစေ။

@princekham
15h July 2025
Myanmar



0
0
0.000
3 comments