ဘဝဟန်ချက်

အားလုံးမင်္ဂလာပါ။

ဟိုတစ်ရက်က သင်တန်း မှာ ဘဝမြေပုံဆိုတာလေး အကြောင်း သင်ကြားခဲ့ရပါတယ်။ ကျွန်တော်တို့ ဘဝမှာ အောက်ပုံပါ အချက်တွေဖြစ်တဲ့ နေထိုင်ရာအိမ်၊ ကျန်းမာရေး၊ ပျော်ရွင်မှု၊ ကိုယ့်မိသားစု၊ စိတ်ပိုင်းဆိုရာ၊ အလုပ် နဲ့ ငွေကြေးစတဲ့ အချက်တွေ ကောင်းမွန်ပါမှ ကျွန်တော်တို့ ဘဝ ဟန်ချက်ညီ လည်ပတ်မှာဖြစ်ပါတယ်။ ဒီထဲက တစ်ခုခု ချွတ်ယွင်းခဲ့ရင် ဒီဘီးလုံး ကြီးက ရှေ့ကို လည်ပတ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။


(image credit to original creator)

ဒါကြောင့်မို့ ကျွန်တော်တို့ ဒီထဲက တစ်ခုခု အားနည်းနေရင်လည်း ကောင်းမွန်အောင် ပိုမိုအားထည့်ပြီးလုပ်ဆောင်ရမှာပါ။ ဂရုစိုက်ရမှာပါ။

ကျွန်တော်ကတော့ ဒီနောက်ပိုင်း အိမ်မှာ နေထိုင်ရာမှာ ပိုမိုအဆင်ပြေဖို့ လုပ်ဆောင်နေမိပါတယ်။ ပေါင်းမြက်နဲ့ အမှိုက်ရှင်းတာ၊ ပေါင်းသတ်ဆေး ဖျန်းတာ၊ ခွေးတွေတွက် အကာအရံလုပ်တာ စတာတွေပါ။ ပိုမိုကောင်းမွန်တဲ့စနစ်တွေကိုလဲ တွေးတောပြီး အကောင်အထည်ဖော်လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ခွေးတွေကိုလဲ အိမ်ခြံဝင်းထဲ မထားတာမို့ အပြင်မှာ သူတို့ကို အခြားခွေးတွေ လာမနှောက်ယှက်နိုင်အောင် အပြင်ခြံဝင်းလေး လုပ်ဖြစ်ပါတယ်။ အမှိုက်ကို မီးရှို့တာ မြန်ဆန်အောင်ဆိုရင် မီးရှို့ပုံးလေး လုပ်ပါတယ်။

ဒါတွေလုပ်တာ အချိန်ကုန်တယ်လို့ အစက ထင်မိပေမယ့်၊ အပေါ်က ဘဝမြေပုံအရ ကိုယ်နေထိုင်ရာ အိမ် သာယာ အဆင်ပြေအောင်လုပ်နေတာမို့ အချိန်ဖြုန်းတာလို့ မမှတ်ယူ မိတော့ပါဘူး။

ဒီတစ်လော တရားရှုမှတ်တာကြောင့်မို့ ကောင်းတဲ့ စိတ်တွေအားကောင်းလာလို့လား မသိ၊ ကိုယ့်အိမ်လမ်းပေါ် အမှိုက်တွေရှိနေရင် သတိထားမိပြီး ရှက်စိတ်ဖြစ်မိလာပါတယ်။ အရင်ကတော့ အခြားစိတ်တွေ လွမ်းမိုးနေလို့လား မသိပါ၊ ကိုယ့် ဝန်းကျင် ရှုတ်နေတာလဲ သတိမထားမိခဲ့ သလိုပါပဲ။ (တရားမှတ်တာကတော့ ထူးထူးထွေထွေ မဟုတ်ပါဘူး။ စိတ်နဲ့ ခန္ဓာကို သတိထားကြည့်ပြီး ပေါ်လာတဲ့ ဝေဒနာတွေကို မတုန့့်ပြန်ပဲ သတိထားကြည့်ရုံသာကြည့်တာ ဖြစ်ပါတယ်။)

မိတ်ဆွေတို့လည်း ကျန်းမာပျော်ရွင် ဘဝဟန်ချက်ညီနိုင်ကြပါစေ။

@princekham
8th July 2025
Myanmar



0
0
0.000
19 comments
avatar
(Edited)

PIZZA!

$PIZZA slices delivered:
@princekham(2/10) tipped @htwegyi
asterkame tipped princekham
princekham tipped asterkame
htwegyi tipped princekham

Come get MOONed!

0
0
0.000
avatar

ဟီး
ခုမှ သတိထားမိတယ်။ ကျနော့် ဘီးလုံးကြီးက မလှိမ့်ချင် လှိမ့်ချင်နဲ့ အိပဲ့အိပဲ့ သွားနေတာကိုး။

0
0
0.000
avatar

အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါ
!PGM
!LOLZ
!MEME

0
0
0.000
avatar

အဟေး ငါ့ ဘီးကြီးကလည်း လေ မရှိသလိုပါပဲ။
!PIZZA
!MEME

0
0
0.000