အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၉)
အားလုံး မင်္ဂလာပါ။
logotherapy ဆိုတာဘာလဲ
Logotherapy ဆိုတာ Austrian စိတ်ရောဂါအထူးကုနှင့် Holocaust အသက်ရှင်ကျန်ရစ်သူ Viktor Frankl ကတီထွင်ထားသော စိတ်ကုထုံးပုံစံတစ်ခုပဲဖြစ်ပါသည်။
Frankl ရဲ့သူ့ရဲ့လူနာကို ပထမဆုံး မေးတဲ့မေးခွန်းက ' ခင်ဗျားဘာကြောင့် ကိုယ့်ကိုကိုယ် မသတ်သေတာလဲ' ဆိုတာပါပဲ။ ဒီလို အနေအထားမှာ လူနာက အများအားဖြင့် သူဘာကြောင့် အသက်ရှင်ချင်နေသေးတယ်ဆိုတဲ့ အဖြေကို ပေးပါမယ်။
ဒါဆိုရင် logotherapy ကဘယ်လို အလုပ်လုပ်လဲ?
အဖြေကတော့ရှင်းပါတယ်။ အသက်ရှင်နေရခြင်းရဲ့ အကြောင်းအရင်းကို ကူညီရှာဖွေပေးတာပါပဲ။
Logotherapy ကုထုံး ကလူနာတွေကို သူတို့ ရဲ့ဘဝရည်ရွယ်ချက်ကို ရှာဖွေဖို့ တွန်းအားပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ရောဂါကို ရင်ဆိုင်ခိုင်းတာပါ။ ဒီလို သူတို့ရဲ့ ဘဝရည်မှန်းချက်ကို ရှာဖွေဖို့ကြိုးစားခြင်းက သူတို့ကို ရှေ့ဆက်အလုပ်လုပ်ဖို့ တွန်းပို့စေပြီး အတိတ်က စိတ်ခံစားချက် ချိတ်ဆက်မှုတွေကို ချိုးဖောက်ဖျက်ဆီးစေခြင်းအားဖြင့် တွေ့ကြုံလာမယ့်အခက်အခဲတွေကို ရင်ဆိုင်ကျော်လွားစေနိုင်တာပဲဖြစ်ပါတယ်။
အသက်ရှင်နေဖို့အတွက် တစ်စုံတစ်ခုသောအရာ
Frankl ရဲ့ သူ့ရဲ့ Vienna မှာရှိတဲ့ ဆေးခန်းမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လူနာတွေနဲ့ လူပုဂ္ဂိုလ်တွေမှာ ၈၀ ရာနိုင်နုန်းက လူသားတွေဆီမှာ အသက်ဆက်ရှင်သန်ဖို့ အကြောင်းလိုအပ်တယ်လို့ ယုံကြည်ကြပြီးတော့ ၆၀ ရာခိုင်နုန်းခန့်ကတော့ သူတို့ အသက်ပေးဝံ့တဲ့ အရာတစ်ခုရှိတယ် ဆိုတာပါပဲ။
အဓိပ္ပါယ်ရှာဖွေခြင်း
အဓိပ္ပါယ်ရှာဖွေဖို့ ကြိုးစားခဲ့ခြင်း ကိုယ်၌ကပဲ Viktor Frankl ကို သူ့ရဲ့ ပန်းတိုင်တွေကို ရရှိစေခဲ့တာပါ။ Logotherapy မှာပါတဲ့ အဆင့် ငါ:ဆင့်ကို ကြည့် ကြည့်ကြရအောင်။
၁။ လူတစ်ဦးသည် ခံစားချက် ဗလာဖြစ်နေပြီး စိတ်ပျက်နေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်နေမယ်။
၂။ ကုသပေးတဲ့သူက သူဒီလိုခံစားနေရတာဟာ "အဓိပ္ပါယ်ရှိတဲ့ဘဝကို နေထိုင်ချင်လို့ပဲ ဖြစ်တယ်" ဆိုတာကို လမ်းပြပေးမယ်။
၃။ လူနာက သူ့ရဲ့ ဘဝရည်မှန်းချက်ကို တွေ့ရှိသွားမယ်။
၄။ လူနာက သူ့စိတ်ဆန္ဒနဲ့ပဲ သူရင်ဆိုင်နေရတဲ့ ကံကြမ္မာကို လက်ခံမလား ငြင်းဆန်မလားဆိုတာကို ဆုံးဖြတ်မယ်။
၅။ ဒီအသစ်တွေ့ရှိတဲ့ ဘဝအတွက် စိတ်အားထက်သန်မှုတွေက သူ့ကို ဝမ်းနည်းမှုနဲ့ အတားအဆီးတွေကိုကျော်ဖြတ်ဖို့ ကူညီပေးမယ်။
Viktor Frankl ကိုယ်တိုင် သူ့မူနဲ့ စံနုန်းတွေအတွက် အသက်ရှင်နေပြီး ဒီ့အတွက် အသက်ပေးဝံ့သူလဲ ဖြစ်ပါတယ်။ သူ့ရဲ့ Auschitz မှာ အကျဥ်းသားဘဝနဲ့ နေထိုင်ခဲ့တဲ့ အတွေ့အကြုံက ဘာပြသလဲဆိုင်ရင် "လူတစ်ယောက်ဆီကနေ အရာတစ်ခုကလွဲပြီး ကျန်တာအားလုံး ယူဆောင်သွားလို့ရတယ်။ အဲဒီအရာတစ်ခုကတော့ ပေးထားတဲ့ရ အခြေအနေ မှာ ဘယ်လိုစိတ်မျိုးထားမယ်၊ ဘာကို ရွေးခြယ်မယ်ဆိုတဲ့ သူ့ရဲ့လွတ်လပ်မှုပဲ"။ ဒီအချက်က သူ့ကို တစ်ယောက်ထဲ ဖြတ်သန်းစေနိုင်ခဲ့တဲ့အရာဖြစ်ပြီး သူ့ရဲ့ ကျန်နေသေးတဲ့ဘဝအတွက် စိတ်ခွန်အားဖြစ်စေတဲ့အရာလည်းဖြစ်ပါတယ်။
image source: https://www.mcgrawsystems.com/logotherapy-to-ikigai/
ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။
ဤအားလုံးကျန်းမာကြပါစေ။
@princekham
16th Oct 2024
Myanmar
Gained knowledge about it!
!LUV
!PIZZA
!MEME
@princekham, @asterkame(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@asterkame(1/5) tipped @princekham