အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၁၃)

အားလုံး မင်္ဂလာပါ။

ဖြစ်ရပ်မှန် လေ့လာမှု: ကိုယ့်ကိုကိုယ် သေကြောင်းကြံသူ မိခင်တစ်ဦး

၁၁ နှစ်အရွယ် သားငယ်ကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးကသူ့ရဲ့အခြားကလေးတစ်ဦး နဲ့ သူ့ကိုယ်သူ သေကြောင်းကြံဖို့ကြိုးစားအပြီးမှာတော့ ကုသမှုခံယူဖို့ Frankl ရဲ့ ဆေးခန်းကို ရောက်လာခဲ့ပါတယ်။ မွေးကတည်းက လေဖြတ်ထားတဲ့ သူမရဲ့အခြားကလေးကပဲ သူမရဲ့ ရည်မှန်းချက်တွေပြီးမြောက်အောင် ထိန်းထားတာပါ။ သူက သူ့ဘဝ ရည်မှန်းချက်ရှိတယ်လို့ ယုံကြည်တယ်၊ သူ့အမေက သူတို့နှစ်ဦးကို သတ်ခဲ့ရင် သူ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်တော့မှာ မဟုတ်ဘူး။

သူမက အုပ်စု ဆွေးနွေးပွဲမှာ သူမအကြောင်းကို မျှဝေပါတယ်။ သူမကို ကူညီဖို့ Frankl ဟာ အခြားအမျိုးသမီးတစ်ဦးကို စိတ်ကူးပုံဖော်မှုတစ်ခု လုပ်စေပါတယ်။ ချမ်းသာပေမယ့် သားသမီးမရှိပဲ အိုမင်းပြီး သေဆုံးခါနီး အနေအထားကို စိတ်ကူးပုံဖော်စေတာဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးဆိုရင် သူမဘဝဟာ ကျရှုံးတာပဲလို့ အမျိုးသမီးကဆိုပါတယ်။

မိမိကိုယ်ကိုသေကြောင်းကြံတဲ့ အမျိုးသမီးကို အလားတူ စိတ်ကူးပုံဖော်စေတဲ့အခါမှာတော့ သူမဟာ သူမရဲ့ ကလေးနှစ်ယောက်အတွက် စွမ်းနိုင်သမျှ ဆောင်ရွက်ပေးထားပြီးဖြစ်တယ် ဆိုတာ သူမ သိလိုက်ရပါတယ်။ လေဖြတ်နေတဲ့ ကလေး အတွက်ဆိုရင်လည်း ကောင်းမွန်တဲ့ ဘဝကို ဖန်တီးပေးထားပြီမို့ ဒီကလေးဟာ ကြင်နာသနားတတ်ပြီး အတော်အသင့် ပျော်ရွင်တဲ့ ကလေးတစ်ယောက် ဖြစ်နေပါပြီ။ 'သူမဘဝပြန်ကြည့်တဲ့အခါ ငြိမ်းချမ်းနေတယ်လို့ မြင်ကြောင်း၊ သူမဟာ အကောင်းဆုံး အားထုတ်ခဲ့ ပြီးပြီ၊ သူမကလေးအတွက်လဲ အကောင်းဆုံး စွမ်းဆောင်ပြီးပြီဖြစ်တဲ့အပြင် ဘဝကိုလည်း အပြည့်အဝ နေထိုင်ပြီးပြီတာကြောင့် ဘဝအဓိပ္ပါယ် ပြည့်ဝနေပြီဖြစ်တာမို့ ကျရှုံးမှု တစ်ခု မဟုတ်ဘူး' လို့ သူမက ငိုပြီးပြောပါတယ်။

ဒီလိုနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားခဲ့တဲ့ မိခင်ဟာ သေခါနီးအချိန် နဲ့ သူ့ဘဝနောက်ကြောင်းကို ပြန်ကြည့်လိုက်ပြီးတဲ့အခါမှာတော့ သူမရဲ့ဘဝဟာ အဓိပ္ပါယ်ရှိနှင့်နေပြီဖြစ်တယ် ဆိုတာ သူမကိုယ်တိုင် သိနိုင်ကောင်းမှ သိပါလိမ့်မယ်။

(image source: https://impactivated.com/2019/05/19/impact-and-life-purpose-with-ikigai/)

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
27nd Oct 2024
Myanmar



0
0
0.000
10 comments