အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၁၀)

အားလုံး မင်္ဂလာပါ။

သင့်အတွက် တိုက်ခိုက်ပါ

မိမိဘဝ ရည်မှန်းချက်ပျောက်ဆုံးချိန် သို့မဟုတ် ရည်မှန်းချက် ပျက်စီးသွားချိန်မှာ Existential frustration 'ရည်ရွယ်ချက်မဲ့ အလိုမကျခြင်း' မျိုးခံစားရတတ်ပါတယ်။ Frankl ရဲ့ အမြင်မှာတော့ ဒီလို အလိုမကျဖြစ်ခြင်းဟာ စိတ်ရောဂါ လက္ခဏာ မဟုတ်သလို၊ မူမမှန်တာမျိုးလဲ မဟုတ်ပါပဲ သူက အဲဒါကို အပြောင်းအလဲ ကို ဖြစ်စေမယ့် အကူပစ္စည်း အဖြစ်မြင်တယ်လို့ဆိုပါတယ်။

Logotherapy ဟာ အခြာကုထုံးတွေလို ဒီ Existential frustrationကို စိတ်ရောဂါတစ်ခုအနေနဲ့ မမြင်ပဲ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တစ်ခုအနေနဲ့သာ ရှုမြင်ပြီး ကုသမှုခံယူဖို့ တွန်းပို့ပေးနိုင်တဲ့ သဘာဝရဲ့ ဖြစ်စဥ်တစ်ခုအနေနဲ့သာမြင်ပါတယ်။ ဒါကို ကုသလိုက်ရင်ဖြင့်ဘဝမှာ ပိုမို ပျော်ရွင်ကျေနပ်လာမှာဖြစ်တဲ့အပြင် ကံကြမ္မာကိုလဲ ပြောင်းဖို့ ကူညီပေးမှာ လည်းဖြစ်တယ်လို့ဆိုပါတယ်။

Logotherapy က ဘဝရည်မှန်းချက်ကို တွေ့ရှိအောင် လမ်းပြပေးမှာဖြစ်ပြီး ပဋိပက္ခတွေကို လဲ ကျော်လွားစေခြင်းအားဖြင့် ရည်မှန်းချက်ဆီရောက်အောင် ဆောင်ကျဥ်းပေးမှာဖြစ်ပါတယ်။

Frankl က ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေအရ ပြောထားတာက ကျွန်တော်တို့ရဲ့ ကျန်းမာရေ:ဆိုတာဟာ အတိတ်က ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အရာနဲ့ အနာဂါတ်မှာ ပြီးစီးအောင်လုပ်ဆောင်ရမယ့်အရာတို့ကို နိုင်းယှဥ်တာကနေဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုပေါ်မှာ မူတည်နေတယ်လို့ ယုံကြည်ကြောင်းဆိုထားပါတယ်။ ကျွန်တော်တို့ လိုအပ်တာက စိတ်အေးချမ်းနေတာမျိုးမဟုတ်ဘူး၊ ရှင်သန်နေပြီး ကျွမ်းကျင်မှု ကို အဆုံးစွန်ဆုံးအသုံးချ ဖြေရှင်းနေရမယ့် စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Existential crisis 'ဖြစ်တည်မှု ပဋိပက္ခ' ဆိုတာက ယနေ့ခေါတ် လူ့အဖွဲ့အစည်းတွေမှာ အများစုကြုံတွေ့ရတဲ့အရာဖြစ်ပါတယ်။ လူတွေဟာ ကိုယ်လုပ်ချင်တဲ့အရာကိုလုပ်ကိုင်နေတာမျိုးမဟုတ်ပဲ သူများခိုင်းစေတဲ့အရာ ဒါမှမဟုတ် အခြားသူလုပ်တာကို လိုက်လုပ်နေတာကို Existential crisisလို့ ခေါ်တာပါ။ တစ်ခါတစ်လေ သူဟာ သူတို့ဆီက လူတွေ မျှော်လင့်တဲ့အရာနဲ့ သူတို့လုပ်ချင်တဲ့အရာတွေ ကြားမှာရှိတဲ့ကွက်လပ်ကို ဖြည့်စည်းဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုသတ်သေဖို့ အထိဖြစ်တတ်ကြတယ်လို့ဆိုပါတယ်။

Sunday neurosis 'အားလပ်ရက် စိတ်ဝေဒနာ' ဆိုတာ ကိုယ့်ဆီမှာ တာဝန်ဝတ္တရားတွေ မရှိတော့တဲ့အခါ ဒါမမဟုတ် ကတိကဝတ်တွေ မရှိတော့တဲ့အခါမှာ စိတ်ထဲက ဟာတာတာ ခံစားရတာမျိုးပါ။ ဒီလို ကြုံတွေ့ရသူဟာ ဒါကို ဖြေရှင်းဖို့ အဖြေရှာရမှာဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်၊ မနက် သူအိပ်ယာက နိုးထရတဲ့ အကြောင်းအရင်း တစ်နည်းပြောရရင် သူ့ရဲ့ အီခီဂိုင် 'ရှင်သန်ခြင်းရဲ့ အကြောင်းအရင်း' ကို ရှာဖွေရမှာဖြစ်ပါတယ်။

Logotherapy အဆိုအရ ဘဝရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ဖြစ်တည်မှုကွက်လပ် 'extistential void' ကို ဖြည့်တာပဲဖြစ်တယ်လို့ဆိုပါတယ်။

နောက်တစ်ပိုစ့်မှာတော့ ဘဝအဓိပ္ပါယ်ရှာဖွေခြင်းအကြောင်းတွေကို ဘဝဖြစ်ရပ်တစ်ခုစီနဲ့ လေ့လာသွားမှာဖြစ်ပါတယ်။

image source: https://www.coachmentoring.co.uk/blog/2020/01/ikigai-adds-purpose-to-dental-hygienist-and-dental-therapists/

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
18th Oct 2024
Myanmar



0
0
0.000
5 comments