ဘယ်လိုစာတွေ ရေးမှာလဲ

avatar

အခုနောက်ပိုင်းမှာ Facebookထက်စာရင်
Ecencyကိုပဲ ပိုကြည့်ဖြစ်နေတယ်ဗျ
Facebookမှာက တစ်ခုခုပေါက်ကွဲချင်ရင်တောင်မှ
ငါ့အကောင့်ထဲမှာ ဘယ်သူတွေရှိလို့
မတင်သင့်ဘူးထင်တယ်ဆိုပြီး ဖျက်ခဲ့ရပေါင်းများတာကို
လူတိုင်းလိုလို ကြုံဖူးကြမယ်လို့ ထင်ပါတယ်၊
ကျနော်လဲကြုံခဲ့ဖူးပါတယ်
အခုမှ အဲအကြောင်းကို စဉ်းစားမိပြီးတော့
အတွေးတစ်ခုဝင်လာတာကတော့
တစ်ခုခုစိတ်တိုတာမျိုးဆိုရင် Facebookထက်စာရင်
Ecencyထဲမှာပဲ ငါသွားရေးတော့မယ်ကွာ
အဲမှာ တင်တာကမှ စိတ်လဲပြေ ပိုက်ဆံလဲဝင်တယ်ဆိုပြီး
အဲလိုအတွေးက ခေါင်းထဲရောက်လာတော့
ကျနော် အခုစာကို ရေးဖြစ်တာဗျ
စာရေးတာကို ဝါသနာပါတယ်ဆိုပေမဲ့လည်း
စာကို တစ်စိုက်မတ်မတ်ရေးဖြစ်တာမျိုးတော့ မရှိနေဘူး၊
ရှေ့ဆက်ပြီးတော့ Hiveမှာ စာတွေအများကြီးရေးမယ်လို့တော့
စိတ်ကူးထားပါတယ် ဘယ်လိုစာပေကို ရွေးချယ်ပြီးရေးမလဲ
ဘယ်အကြောင်းရာတွေကို ရေးရမလဲဆိုတာတော့
မစဉ်းစားမိသေးပါဘူးဗျ၊
ဟိုဟိုဒီဒီ လျှောက်ရေးတင်လို့က မရဘူးလားဆိုတော့
ရပါတယ်ပေါ့၊ ရပါတယ်ဆိုပေမဲ့လည်းဗျာ ကျနော်ကတော့
ကိုယ်စိတ်ဝင်စားပြီး ကျွမ်းကျင်တဲ့အပိုင်းလေးတွေကိုပဲ
အများဆုံးရေးချင်တာဆိုတော့ အချိန်တစ်ခုတော့ ယူရဦးမယ်လို့ ထင်ပါတယ်၊
အဲကြောင့်မို့ ဘယ်လိုစာတွေ ရေးမှာလဲဆိုတဲ့ မေးခွန်းနဲ့ပဲ
ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်ဖြစ်ခဲ့ပါတယ်၊



0
0
0.000
2 comments
avatar

ကျွန်တော်လဲမေးချင်နေတာ ဘာမေးရမှန်းမသိဘူးဖြစ်နေတယ်😆😂

0
0
0.000
avatar

မေးချင်တာသာ မေးချလိုက်တော့

0
0
0.000