AIနှင့် လူသားတို့၏ အလုပ်ကိုင်အခွင့်လမ်း
AIရဲ့ အလိုအလျောက်လုပ်ဆောင်မှုတွေဟာ ကဏ္ဍအသီးသီးမှာ ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်သလိုပဲ
လုပ်ငန်းစဉ်များကိုလဲ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ပြီးတော့
ကုန်ကျစရိတ်မြင့်မားမှုတွေကိုလဲ လျော့ချပေးနိုင်ပါတယ်၊
အဲဒိအတွက် လုပ်ငန်းရှင်တွေရဲ့ စီးပွါးရေးတိုးတက်မှုမှာ အပေါင်းလက္ခဏာဆောင်ပေမဲ့လည်း
ဝန်ထမ်းတွေအတွက်ကျတော့ အလုပ်ကိုင်အခွင့်လမ်းတွေ ဆုံးရှုံးရတာမျိုးတွေ ဖြစ်လာပါတယ်
ကုန်ပစ္စည်းတွေကို ထုပ်ပိုးတဲ့နေရာမှာ AIစနစ်ကို အစားထိုးလိုက်တော့ အဲနေရာမှာ လက်ရှိလုပ်ကိုင်နေတဲ့ ဝန်ထမ်းက အလုပ်ပြုတ်သွားတာမျိုးပေါ့
အထူးသဖြင့် လက်လုပ်လက်စား ကာယလုပ်အားကိုပဲ
အဓိက အားကိုးနေရရှာတဲ့ လက်လုပ်လက်စားသမားများကတော့ သူတို့ရဲ့နေရာမှာ
သူတို့အစား AIကို အစားထိုးလိုက်တော့
အလုပ်ကိုင်နဲ့ပတ်သတ်ပြီးတော့ အခွင့်လမ်းတွေကို ဆုံးရှုံးရနိုင်ပါတယ်၊ အဲလိုကျတော့လဲ AIက မကောင်းဘူးလားဆိုတော့လဲ မဟုတ်ပြန်ဘူးဗျာ
ကျနော်တို့ အကောင်းဘက်ကကြည့်ပြန်ရင်လဲ
AIက အလုပ်ကိုင်အခွင့်လမ်းအသစ်တွေကို ဖန်တီးပေးနေတာတွေ ရှိတယ်ဗျ၊
AIရဲ့ အချိန်နဲ့တစ်ပြေးညီ တိုးတက်လာမှုတွေကနေတစ်ဆင့်
ကျနော်တို့သည် AIဆီကနေပြီးတော့ သင်ယူလေ့လာမှုတွေ လုပ်လို့ရသလိုပဲ
အဲဒီAIစနစ်ကြီးက ပိုမိုကြီးထွားလာလေလေ ပိုမိုပျံနှံ့လာလေလေ
AIနည်းပညာကို ဖန်းတီးနိုင် ထိမ်းသိမ်းနိုင်မဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်လာလေပါပဲ
ကျနော်ကတော့ AIကြောင့် အလုပ်မပြုတ်ချင်ရင်
ခင်ဗျားတို့ AIကို လေ့လာပါလို့ အကြံပြုချင်ပါတယ်၊
အဲလို AIနည်းပညာကို လေ့လာထားမှသာ အလုပ်ကိုင်အခွင့်လမ်းတွေ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာမို့
ကျနော်တို့တွေသည် AIကို ကောင်းမွန်စွာအသုံးချတတ်ပြီးတော့ AIရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်ပါတယ် အဲဒီအတွက် အားလပ်ချိန်မှာ AIကို လေ့လာပါလို့ ထပ်မံပြီးတော့ အကြံပြုချင်ပါတယ်ဗျာ၊
အဲလိုလေ့လာမှပဲ ကျနော့်တို့အတွက် အတွေးခေါ်အသစ်တွေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ပြဿနာတွေကိုဖြေရှင်းတဲ့အခါတွေမှာ တိုးတက်မှုတွေရှိလာမှာပါ၊
ခေတ်မှီတိုးတက်တဲ့ စီးပွါးရေးတစ်ခုဖြစ်လာတာနဲ့အမျှ
တိုးတက်မှုနဲ့ အံဝင်ခွင်ကျဖြစ်နေမဲ့ ဝန်ထမ်းကပဲ ဆက်လက်တည်မြဲမှာပါ အဲကြောင့် သင့်ရဲ့လေ့လာမှုကို ဘယ်တော့မှ မနားလိုက်ပါနဲ့
ဥပမာပြောရမယ်ဆိုရင် စာအုပ်ထဲမှာပဲ စာရင်းတွေချရေးတဲ့ ဆိုင်တစ်ဆိုင်က စာရင်းကိုင်တစ်ယောက်ပေါ့ဗျာ
သူက နေ့တိုင်း ငွေအဝင်အထွက် ပစ္စည်းအဝင်အထွက်တွေကို စာအုပ်ထဲမှာပဲ သူချရေးတယ် တွက်တယ်
အဆင်ပြေနေတယ်
အဲအချိန်မှာ ဆိုင်ရှင်က POS Softwareသုံးမယ်ဆိုပြီး
Computerကြီး ကောင်တာပေါ်တင်ပေးလိုက်တော့
စာအုပ်ထဲမှာပဲ မှတ်နေကျ စာရင်းကိုင်က Computerမသုံးတတ်ဘူးဗျာ အဲကျရင် သူ့နေရာမှာ
Computerအသုံးပြုတတ်တဲ့ စာရင်းကိုင်တစ်ယောက်ကို အစားထိုးရမှာဆိုတော့ သူသည် အလုပ်မပြုတ်ဘူးဆိုရင်တောင်မှ
Computerအသုံးပြုတတ်တဲ့ စာရင်းကိုင်အသစ်ရဲ့အောက်ကို ရောက်သွားမှာပါ
အကယ်၍သာ စာအုပ်ထဲမှာပဲ ရေးမှတ်နေကျဆိုပေမဲ့
သူသည် Computerကို သုံးတတ်မယ်
POS Softwareကိုလဲ သုံးတတ်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးစရာလူရှာစရာလဲ မလိုတော့ဘူးပေါ့ဗျာ
(ဥပမာ ဘယ်လိုပေးရမှန်းမသိလို့သာ အခုလိုရေးလိုက်ရပေမဲ့ စာအုပ်နဲ့ချရေးတဲ့စနစ်ကလဲ ကောင်းမွန်ပါတယ်
တစ်ခါတစ်လေဆိုရင် Computerထဲမှာ မှားနေပြီးတော့
စာအုပ်ထဲမှာ မှန်နေတာမျိုးတွေလဲ ရှိပါတယ်)
နောင်တစ်ချိန်မှာ AIရဲ့ အလိုလျောက်လုပ်ဆောင်တဲ့စနစ်တွေက အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်လာမယ်ဆိုပေမဲ့
ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာတော့ AIကို ခိုင်းစေတတ်တဲ့သူတွေကပဲ နေရာယူသွားပါလိမ့်မယ်၊
အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ လုပ်ငန်းတွေအပေါ်မှာ
AIရဲ့ အကျိုးသက်ရောက်မှုတွေက ဘက်စုံကနေ ရှိနေမှာဆိုတော့
AIမောင်းနှင်တဲ့ စီူပွါးရေးရထားကြီးပေါ်မှာ
ကျနော်တို့ရဲ့ လေ့လာမှု ကျွမ်းကျင်မှုတွေကသာ
ကျနော်တို့ ဆက်လက်ရှင်သန်နိုင်မဲ့ ခွန်အားတွေဖြစ်ပါတယ်
အသွင်ပြောင်းလာတဲ့ လုပ်ငန်းခွင်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက်ကတော့ လူတစ်ဦးချင်စီ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်ဗျ
မျိုးမင်းသူ
(ကျနော်ရေးသားထားတဲ့ထဲမှာ မှားနေတာတွေ
လိုအပ်ချက်တွေ တွေ့ခဲ့ရင် ဝေဖန်ထောက်ပြပေးပါလို့ တောင်းဆိုပါရစေဗျ)
Great
!Pizza
!lol
lolztoken.com
ERROR: Joke failed.
@mgmyominthu, You need more $LOLZ to use this command. The minimum requirement is 0.0 LOLZ.
You can get more $LOLZ on HE.