Mushroom Season , Mushroom Curry
ဒီနေ့ ရာသီဥတု ကြည်လင်သာယာလှပနေသည်။ သွားလာနေကြသည့် လမ်းပေါ်ရှိ ဆိုင်ကယ်နှင့် စက်ဘီး အများစု အပေါ်တွင် မှိုများ ပါလာသည်ကို သတိထားမိခဲ့သည်။
မှိုများ စပေါ်ချိန်တွင် တစ်ပိဿာလျှင်( ၃၀၀၀၀ )ကျပ် ဈေးအထိရှိခဲ့သည်။ ယခုအခါ မှိုများ ပေါများချိန် ဖြစ်နေသဖြင့် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် မှ (၂၀၀၀၀)ကျပ်ထိ ကျဆင်းလာခဲ့သည်။
ဒီနေ့ မှိုတစ်ပိဿာ (၂၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် (၁၀)ကျပ်သား ဝယ်ယူ၍ ပဲပင်ပေါက် များနှင့်ရောပြီး အဆိပ်အတောက် ပြေစေရန် ငရုတ်သီးများထည့်ကာ ချက်စားဖြစ်ခဲ့သည်။
မှိုများ အများသူငှာ ရရှိချိန် မှိုထွက်ရှာရန် စိတ်ကူးမိခဲ့ပါသည်။ သို့သော် မှိုကျင်းရှိသည့် နေရာ မသိသည့်အတွက် ထွက်မရှာဖြစ်ခဲ့ပါ။သို့သော် စားရကံကောင်း မုတ်ဆိတ်ပျားဆွဲ ဆိုရိုးရှိသည့်အတိုင် မိတ်ဆွေတစ်ဦးမှ အိမ်အနီးရှိ ခြုံအတွင်း မှိုများရရှိခဲ့သဖြင့် ချက်စားရန် လာပေးသောကြောင့် မှိုများအား ညနေစာ ချက်စားရန် နွေးပေးထားခဲ့ပါသည်။
ထိုနောက် အိမ်ရှင်တို့ရှိလား ဟုအော်ခေါ်သံ ကြားရသည့်အတွက် အပြင်သို့ ထွက်ကြည့်စဉ် မိတ်ဆွေနောက်ထပ် တစ်ဦးမှ မှိုများ ချက်စားရန် လာပေးပါသည်။ ၎င်း မှိုများအား ရေစင်အောင်ဆေးပြီး အခက်လေးများဖဲ့၍ ပွင့်ဖတ်တခြား ရိုးတံတခြား အခြောက်လှမ်း ထားရန် စိတ်ကူးရမိခဲ့ပါသည်။ စိတ်ကူးမိသည့်အတိုင်း နေပူလှမ်းခဲ့ပါသည်။ မှိုခြောက်များ ရရှိပါက ရှားသွားသည့် အချိန်တွင် ရေနွေးဖြင့် ဖျောပြီးချက် စားဖို့ စိတ်ကူးကြောင့်ဖြစ်သည်။
ဒီနေ့သည် ပျော်စရာနေ့များထဲမှ ပို၍ အမှတ်ရနေမည့် နေ့လေးဆိုလျှင် ပိုမှန်ပါသည်။
မှိုဟင်း ကြိုက်တယ် စားချင်လိုက်တာ။
!HUG
!LOLZ
lolztoken.com
You need someone to fix their air conditioner.
Credit: reddit
@myintmo.shweyi, I sent you an $LOLZ on behalf of lwinlwinmyint
(1/1)
လာစားပါ
ဟာ မှိုရတဲ့ မျက်နှာတွေပေါ့ 😆။
!LOLZ
!MEME
lolztoken.com
That’s a bit of a stretch.
Credit: reddit
@myintmo.shweyi, I sent you an $LOLZ on behalf of htwegyi
(2/8)
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ပါ့
Yummy, !PIZZA
$PIZZA slices delivered:
@phyowinkoko7(5/10) tipped @myintmo.shweyi
Come get MOONed!