လပြည့်နေ့အလှူ၊ သမီး နှင့် စားဖွယ်များ

မင်္ဂလာပါ။

မနေ့က ဝါခေါင်လပြည့်နေ့မှာ အလှူတခု ပြုခဲ့ကြပါတယ်။
ယခုအခါ ကျွန်တော်တို့မိသားစုသည် မွေးရပ်ရွာ မိဘရပ်ထံ ပြန်လည်ကာ နေထိုင်နေကြပါတယ်။
မနေ့က ဝါခေါင်လပြည့်နေ့မှာတော့ သမီး အဖိုးလေးတော်သော ဘုန်းကြီး ကျောင်းထိုင်သော ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ အလှူဒါန ပြုခဲ့ကြပါတယ်။
ဒီပုံကတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ အမှတ်တရဓာတ်ပုံရိုက်ယူပေးထားသော သမီး၏ ပုံ ဖြစ်ပါသည်။

ဝါခေါင်လပြည့်နေ့ အလှူအဖြစ် ကာလဒါန ဝါဆို သင်္ဃန်းကပ်လှူခြင်း၊ သံဃာတော်များအား ဝတ္ထုငွေ ကပ်လှူခြင်း နှင့် တရားနာလာကြသော ဥပုသ်သည်များအား အာဟာရဒါန ဆန်ပြုတ် လှူဒါန်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ပါသည်။
ကျွန်တော်တို့မိသားစု ပြုပြုသမျှ ကုသိုလ်အဝဝကို မိတ်ဆွေများအား အမျှပေးဝေပါ၏။ သာဓုခေါ်ဆိုနိုင်ကြပါစေ။

ဓာတ်ပုံတွေကတော့ တရားနာ အပြီး ဘုန်းကြီးကျောင်းမှ လှူဖွယ်မုန့်မျိုးစုံကို မိသားစု ဝိုင်းဖွဲ့ကာ စားနေကြချိန် အမှတ်တရဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်ပါသည်။
စားဖွယ်များမှာ စမူဆာ၊ မုန့်ဖက်ထုပ်၊ ဟင်းညွန့်နားဋောင်းသုပ်၊ တို့ဟူးဟင်းရွက်သုပ်၊ ရွှေထမင်းကောက်ညင်း၊ အထက်မီးအောက်မီးမုန့်၊ ပိန်းဥ နှင့် ဒညင်းသီး ဖြစ်ကြပါသည်။
စားဖွယ်တွေ မြင်ရပြီး စားချင်နေကြပြီလား။
စားကြပါဦးနော်။



41
0
12.352 POB

6 comments

Congratulations @myintmo.shweyi! You received a personal badge!

You powered-up at least 10 HIVE on Hive Power Up Day!
Wait until the end of Power Up Day to find out the size of your Power-Bee.
May the Hive Power be with you!

You can view your badges on your board and compare yourself to others in the Ranking

Check out our last posts:

Hive Power Up Month Challenge - August 2024 Winners List
Be ready for the September edition of the Hive Power Up Month!
Hive Power Up Day - September 1st 2024
0
0
0.000 POB