မျှော်လင့်မိသော အမှား / The expected mistake

ဒီရက်ပိုင်းတွင် Cryptos စျေးများ ရုတ်တရက် အဆမတန် ကျဆင်းနေခဲ့သည်။ ကျွန်တော်နိုင်ငံရေးသတင်းတွေနဲ့ စပ်ဆက်ပြီး တွေးကြည့်မိတော့ Cryptos စျေးကျနေတာဟာ ထရန့်က အီရန်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့်လို့ ထင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အထင်ဖြစ်တာကြောင့် မသေချာ။ ထို့ကြောင့် ယူကျူ့မှာ ခရစ်တိုအကြောင်း တင်လေ့ရှိတဲ့ ချန်နယ်မှာ ဘာကြောင့် စျေးကျသလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာဖွေမိခဲ့တယ်။ သို့သော် ထိုချန်နယ်မှာလည်း ဘာမှထွေထူးတင်ထားခြင်းမရှိပါ။ ဒါနဲ့ ကျွန်တော်လည်း လက်လျော့လိုက်တယ်။ ဟုတ်တယ်လေ ခရစ်တို စျေးဘယ်လောက်ပဲ ကျပါစေဉီး ကျွန်တော့်မှာ Hive ကလွဲ၍ ဘာခရစ်တိုမှ မရှိနေပါ။

image.png
Image Credit

ဒီလိုနှင့် ညနေ ဘီယာလေးနဲ့ ထွေရင်း သတင်းနားထောင်နေခဲ့သည်။ DVB မှ သတင်းတစ်ခုတက်လာသည်။ လက်တလောတွင် တောင်ကိုရီးယားရဲ့ တတိယ အကြီးဆုံး Exchange ဖြစ်တဲ့ Bithumb မှ BCT 2000 ကို အကောင့် 695 ဆီသို့ မှားယွင် လွဲမှားပေးပို့မိခဲ့ကြောင်း။ ထို့ကြောင့် BTC ရောင်းဝယ်မှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုအချိန်မှာ လွဲမှား ပို့ခဲ့တဲ့ Amount ရဲ့ 99.7% ကိုပြန်လည် ရရှိပြီဟု သိရတယ်။ ဒါနဲ့ မဆီမဆိုင် ကျွန်တော်လည်း မိမိရဲ့ exchange အကောင့်ကို ဖွင့်ကြည့်မိတယ်။ BTC များမှားရောက်လာလေမလားပေါ့။ 1 BTC ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက အခြေခံ လူတန်းစားတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်တယ် မဟုတ်လား? "မတော်လေဘ" ဟုပဲဆိုဆို ပုထုစဉ်လူသားတစ်ယောက် ဖြစ်သည့်အလျှောက် ကျွန်တော်သည် ထိုအမှားကောင်းကြီးကို မျှော်လင့်မိသည်ကတော့ အမှန်ပင်။

image.png
Iamge Credit

#ကိုကိုမိုးဟိန်း
@myanmarkoko


The expected mistake

Cryptos prices have suddenly dropped dramatically these days. I thought about the political news and thought that the crypto prices were falling because Trump was planning to attack Iran. This was just my opinion, so I was not sure. So I searched for the reason why the price was falling on a YouTube channel that usually posts about crypto. However, there was nothing special on that channel either. So I gave up. Yes, no matter how much crypto prices fall, I dont have any crypto except Hive.

image.png
Image Credit

I was listening to the news while having a beer in the evening. A news came from DVB. Recently, South Koreas third largest exchange, Bithumb, mistakenly sent 2000 BCT to account 695. As a result, a lot of BTC trading occurred. It is reported that 99.7% of the amount that was mistakenly sent has been recovered. So, I opened my exchange account without any hesitation. Maybe the BTC arrived by mistake. 1 BTC can change the life of a grassroots person in Myanmar, right? "Oh my god," as a humble human being, I was really hoping for that big mistake.

image.png
Iamge Credit

Translated from Myanmar to English with google translate>>>

Thanks for Reading

#KoKoMoeHein
@myanmarkoko




0
0
0.000
5 comments
avatar

အေး တို့အဖွဲ့သားတွေထဲက တယောက်တလေများ
ရောက်လေမလားပေါ့။
!LOLZ
!MEME

0
0
0.000
avatar

ရောက်လာလို့ကတော့ ကျွန်တော်တို့ အဖွဲ့သားတွေအတူ တွေ့ဆုံပွဲလေး ကျင်းပ ပစ်မယ် 😅

!PIZZA

0
0
0.000
avatar

ရောက်လာလည်း ပြန်တောင်းပါတယ်ဆို...
အခြားပြောင်း cash ပြောင်း ရှောင်ပုန်းလုပ်ရမယ် ထင်တယ်။
!LOLZ
!MEME

0
0
0.000
avatar

အင်း တကယ်တော့ Bithumb acc လည်းမရှိဘူးရယ် 😅

!PIZZA

0
0
0.000