Pyin Oo Lwin, Flower Festival / ပြင်ဉီးလွင် ပန်းပွဲတော်

Pyin Oo Lwin Flower Festival

The Flower Festival is being held in Pyin Oo Lwin. I used to think that the whole city would be decorated with flowers when it was called a flower festival. It was only when I went there that I realized that it was not like that. The flowers are only displayed at the National Garden in Pyin Oo Lwin. We humans are very interested in unusual things, arent we? The title of the flower festival doesnt really fit. I think the National Garden Flower Festival would be more appropriate. The word festival is very grand, isnt it? If we use the word flower festival like that, every street and every house in the city will be decorated with various flowers. Everyone should participate in this flower festival. People will give flowers to each other as gifts. Only then will the name of the flower festival fit.

IMG_20251218_105824.jpg

IMG_20251218_111451.jpg

ပြင်ဉီးလွင် ပန်းပွဲတော်

ပန်းပွဲတော်ကို ပြင်ဉီးလွင်မြို့တွင် ကျင်းပလျှက်ရှိသည်။ ယခင်က ပန်းပွဲတော်ဆို၍ တစ်မြို့လုံး ပန်းတွေဖြင့် ဝေဆာနေအောင် အလှဆင်၍ထားလိမ့်မည်ဟု ကျွန်တော်ထင်ခဲ့ဖူးသည်။ နောက်ပိုင်းကိုယ်တိုင် သွားသည့်အခါမှသာ ထိုသို့မဟုတ်မှန်းသိခဲ့ရသည်။ ပြင်ဉီးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဉယျာဉ်တွင်သာ ပန်းများကို အလှဆင်ကာ ခင်းကျင်းပြသထားခြင်းဖြစ်သည်။ ကျွန်တော်တို့ လူဆိုသည်မှာ အထူးအဆန်းဆို အရမ်းစိတ်ဝင်တစားရှိကြသည်မဟုတ်လား? တကယ်ဆို ပန်းပွဲတော်ဆိုသော ခေါင်းစဉ်သည် မလိုက်ဖက်ပါ။ "အမျိုးသားကန်တော်ကြီး ပန်းပြပွဲ" ဆိုလျှင်ပို၍လိုက်ဖက်မည်ဟု ကျွန်တော်ထင်ပါသည်။ ပွဲတော်ဆိုသော စကားလုံးသည် အရမ်းခမ်းနားထယ်ဝါလှသည် မဟုတ်ပါလား? ထိုသို့ ပန်းပွဲတော်ဆိုသော စကားကို သုံးနှုန်းလျှင် တမြို့လုံး လမ်းတိုင်းနှင့် အိမ်တိုင်းမှာ ပန်းမျိုးစုံကို အလှဆင် ဖန်တီးမှုတွေ ပြုလုပ်ရမည်။ လူတိုင်းက ဒီပန်းပွဲတော်ကြီးမှာ ပါဝင်ဆင်နွဲသင့်သည်။ လူသားအချင်းချင်း ပန်းတွေကို လက်ဆောင် အဖြစ် ပေးကြမည်။ ထိုမှသာ ပန်းပွဲတော် ဆိုသော နာမည်နှင့် လိုက်ဖက်မည်ဟု ကျွန်တော်ထင်ပါသည်။

I know its not very unusual, but I visited this flower festival four days ago. In the past, there were many types of flowers decorated with various designs. Now, there are only a few flowers and a few designs. The most popular design is sunflowers. People like big flowers. The second most popular design is the car-decorated design. Many people take beautiful photos at these two places. The flower festival will be held from December 15 to January 15. The entrance fee is 6,000 MMK. I would recommend that people from nearby cities come and visit if they want to. However, I dont think people from very far away cities and villages should come. Because the travel expenses and the happiness you will experience are not the same. If you are from a faraway place, I recommend that you just enjoy the flower pictures I shared.

အရမ်းကြီး အထူးအဆန်းကြီးမဟုတ်မှန်း သိပေမဲ့ ဒီပန်းပွဲတော်ကို လွန်ခဲ့သော လေးရက်က ကျွန်တော်သွားရောက်ခဲ့လည်ပက်ခဲ့ပါသည်။ ယခင်ကဆိုလျှင် ပန်းအမျိုးအစားများ စုံလျှင်စွာကို ဒီဇိုင်းအမျိုးမျိုးဖြင့် အလှဆင်ကာ ခင်းကျင်းပြသထားသည်။ ယခုတော့ ပန်းအနည်းငယ်နှင့် ဒီဇိုင်းအနည်းငယ်ကိုသာ တွေ့ခဲ့ရသည်။ အထူးသဖြင့် လူအများ စိတ်ဝင်စားကြသော ဒီဇိုင်းမှာ နေကြာပန်းများဖြစ်သည်။ လူတွေက အပွင့်ကြီးတဲ့ ပန်းတွေကို နှစ်သက်ကြသည်။ ဒုတိယအနေဖြင့် လူတွေစိတ်ဝင်စားကြသော ပန်းဒီဇိုင်းမှာ ကားဖြင့် အလှဖော်ထားသော ဒီဇိုင်းဖြစ်သည်။ ထိုနေရာ နှစ်ခုမှာ လူများစွာ အလှဓာတ်ပုံမှား ရိုက်ယူနေကြသည်။ ဒီပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ ကျင်းပမည်ဟု သိရသည်။ ဝင်ကျေးကတော့ ၆၀၀၀ MMK ဖြစ်သည်။ ကျွန်တော် အကြံပေးချင်တာကတော့ အနီးနားမြို့က လူတွေက လာလည်ချင်က လာလည်နိုင်သည်။ သို့သော် အရမ်းဝေးသော မြို့ရွာဒေသမှ လူတွေကတော့ လာလည်ဖို့ မသင့်ဘူးဟု ကျွန်တော်ထင်ပါသည်။ ဘာလို့လဲဆိုတော့ ကျသင့်မဲ့ ခရီးသွားစရိတ်နဲ့ ပြန်ခံစားရမဲ့ ပျော်ရွှင်မှုက ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ သင်ကရပ်ဝေးဒေသကဆိုလျှင် ကျွန်တော် မျှဝေပေးသော ပန်းပုံတွေကို ကြည့်ပြီး ခံစားရရုံနဲ့ပဲ ကျေနပ်လိုက်ဖို့ အကြံပေးလိုက်ပါသည်။

IMG_20251218_101239.jpg

IMG_20251218_101252.jpg

IMG_20251218_101354.jpg

IMG_20251218_101718.jpg

IMG_20251218_111610.jpg

IMG_20251218_101525.jpg

IMG_20251218_101356.jpg

IMG_20251218_101736.jpg

IMG_20251218_111620.jpg

IMG_20251218_111513.jpg

IMG_20251218_111358.jpg

IMG_20251218_101617.jpg

IMG_20251218_111815.jpg

IMG_20251218_111824.jpg

IMG_20251218_111600.jpg



Thanks for Reading

#KoKoMoeHein
@myanmarkoko




0
0
0.000
6 comments
avatar

ပန်းလေးတွေလှလိုက်တာ။ အဝေးကမို့ ပုံတွေပဲ ကြည့်လိုက်တော့မယ်။
!PGM

0
0
0.000
avatar

ပန်းလေးတွေကတော့ လှတယ်ဗျို့။ ဟုတ်

!PIZZA

!sbi status

0
0
0.000
avatar

Hi @myanmarkoko!

  • you have 18 units and 0 bonus units
  • your rshares balance is 386609601117 or 0.045 $
  • you need to wait until your upvote value (current value: 0.015 $) is above 0.021 $



    Have you seen our website?
    It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
0
0
0.000
avatar

ဝင်ကြေး ခြောက်ထောင် တော်ပြီ။
မုန့်စားမယ်။ နှစ်စဉ်နှစ်တိုင်း ရောက်ဖြစ်ခဲ့တယ်။
အဲ့တုန်းက ဝင်ကြေး တစ်ထောင်၊ နှစ်ထောင်နဲ့
သုံးထောင်အများဆုံး ပေးခဲ့ဖူးတယ်။
!LOLZ
!MEME

0
0
0.000
avatar

ဝင်ကြေးကတော့များတယ်ဗျ။
အဲ့တာကြောင့် လူတွေက BE waterfall ကိုပဲသွားကြတော့တယ်။ အဲ့မှာက ပိုပြီးစုံလင်တယ်။

!PIZZA

0
0
0.000